ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည်
စူးစမ်းလေ့လာ သွားချင်စရာ (၁၃)
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ဓါးသွေးကျောက်ကမ်းခြေ |
Recreation and Knowledge for both fiction and non-fiction (အပန်းလည်းဖြေ အသိကြွယ်စေ၊ ရသလည်းရ များသုတ)
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ကျောက်ကလပ်ကမ်းခြေ |
![]() |
| ဓါးသွေးကျောက်ကမ်းခြေ |
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
တိုင်းဧရာ၏ လှိုင်းခုန်ပွဲတော်ဆီသို့
စူးစမ်းလေ့လာ သွားချင်စရာ (၁၂)
ဧရာ၀တီတိုင်းဒေသကြီး ငပုတောမြို့နယ် သက္ကယ်သောင် ကျေးရွာရှိ သောင်ပြင်တွင် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ ရောက်တိုင်း လှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် အစဉ်အလာတစ်ခုရှိပါသည်။ အနီးအနား ပတ်ဝန်းကျင် ကျေးရွာများ အပြင် အခြားမြို့များမှ ဧည်သည်များလည်း လာရောက်ကြပြီး ပွဲတော်ကို ဆင်နွဲ ကြပါသည်။
လှိုင်းခုန်ပွဲ မကျင်းပမီတစ်ရက်အလို ဝါဆိုလပြည့်နေ့တွင် ကြိုတင်လာရောက်ကြပြီး အပန်းဖြေ အနားယူကာ ချက်ပြုတ်စားသောက်ကြပြီးနောက် ရွာရှိနေအိမ်အချို့တွင် တစ်ညအိပ်တည်းခိုကာ နောက်တစ်နေ့ မနက်တွင် လှိုင်းခုန်ပွဲတော်ကို ပါဝင်ဆင်နွှဲ ကြကြောင်းသိရပါသည်။
လှိုင်းခုန်ပွဲတော်ကို ကျင်းပပြီးနောက် ညနေပိုင်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဝါဆိုပန်းဆက်ကပ် လှူဒါန်းရန်အတွက် သက္ကယ်သောင်ရွာထဲတွင် ပန်းလှည့်ပွဲတော်ကို ကျင်းပကြပြီးနောက် စေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုပန်း ဆက်ကပ်လှူဒါန်းသည့် ဓလေ့ရှိကြောင်းလည်း သိရပါသည်။
ယခုအခါ သက္ကယ်သောင်ကျေးရွာ အပြင် ဟိုင်းကြီးကျွန်းကမ်းခြေ၊ မော်တင်စွန်းကမ်းခြေ များတွင်ပါ ဝါဆိုလှိုင်ခုန်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပလျက် ရှိနေပြီဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကပင် ကျင်ပလာခဲ့သည့် ဝါဆိုလှိုင်ခုန်ပွဲတော်သည် ဝါဆိုပန်းခူး ဓလေ့မှ ဆင်းသက်လာခြင်းဖြစ်မည်ဟု သက္ကယ်သောင် ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး ပြောဆိုတာကိုလည်း ကြားဖူးပါသည်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း သစ်ပင်ပန်းပင်တို့ စိမ်းလန်းစိုပြေ၍ အပွင့်လှိုင်လှိုင် ပွင့်ကြသော အခါသမယလည်း ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့မနက်တွင် မြစ်ချောင်း၊ ပင်လယ်ကမ်းစပ်တွင် အလေ့ကျ ပေါက်ရောက်နေသော တောပန်းများနှင့် ဘုရားပန်းကပ်လိုသည့် ပန်းများကို ကျေရွာသူ ရွာသားများမှ လိုက်လံခူးယူပြီး ညနေတွင် မြတ်စွာဘုရားရှင်အား ကပ်လှူသော အစဉ်အလာပင်ဖြစ်ပါသည်။ ဝါဆိုပန်းခူး ဓလေ့ သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနှင့် မစိမ်းသော ဓလေဖြစ်ကြောင်း ဝါဆိုပန်းကဗျာ၊ ဝါဆိုပန်းခူးကဗျာ၊ ဝါဆိုပုံပြင် စသည့် တို့က ဖော်ပြနေပေသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် သက္ကယ်သောင်ကျေးရွာ၌ အစဉ်အလာအတိုင်း ဝါဆိုလှိုင်းခုန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိသည်ကိုလည်း ကြားသိနေရပါသည်။ ဝါဆိုလှိုင်းခုန်ပွဲ လာရောက်ဆင်နွဲရင်း မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းအလှတရာများဖြစ်သော ကျောက်ကလပ်ကမ်းခြေသို့လည်း သွားရောက်လည်ပတ်သင့်ပါသည်။ ထို့ပြင် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်အားလည်း ဝင်ရောက် ဖူးမြော်နိုင်ပါသဖြင့် လှိုင်းခုန်ပွဲတော်အား လာရောက်ကြပါရန် ဤဆောင်းပါးဖြင့်ဖိတ်ကြားအပ်ပါသည်။
ပုသိမ် - မော်တင်စွန်း လမ်း review ကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mawtinsoonhotel/posts/494902708685426
မေတ္တာဖြင့်
အောင်သူ (စူးစမ်းလေ့လာ သွားချင်စရာ)
စျေးနှုန်စုံစမ်းချင်တယ်ဆိုရင်
☎09 453440128
☎09 691673434
ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://attractiveforexpeditionarytrips.blogspot.com/
https://www.newautumntours.com
https://www.papawadyresort.com/
Photo Credit : new eleven.com, ဧရာ၀တီတိုင်းဒေသကြီး ပြန်/ဆက်၊ U Aung Thu🌼“ဝါဆို,လ၊
ဝါဆိုပန်း,နှင့် တောဓလေ့ သိမှတ်စရာများ။

This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
မြတ်မော်တင်စွန်း ဘုရားပွဲလာ ဘုရားဖူးများအတွက် ခရီးသွား အကြံပြုချက်
စူးစမ်းလေ့လာ သွားချင်စရာ (၁၁)
မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလအတွင်း အစဉ်အလာ တစ်ခုအနေဖြင့် ကျင်းပလာသည်မှာ ရှေးနှစ်ပေါင်း များစွာကပင် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တပေါင်း လဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့ အထိ ကျင်းပပြီး ဒီနှစ် အင်္ဂလိပ်ပြက္ခဒိန်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါသည်။
https://www.facebook.com/mawtinsoonhotel/posts/135069704668730?__tn__=K-R
အလောင်းစည်သူမင်း၏ ကောင်းမှုဖြစ်သော ဖောင်တော်ဦးစေတီတော်
မြတ်မော်တင်စွန်း စေတီတော်သည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက် အစွန်း မော်တင်စွန်းအငူ ( Cape Negrais ) ပေါ်တွင် တည်ရှိပြီး ပုသိမ်မြို့မှ ကားလမ်းခရီးဖြင့် ၉၅ မိုင်သာ ဝေးပြီး စေတီတော်ရင်ပြင်ထိ ရောက်ရှိနိုင်ပါသည်။ ရေလမ်းခရီးဖြင့် ဆိုလျှင် ရေမိုင် ၇၀ ခန့်ရှိမည်ဖြစ်ပြီး ဘုရာအနီး ခမောက်မော်ရွာ အထိသာ ရောက်ရှိပါသည်။
ကျွန်တော်၏ ယခုဆောင်းပါး ရေးသားရခြင်း ရည်ရွယ်ချက်မှာ ကားလမ်းခရီးဖြင့် လာရောက်လိုသူများအတွက် အဆင်ပြေမည့်နည်းလမ်းနှင့် ကားမူးသက်သာစေနိုင်သော အချက်များကို အကြံပြု တင်ပြလိုခြင်းသာဖြစ်ပါသည်။
