Thursday, August 30, 2018

စူးစမ်းလေ့လာ သွားချင်စရာ (၁)

(Unicode)

စူးစမ်းလေ့လာ သွားချင်စရာ (၁)  

       လူသားများအတွက် ခရီးသွားလာခြင်း (Travels) သည် ရှေးကျောက်ခေတ် လူသားများ ကတည်းကပင် တစ်နေရာမှ တစ်နေရာသို့ သွားလာခဲ့ကြခြင်းဖြင့် စတင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ စားရေး နှင့် နေရေး တို့အတွက် ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာခြင်းမျိုးဖြင့် ခရီးသွား ခဲ့ကြပေသည်။ ထိုမှတဖန် ကူးသန်းရောင်း ဝယ်ရေး၊ နယ်မြေသစ် ရှာဖွေခြင်း နှင့်နယ်မြေချဲ့ထွင်ခြင်း အလို့ငှာ ဒေသတွင်းနှင့် ကမ္ဘာ့တိုက်ကြီးများ တစ်ခုမှ တစ်ခုသို့ ခရီးတို/ ခရီးရှည် ထွက်ခြင်းများ တိုးတက် လာခဲ့ပါသည်။  မြန်မာ့သမိုင်း တွင်လည်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ တဖုဿ နှင့် ဘလိက ကုန်သည် ညီနောင်နှစ်ဦး ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ မဇ္စျိမတိုင်းသို့ ကူးသန်းရောင်း ဝယ်ရန် သွားရောက် ရာမှ ဆံတော်ရှင်ရွှေတိဂုံစေ တီတော်မြတ် တည်ထား ကိုးကွယ်ခွင့် ရရှိခဲ့ကြောင်း ဘုရားသမိုင်း များအရ သိရှိ ရပေသည်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတို့ ပုဂံခေတ် ကာလအချိန် (၁၁) ရာစု ကပင် ရောက်ရှိ ခဲ့ကြောင်း မာကိုပိုလို၏ ခရီးသွား မှတ်တမ်းတွင် ပုဂံခေတ်ကြီး ကျယ်ခမ်းနား ပုံကိုဖော်ပြ ခဲ့ခြင်းကြောင့် သိရှိနိုင်ပေသည်။
          စီးပွားရေး လုပ်ငန်း တစ်ခု အနေဖြင့် ခရီးသွား လုပ်ငန်းအား (Travel and Tour For Business Purpose) စတင်ရှာဖွေ လုပ်ကိုင် ခဲ့ကြသူ များမှာ ၁၈၂၂ ခုနှစ်တွင်  Robert Smart သည် ရေနွေးငွေ့ သုံးသင်္ဘော၏ ပထမဆုံး လက်မှတ် အရောင်း ကိုယ်စားလှယ်ဆောင် ရွက်ခြင်းဖြင့် လည်းကောင်း၊ ၁၈၄၁ တွင် Thomas Cook သည် England နိုင်ငံ Leicester မှ Loughboroug ထိ ခရီးမိုင် ၁၂ မိုင်ရှည်သော  A special excursion train ကိုစီစဉ် ခဲ့ခြင်းဖြင့် လည်းကောင်း၊ Thomas Bennett   (၁၈၁၄ - ၁၈၉၈) သည် ခရီးသွား အခြေခံ လိုအပ်ချက်များ (Transport, Accommondation ) ပါဝင်သည့် သီးခြား စီစဉ် ထားသော ခရီးစဉ်ကို စတင်လုပ်ကိုင် ခဲ့သူဖြစ် ပါသည်။ ၄င်းသည် ၁၈၅၀ ခုနှစ်တွင် ‘trip organizer’ လုပ်ငန်းကို တည်ထောင်၍ Tour Package  များကို စီစဉ်၍ စီးပွားဖြစ် လုပ်ကိုင် ခဲ့ပါသည်။ ဤနေရာတွင် တစ်ခု သတိပြု မိသည်မှာ Travel and Tour     လုပ်ငန်းကို အင်္ဂလန်နိုင်ငံ မှ အစပြု၍ အင်္ဂလိပ် လူမျိုးများသာ စတင် လုပ်ကိုင် ခဲ့ကြကြောင်းတွေ့ ရှိရပေသည်။
      World Tourism Organization  မှထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏  Tourism  လုပ်ငန်းမှ စုစုပေါင်းဝင်ငွေ ၂.၂၆၆ billion US$ ရရှိခဲ့ပြီး နိုင်ငံ GDP  ၏ ၄.၈% ရှိခဲ့ကြောင်း သိရှိရပေသည်။ ကျွန်တော်တို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၁၅ ခုနှစ်၌ ၄၈.၅၂၇ billion US$      ရှိခဲ့ကြောင်း သိရှိရသဖြင့် ၂၄ ဆခန့်နိမ့် ကျလျှက် ရှိကြောင်း သိရှိရပါသည်။ ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အလုပ် အကိုင် အခွင့်အလမ်း များစွာပေးအပ်သည့် လုပ်ငန်းတစ်ခု လည်းဖြစ်ပြီး လေကြာင်း လိုင်းမှသည် ခေါင်းရွက် ဗျပ်ထိုးဈေး သည်များ အထိ အကျိုးပြုသည့် Ripple Effect  ရှိသော ဝန်ဆောင်မှု လုပ်ငန်း တစ်ခုလည် ဖြစ်ပေသည်။ နှစ်စဉ် ခရီးသွားဦးရေ တိုးတက် လျှက်ရှိပြီး ၂၀၁၅ ခုနှစ် စာရင်းအရ ကမ္ဘာ့လှည့် ခရီးသွားများ သုံးစွဲခဲ့သော ငွေမှာ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၂၆၀ (  ၁၂၆၀ billion US$ ) ရှိခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံး အကျိုး များစွာ ခံစားရသော ခရီးသွား ဝန်ဆောင်မှု ဖွံ့ဖြိုးတိုး တက်အောင် ဝိုင်းဝန်းကြိုးပမ်း သင့်ပေသည်။
         ၂၀၁၅ ခုနှစ် တွင် တစ်ကမ္ဘာလုံးမှ  ပြည်ပသို့( Outbound Tourist) ခရီးသွားလာသူ စုစုပေါင်း သန်းပေါင်း ၁၁၈၆ ဦး (  1186 million) ခရီးသွား လာခဲ့ကြပြီး အများဆုံး ခရီးသွား လာခဲ့ကြသောနိုင်ငံ များမှာ အနောက်နိုင်ငံများ မှဖြစ်ပြီး ''အလုပ်လုပ်နေ ကြခြင်းသည် ခရီးသွား ရန်အတွက်'' ပင်ဖြစ်သည် ဟုဆိုရမလို ဖြစ်နေပေသည်။ အာရှမှ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ များသည်လည်း ကမ္ဘာ့ခရီးသွား အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ပေသည်။ မြန်မာနိုင်ငံ သည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ ပွင့်လင်း လာလျှက် ရှိပြီး ပြည်တွင်း ခရီးသွားများ၊ ပြည်ပသို့ ခရီးသွားများ နှစ်စဉ် တိုးတက် လျှက်ရှိရာ ၂၀၁၅ ခုနှစ် စာရင်းအရ ပြည်တွင်း ခရီးသွားဦးရေ ၄ သန်းခန့် နှင့် ပြည်ပခရီး သွားလာသူ ၆ သိန်းခန့် ထိရှိလာကြောင်း သိရှိရပေသည်။  မြန်မာနိုင်ငံသား များသည်လည်း ခရီးသွားခြင်း၏ အကျိုးကျေးဇူးနှင့် အနှစ်သာရ ကိုသိရှိလာခြင်း ပင်ဖြစ်ကြောင်း အသိအမှတ်ပြု ရပေမည်။