ကားမူးခြင်းဆိုသည်မှာ
ကားမူးခြင်း (Motion sickness) ဆိုတာ တကယ်ကိုခံစားရခက်တဲ့ဝေဒနာပါ။ ကားမူးခြင်း၊ လှိုင်းမူးခြင်း၊ ရထားမူးခြင်း၊ လေယာဉ်မူးခြင်းများသည် Motion sickness များပင်ဖြစ်ပြီး အမြင်အာရုံ ကမြင်သော လှုပ်ရှားမှု နှင့် နားစည်မှ အာရုံခံ သိရှိသော လှုပ်ရှားမှု မတူညီမှုကြောင့် ဖြစ်ခြင်းဖြစ်ပါသည်။ ကားမူးဝေဒနာ သက်သာပျောက်ကင်း အောင် အောက်ပါအတိုင်း အကြံပြုလိုပါသည်။
(၁) ခရီးမသွားမီ အိပ်ရေး၀၀အိပ်ပါ။
ကားမူးဒါဏ်ခံနိုင်ဖို့ အရေးကြီးဆုံးအချက်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားကျပြီး ပိုမူးစေပါသည်။ တော်တော်များများကလည်း မနက်ဖြန်ခရီးထွက်မယ်ဆို ပစ္စည်းသိမ်း၊ အိမ်မှာ ကျန်ခဲ့မယ့် ကိစ္စတွေ စီစဉ်နဲ့ နောက်ကျမှ အိပ်တတ်ပါတယ်။ ထို့ပြင် ခရီးထွက်မယ့်နေ့ကြတော့လည်း စောစောထနဲ့ တော်တော် အိပ်ရေးပျက်ရပါတယ်။
(၂) ခရီးသွားစဉ် အအီ အစိမ့် ပါသော အစာများရှောင်ပါ။
အများအားဖြင့် ပုသိမ်မြို့ကိုရောက်ချိန်ဟာ နေ့လယ်စာ စားချိန်ဖြစ်တာများပါတယ်။ နေ့လယ်စာစားပြီး ဗိုက်လေးချိန် ကားလမ်းကလည်း အကွေ့အကောက်နဲ့မလို့ ကားမူးဒါဏ်ပိုခံရပါတယ်။ အအီ အစိမ့် စားထားရင်ပိုဆိုးပါတယ်။ အစာကြေနိုင်သော အစာများစားပါ။ ဖြစ်နိုင်ရင် ဆန်ပြုတ်လို၊ စွပ်ပြုတ် လိုမျိုးများသာ စားပါ။
(၃) အရက် ဆေးလိပ်သောက်ခြင်းရှောင်ပါ။
ခရီးသွားခြင်း နှင့် အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားကျခြင်း နှင့် သွေးပေါင်ကျခြင်းတို့ဖြစ်တတ်ပြီး ထိုအချိန် အရက်သောက်ပါက မူးဝေအော့အန်မှုကို ပိုမိုဖြစ်စေပါသည်။
(၄) အမူးပျောက်ဆေးသောက်ပါ
အမူးပျောက်ဆေးသောက်ခြင်းကြောင့်လည်း ကားမူးဒါဏ်ကို သက်သာစေပါသည်။ သို့ပေမယ့် ကားမူးတိုင်း ဆေးကူရတာမျိုးဖြစ်နိုင်သဖြင့် တတ်နိုင်သမျှ မသောက်စေချင်ပါ။
(၅) အလုံပိတ်ကားစီးခြင်းမျိုးရှောင်ပါ
ကားမှန်အားလုံးတင်၍ Aircon ဖွင့် မောင်းခြင်းသည် ပုံမှန်အချိန်တွင် သက်တောင့် သက်သာ ရှိသော်လည်း တောင်တက်တောင်ဆင်း မောင်းချိန်တွင် လေဝင်လေထွက် ကောင်းအောင် မှန်ချမောင်းခြင်းက ကားမူးခြင်းကို များစွာ သက်သာစေပါသည်။ ကားအတွင်းအိပ်၍ လိုက်ခြင်းထက် ပတ်ဝန်းကျင် သစ်ပင်သစ်တော များကို စိတ်ပြေလက်ပျောက်ကြည့် ၍ လိုက်ခြင်းက ပိုသင့်လျော်ပါသည်။
(၆) အချိုရေသောက်၊ လေဝ၀ရှူပါ။
ကားမူးပါက ချွေးစေးတွေထွက်လာပြီး မူးဝေပျို့အန်လာပါက အရည်ဓါတ်ပြန်လည်ဖြည့်တင်းနိုင်ရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက အရည်ဓါတ် ဆုံးရှုံးမှုက ပိုမူးစေပါသည်။
လတ်ဆတ်သော တောတောင်က သဘာ၀ လေဝ၀ရှူခြင်းကြောင့် သွေးမှ တဆင့် ဦးနှောက်အတွင်း အောက်ဆီဂျင်ဓါတ်ကို မြှင့်တင်ပေးသဖြင့် ကားမူးဒါဏ်ကို ပိုမို သက်သာစေပါသည်။
(၇) အားတင်းထားပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ
ငါကားမူးတတ်တယ်ဆိုတဲ့ စိတ်က ကားမူးဖို့သေချာစေပါသည်။ ထိုကြောင့် ငါကားမူးတတ်တယ်ဆိုတာကို မေ့ထားပြီး ဒီတစ်ခေါက် ငါကားမမူးနိုင်ဘူးဆိုပြီး ယုံကြည်ပါက ကားမူးဒါဏ်ကို ကျော်လွှားနိုင်ပါမည်။
(၈) ကြွပ်ကြွပ်အိတ် ၊ တစ်ရှူးဆောင်ထားပါ။
မူးဝေအော့အန်မယ်ဆိုပါကကြွပ်ကြွပ်အိပ်အတွင်း စနစ်တကျအန်ပြီး အနံ့မထွက် အောင် ပြန်ပိတ်ပြီး ခန္ဓာကိုယ် သန့်ရှင်းရေးပြန်လုပ်ထားပါ။ သို့မဟုတ်ပါက ကိုယ့်အနံ့နဲ့ကိုယ်ပြန်ရှူပြီး ပိုမူးတတ်ပါသည်။
(၉) ကားရပ်နားသင့်သော နေရာများ။
ပုသိမ်မှ ထွက်ပြီးနောက် မဏ္ဍပ်၊ ငရုတ်ကောင်းတောင် များတွင် လူလည်းနား၊ ကားလည်းနားရန် ရပ်နားသင့်ပါသည်။
(၁၀) ကားမူးဝေဒနာ ပြင်းထန်ပါက
ကားမူးဝေဒနာ ပြင်းထန် နေပါက ကားဆက်မမောင်းဘဲ ရောက်တဲ့နေရာတွင် ခေတ္တရပ်နားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ပုသိမ် မော်တင်စွန်းလမ်း သည် ယခင်ကလို အိမ်ခြေ မပြတ်တော့ဘဲ လမ်းဘေးဝဲယာများတွင် လူနေအိမ်များ ရှိပါသဖြင့် ခေတ္တနားခိုရန်လည်း သင့်လျော်ပါသည်။ ဘုရားပွဲကာလတွင် အလှူခံမဏ္ဍပ်များ နှင့် စတုဒိသာ ကျွေးမွေးမှုများလည်း ရှိတတ်သဖြင့် အမူပြေအောင် နားပြီးမှ ဆက်ထွက်သင့်ပါသည်။
အထက်ပါ (၁၀) ချက်ကို လိုက်နာလုပ်ဆောင်ထားပါက မြန်မာအင်ဂျင်နီယာများ အနုပညာဆန်ဆန် ကွေ့ကောက်စွာ ဖောက်လုပ်ထား သော မြန်မာ နိုင်ငံ၏ အမူးဆုံးလမ်း ဖြစ်သည့် ပုသိမ်-မော်တင်စွန်းလမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်မိပါသည်။
ပုသိမ် - မော်တင်စွန်း လမ်း review ကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mawtinsoonhotel/posts/494902708685426
ဆက်လက်ပြီး ပုသိမ်မှာ ခရီးတစ်ထောက်နားပြီးမှ မော်တင်စွန်း သို့ လာမယ့် ဧည့်သည်များအတွက်လည်း အနည်းငယ်အကြံပြုလိုပါသည်။ ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများပါသော ခရီးသွားများအနေဖြင့် ပုသိမ်တွင် တစ်ညအိပ် ဘုရားဖူး လည်ပတ်ပြီးမှ နောက်နေ့ မော်တင်စွန်းလာကြတာလည်း တော်တော်များများတွေ့ဖူးပါတယ်။
အိပ်ရေး၀၀အိပ်၊ သင့်လျော်မယ့် နံနက်စာ စားပြီး မနက် ၈ နာရီခန့် ထွက်မယ်ဆို မော်တင်စွန်းကို နေ့လယ် ၁ နာရီလောက်ရောက် ပါမယ်။ Practice Make Perfect ဆိုတဲ့ အတိုင်း အလာခရီးကလေ့ကျင့်ပေးလိုက်လို့ မော်တင်စွန်းမှအပြန်ခရီးကတော့ အလာလောက် ကားမမူးတော့ကြောင်းသိရှိရပါသည်။ ရန်ကုန် သို့တိုက်ရိုက်ပြန်ပါကလည်း ပြန်လို့ရပါတယ် ခင်ဗျာ။
ပုသိမ်မြို့ဆိုတာ
ရွှေမုဋ္ဌော စေတီတော်
မြန်မာနိုင်ငံ၏ အရေးပါသော ရေကြောင်းဆိပ်ကမ်းတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကုန်းတွင်းအကျဆုံး ပင်လယ် ဆိပ်ကမ်းမြို့ကြီး ဖြစ်ပြီးအလွန်ရှေးကျတဲ့ သင်္ဘောဆိပ်ကမ်း မြို့ကြီးလည်း ဖြစ်ပါတယ်။