      မြန်မာနိုင်ငံတွင် စူးစမ်းလေ့လာ သွားချင်စရာ ခရီးစဉ်များစွာ တည်ရှိနေ ပါသည်။ မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံဖြစ် သည့်အားလျှော်စွာ စေတီပုထိုုးပေါင်း များစွာတည် ရှိခြင်းကြောင့် Golden Land ဟုပင် တင်စားခေါ်ဝေါ် လျှက်ရှိပါသည်။ ပျူခေတ်မှသည် ပုဂံခေတ်ထိ တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီ (၂ဝဝဝ) ကျော်အား ဘာသာရေး ခရီးစဉ်များအဖြစ် (Religion Site Tour ) သွားရောက်လေ့ လာနိုင်ပါသည်။ ထို့ပြင် ဂေါတမ ဘုရားရှင် လက်ထက်ကပင် သွန်းလုပ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်များ၊ ရှေးဟောင်း သမိုင်းဝင် ရုပ်ပွားတော်များ၊ အနု ပညာ လက်ရာများ၊ ရှေးမင်းနေပြည်တော်များ နှင့်အဆောက်အဦများ၊ ကိုလိုနီ လက်ထက် မတိုင်မီ နှင့် ကိုလိုနီ လက်ထက် အဆောက် အဦများသည် လည်း တန်ဘိုး မဖြတ်နိုင်သော လေ့လာစရာ သမိုင်းအမွေ အနှစ်ခရီးစဉ်များ (Historical Site Tour) အဖြစ် ကျန်ရှိ နေပါသည်။ အပန်းဖြေခရီးစဉ် (Recreation ) များအဖြစ်လည်း သာယာလှပသော ကမ်းခြေများ၊ သဘာဝ တောတောင် ရှုခင်းများ၊ ပင်လယ်ပြင်ရှိ ကျွန်းများ သည်လည်း လည်ပတ် ချင်စရာ မထိမတွေ့ ရသေးသော သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းများပင် (Untouchable Natural Tour/ Ecotourism) လုပ်ငန်း များပင်ဖြစ်ပါသည်။
       ခရီးသွား လုပ်ငန်းကို ဝန်ဆောင်မှုပေးသော သူများနည်းတူ ခရီးသွား သူများသည် (Tourists) လည်း  ခရီးသွား လာခြင်းမှ နေရာသစ်၊ ဘဝသစ်ကို ထိတွေ့ခံစား၍ နေ့တဓူဝဘဝမှ မောပန်းနွမ်းနယ် မှုကိုပြေပျောက် စေခြင်း၊ အသိ ပညာ ဗဟုသုတ တိုးပွား၍ အမြင်သစ် အတွေးသစ် များကိုရ ရှိနိုင်ခြင်းနှင့် မိမိ၏ လုပ်ငန်းခွင်အား လန်းဆန်း တက်ကြွစွာ ဆက်လက် လုပ်ဆောင်နိုင်ရန် ခွန်အားများ ဖြည့်တင်း ပေးနိုင်ခြင်းစသည့် အနှစ် သာရ များစွာ ရရှိ နိုင်ပေသည်။ ခရီးသွား သည်ဆိုရာ၌ နေ့ခြင်းပြန်၊ ညအိပ် ၊ ရက်တို့၊ ရက်ရှည် တစ်ဦးချင်း၊ မိသားစု လိုက်၊ အဖွဲ့လိုက် အမျိုးမျိုး သွားရောက် နိုင်ပါသည်။ ထို့ကြောင့် လူကြီး၊ လူငယ်မရွေး မိမိတတ် နိုင်သော ငွေကြေး အင်အားဖြင့် ရရှိနိုင်သော အားလပ်ရက် ပေါ်မူတည်ပြီး ခရီးသွား လာခြင်းဖြင့် နေရာသစ်၊ ဘဝသစ် များကို ထိတွေ့ ခံစားကြပါစို့ ဟု တိုက်တွန်း ရင်းနိဂုံးချုပ် အပ်ပါသည်။

 AT (New Autumn)
 Reference
Myanmar Tourism Master Plan
၂၃.၃.၂၀၁၇ ကြေးမုံသတင်းစာ သတင်းဆောင်းပါး
http://www.myanmartourism.org/index.php/publication/tourism-statistics


(Zawgyi)
စူးစမ္းေလ့လာ သြားခ်င္စရာ (၁) 

      