ပုသိမ်မြို့သည် လှပပြီး ဒီဇိုင်းစုံသည့် ပုသိမ်ထီးရယ်လို့ တင်စားခေါ်ဝေါ်ရတဲ့ ရောင်စုံ ထီးများကြောင့် လူသိများပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုရတနာမြို့တော်ဟု တင်စားလေ့ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက စတင်တည်ထောင်ခဲ့သော ပုသိမ်ထီးအလုပ်ရုံ အချို့ကို ယနေ့အချိန်အထိ အောင်မြင်စွာ လည်ပတ်လျက်ရှိနေသေးသည်ကို တွေ့မြင်နိုင်မှာ ဖြစ်သည်။
ပုသိမ်ထီး (Credit Google.com)
ပုသိမ်မှာ လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ ဟိုတယ် ၄ ခုရှိပါတယ်။ Shekinah Hotel, Swam Hotel, Naung Yoe နှင့် The First Hotel တို့ပဲဖြစ်ပါတယ်။ ရေကူးချင်သော သူများအတွက် Shekinah Hotel၊ အခန်းကျယ် နှင့် Buffet Breakfast စုံစုံစားချင်သူများအတွက် Swam Hotel နှင့် Naung Yoe , ကမ်းနား View ကြိုက်သူများအတွက် The First Hotel စသည်ဖြင့် ကြိုက်နှစ်သက်ရာ တည်းခိုနိုင်ပါတယ်။
Shikainah Hotel Roof Top Pool
ပုသိမ်မြို့တွင် လည်ပတ်စရာနေရာများစွာရှိပြီး (၃၀၅) ဘီစီတွင် အသောကမင်းကြီး တည်ထား ကိုးကွယ် ခဲ့သော ရွှေမုဋ္ဌောဘုရား သည် ခရီးသွားများအကြားတွင် လာရောက်ဖူးမျှော်ရန် ရေပန်းစားသော စေတီတစ်ဆူဖြစ်ပါတယ်။ စေတီတော်အား စိန်(၈၀၀)ကျော်၊ ပတ္တမြား (၈၀၀) နှင့် အခြားသော အဖိုးတန် ကျောက်မျက်ထောင်ပေါင်းများစွာနှင့်အတူ ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် ပုံသွင်းအလှဆင် ထားသည်။
(၁၈၇၂) ခုနှစ်က ကိုလိုနီခေတ် ဗိဿုကာပုံစံကို အခြေတည်ကာ တည်ဆောက်ခဲ့သည့်စိန့်ပီတာ ဘုရားကျောင်းကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဆိပ်ကမ်းတစ်လျှောက် လေညင်းခံကာ ပုသိမ်မြစ် နှင့် ပုသိမ် တံတားသစ်ကြီး ရဲ့ ရှုခင်းကိုလည်းခံစားနိုင်ပါသည်။
မဟာဗန္ဓုလလမ်းပေါ်တွင်တည်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ယဉ်ကျေးမှု ပြတိုက်ကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဒေသ၏ရိုးရာ လက်ရာများကို တွေ့မြင်နိုင်မှာ ဖြစ်သည်။
အမှတ်တရလက်ဆောင်ပစ္စည်းများ
ပုသိမ်ထီး၊ ပုသိမ်ဟာလဝါ နှင့် ဘွက်ကြီးတန်းလမ်းက ဝက်အူချောင်း၊ ကြက်အူချောင်း များသည် ပုသိမ်ရောက်ရင် အမှတ်တရ လက်ဆောင် အဖြစ် ဝယ်သင့်သော အမှတ်တံဆိပ်များပဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ပုသိမ်မော်တင်စွန်းလမ်းကို သက်တောင့်သက်သာစွာဖြင့် ဖြတ်ကျော်နိုင်ပြီး တန်ခိုးကြီး ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်ကြီးကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ ဖြင့် ဖူးမျှော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မေတ္တာဖြင့်
အောင်သူ (စူးစမ်းလေ့လာ သွားချင်စရာ)
စျေးနှုန်းစုံစမ်းချင်တယ်ဆိုရင်