       လူသားမ်ားအတြက္ ခရီးသြားလာျခင္း (Travels) သည္ ေရွးေက်ာက္ေခတ္ လူသားမ်ား ကတည္းကပင္ တစ္ေနရာမွ တစ္ေနရာသို႔ သြားလာခဲ့ၾကျခင္းျဖင့္ စတင္ခဲ့သည္ဟု ယူဆႏိုင္ေပသည္။ စားေရး ႏွင့္ ေနေရး တို႔အတြက္ ေရၾကည္ရာ ျမက္ႏုရာ လွည့္လည္ သြားလာျခင္းမ်ိဳးျဖင့္ ခရီးသြား ခဲ့ၾကေပသည္။ ထိုမွတဖန္ ကူးသန္းေရာင္း ဝယ္ေရး၊ နယ္ေျမသစ္ ရွာေဖြျခင္း ႏွင့္နယ္ေျမခ်ဲ႕ထြင္ျခင္း အလို႔ငွာ ေဒသတြင္းႏွင့္ ကမၻာ့တိုက္ၾကီးမ်ား တစ္ခုမွ တစ္ခုသို႔ ခရီးတို/ ခရီးရွည္ ထြက္ျခင္းမ်ား တိုးတက္ လာခဲ့ပါသည္။  ျမန္မာ့သမိုင္း တြင္လည္း မဟာသကၠရာဇ္ (၁၀၃)ခုႏွစ္၌ တဖုႆ ႏွင့္ ဘလိက ကုန္သည္ ညီေနာင္ႏွစ္ဦး ေဂါတမ ျမတ္စြာဘုရား ပြင့္ေတာ္မူရာ မဇၥ်ိမတိုင္းသို႔ ကူးသန္းေရာင္း ဝယ္ရန္ သြားေရာက္ ရာမွ ဆံေတာ္ရွင္ေရႊတိဂံုေစ တီေတာ္ျမတ္ တည္ထား ကိုးကြယ္ခြင့္ ရရွိခဲ့ေၾကာင္း ဘုရားသမိုင္း မ်ားအရ သိရွိ ရေပသည္။ ျမန္မာႏိုင္ငံကို ႏိုင္ငံျခားသားတို႕ ပုဂံေခတ္ ကာလအခ်ိန္ (၁၁) ရာစု ကပင္ ေရာက္ရွိ ခဲ့ေၾကာင္း မာကိုပိုလို၏ ခရီးသြား မွတ္တမ္းတြင္ ပုဂံေခတ္ၾကီး က်ယ္ခမ္းနား ပံုကိုေဖာ္ျပ ခဲ့ျခင္းေၾကာင့္ သိရွိႏိုင္ေပသည္။
          စီးပြားေရး လုပ္ငန္း တစ္ခု အေနျဖင့္ ခရီးသြား လုပ္ငန္းအား (Travel and Tour For Business Purpose) စတင္ရွာေဖြ လုပ္ကိုင္ ခဲ့ၾကသူ မ်ားမွာ ၁၈၂၂ ခုႏွစ္တြင္  Robert Smart သည္ ေရေႏြးေငြ႔ သံုးသေဘၤာ၏ ပထမဆံုး လက္မွတ္ အေရာင္း ကိုယ္စားလွယ္ေဆာင္ ရြက္ျခင္းျဖင့္ လည္းေကာင္း၊ ၁၈၄၁ တြင္ Thomas Cook သည္ England ႏိုင္ငံ Leicester မွ Loughboroug ထိ ခရီးမိုင္ ၁၂ မိုင္ရွည္ေသာ  A special excursion train ကိုစီစဥ္ ခဲ့ျခင္းျဖင့္ လည္းေကာင္း၊ Thomas Bennett   (၁၈၁၄ - ၁၈၉၈) သည္ ခရီးသြား အေျခခံ လိုအပ္ခ်က္မ်ား (Transport, Accommondation ) ပါဝင္သည့္ သီးျခား စီစဥ္ ထားေသာ ခရီးစဥ္ကို စတင္လုပ္ကိုင္ ခဲ့သူျဖစ္ ပါသည္။ ၄င္းသည္ ၁၈၅၀ ခုႏွစ္တြင္ ‘trip organizer’ လုပ္ငန္းကို တည္ေထာင္၍ Tour Package  မ်ားကို စီစဥ္၍ စီးပြားျဖစ္ လုပ္ကိုင္ ခဲ့ပါသည္။ ဤေနရာတြင္ တစ္ခု သတိျပဳ မိသည္မွာ Travel and Tour     လုပ္ငန္းကို အဂၤလန္ႏိုင္ငံ မွ အစျပဳ၍ အဂၤလိပ္ လူမ်ိဳးမ်ားသာ စတင္ လုပ္ကိုင္ ခဲ့ၾကေၾကာင္းေတြ့ ရွိရေပသည္။