☎09 453440128
☎09 691673434
ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://attractiveforexpeditionarytrips.blogspot.com/
https://www.newautumntours.com
https://www.papawadyresort.com/
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်
အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့
ငပလီ ဂွ လမ်းရှိ ကမ်းခြေတစ်ခု

အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့
ရွှေဘုံသာ မုနိဘုရားက ထွက်တော့ မနက် ၁၀ နာရီထိုးခါနီးနေပါပြီ။ မိနစ် ၃၀ လောက်မောင်းပြီးတော့ ဥသျှစ်ပင် လမ်းခွဲကို ရောက်ပါတယ်။ ပုသိမ်-မုံရွာလမ်းမ ပေါ်က လမ်းခွဲပါ။ ရှေ့တည့်တည့်မှာတော့ ရခိုင်ရိုးမကို မြင်နေရပါပြီ။ ရခိုင်ရိုးမဖြတ်လမ်း (၃) ခုရှိပြီး ယခု ပြည်-တောင်ကုတ် လမ်းက အလယ်ဖြတ်လမ်းပါ။ မိုင် ၁၀၀ ခန့် သာရှိပြီး ဓါတ်ပုံရိုက်လိုက် ခဏနားလိုက်ဖြင့် မောင်းတာမလို့ ၄ နာရီလောက်မောင်းခဲ့ရပါသည်။ လမ်းပြင်နေတာတော့ တွေ့ပြီး အရမ်းကြီး မကောင်းသေးပါ။ လမ်းတစ်ဝက်လောက်မှာ တောင်ပုံကြီး စစ်ဆေးရေးစခန်းရှိပါသည်။ အမည် မှတ်ပုံတင်အမှတ် ပေးလိုက်ရုံပါပဲ။
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
စူးစမ်းလေ့လာ သွားချင်စရာ (၁၀)
| ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် |
| ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ၊ ရေလယ်စေတီ နှင့် ကပ္ပလီ ပင်လယ် ကမ်းခြေ |
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
![]() | |
|
နွေရာသီကျောင်းပိတ်ရက် ခရီးစဉ်ရှည်တာမလို့ ခရီးတစ်ဝက် ပြည်မှာ ၂ ညအိပ်လောက်နားပြီး အေးအေးဆေးဆေးလည်ပတ်ဖို့ စီစဉ်ခဲ့ပါသည်။ ပြည်မြို့ဆိုတာ ရှည်လျားသော သမိုင်းများနှင့် လေ့လာ လည်ပတ်စရာတွေ ကလည်းများပါတယ်။ နောင်ရိုးမိုတယ်က မိသားစုအခန်းကို နံနက်စာအပါ ၂၅၀၀၀ ကျပ်ပါ။ စျေးလည်း သက်သာပြီး ဝန်ဆောင်မှုလည်းကောင်းပါတယ်။
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
This blog is a traveling article blog especially based on history and nature based tourism , written by Aung Thu. The aim of this blog is to give reader recreation, knowledge, fiction and non-fiction. So the name attractive for expeditionary trip is given. Aung Thu founded New Autumn Co., Ltd, Travels and Tours in 2017. New Autumn Travels and Tours is a licensed travel agency in Myanmar. It supports various kinds of tours with competitive price.
It also provides air ticketing service with good consultant comparison price. For more information, you can visit https://www.newautumntours.com
![]() |
| မြတ်မော်တင်စွန်းစေတီ |