           World Tourism Organization  မွထုတ္ျပန္ခ်က္အရ ၂၀၁၅ ခုႏွစ္ ျမန္မာႏိုင္ငံ၏  Tourism  လုပ္ငန္းမွ စုစုေပါင္းဝင္ေငြ ၂.၂၆၆ billion US$ ရရွိခဲ့ၿပီး ႏိုင္ငံ GDP  ၏ ၄.၈% ရွိခဲ့ေၾကာင္း သိရွိရေပသည္။ ကြ်န္ေတာ္တို႔၏ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္မူ ၂၀၁၅ ခုႏွစ္၌ ၄၈.၅၂၇ billion US$      ရွိခဲ့ေၾကာင္း သိရွိရသျဖင့္ ၂၄ ဆခန္႔နိမ့္ က်လွ်က္ ရွိေၾကာင္း သိရွိရပါသည္။ ခရီးသြား လုပ္ငန္းသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသား မ်ားအတြက္ အလုပ္ အကိုင္ အခြင့္အလမ္း မ်ားစြာေပးအပ္သည့္ လုပ္ငန္းတစ္ခု လည္းျဖစ္ၿပီး ေလၾကာင္း လိုင္းမွသည္ ေခါင္းရြက္ ဗ်ပ္ထိုးေဈး သည္မ်ား အထိ အက်ိဳးျပဳသည့္ Ripple Effect  ရွိေသာ ဝန္ေဆာင္မႈ လုပ္ငန္း တစ္ခုလည္ ျဖစ္ေပသည္။ ႏွစ္စဥ္ ခရီးသြားဦးေရ တိုးတက္ လွ်က္ရွိၿပီး ၂၀၁၅ ခုႏွစ္ စာရင္းအရ ကမၻာ့လွည့္ ခရီးသြားမ်ား သံုးစြဲခဲ့ေသာ ေငြမွာ အေမရိကန္ေဒၚလာ သန္းေထာင္ေပါင္း ၁၂၆၀ (  ၁၂၆၀ billion US$ ) ရွိခဲ့ပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ တစ္ရပ္လံုး အက်ိဳး မ်ားစြာ ခံစားရေသာ ခရီးသြား ဝန္ေဆာင္မႈ ဖြံ႕ျဖိဳးတိုး တက္ေအာင္ ဝိုင္းဝန္းၾကိဳးပမ္း သင့္ေပသည္။
          ၂၀၁၅ ခုႏွစ္ တြင္ တစ္ကမၻာလံုးမွ  ျပည္ပသို႕( Outbound Tourist) ခရီးသြားလာသူ စုစုေပါင္း သန္းေပါင္း ၁၁၈၆ ဦး (  1186 million) ခရီးသြား လာခဲ့ၾကၿပီး အမ်ားဆံုး ခရီးသြား လာခဲ့ၾကေသာႏိုင္ငံ မ်ားမွာ အေနာက္ႏိုင္ငံမ်ား မွျဖစ္ၿပီး ''အလုပ္လုပ္ေန ၾကျခင္းသည္ ခရီးသြား ရန္အတြက္'' ပင္ျဖစ္သည္ ဟုဆိုရမလို ျဖစ္ေနေပသည္။ အာရွမွ တရုတ္ႏိုင္ငံႏွင့္ ေတာင္ကိုရီးယားႏိုင္ငံ မ်ားသည္လည္း ကမၻာ့ခရီးသြား အမ်ားဆံုး ၁၀ ႏိုင္ငံတြင္ ပါဝင္ေပသည္။ ျမန္မာႏိုင္ငံ သည္လည္း ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အစစ ပြင့္လင္း လာလွ်က္ ရွိၿပီး ျပည္တြင္း ခရီးသြားမ်ား၊ ျပည္ပသို႕ ခရီးသြားမ်ား ႏွစ္စဥ္ တိုးတက္ လွ်က္ရွိရာ ၂၀၁၅ ခုႏွစ္ စာရင္းအရ ၿပည္တြင္း ခရီးသြားဦးေရ ၄ သန္းခန္႕ ႏွင့္ ၿပည္ပခရီး သြားလာသူ ၆ သိန္းခန္႔ ထိရွိလာေၾကာင္း သိရွိရေပသည္။  ျမန္မာႏိုင္ငံသား မ်ားသည္လည္း ခရီးသြားျခင္း၏ အက်ိဳးေက်းဇူးႏွင့္ အႏွစ္သာရ ကိုသိရွိလာျခင္း ပင္ျဖစ္ေၾကာင္း အသိအမွတ္ျပဳ ရေပမည္။
  ျမန္မာႏိုင္ငံတြင္ စူးစမ္းေလ့လာ သြားခ်င္စရာ ခရီးစဥ္မ်ားစြာ တည္ရွိေန ပါသည္။ ျမန္မာႏိုင္ငံ သည္ ေထရဝါဒ ဗုဒၶဘာသာ ထြန္းကားသည့္ႏိုင္ငံျဖစ္ သည့္အားေလွ်ာ္စြာ ေစတီပုထိုုးေပါင္း မ်ားစြာတည္ ရွိျခင္းေၾကာင့္ Golden Land ဟုပင္ တင္စားေခၚေဝၚ လွ်က္ရွိပါသည္။ ပ်ဴေခတ္မွသည္ ပုဂံေခတ္ထိ တည္ေဆာက္ခဲ့ေသာ ေရွးေဟာင္းေစတီ (၂၀ဝ၀) ေက်ာ္အား ဘာသာေရး ခရီးစဥ္မ်ားအျဖစ္ (Religion Site Tour ) သြားေရာက္ေလ့ လာႏိုင္ပါသည္။ ထို႔ျပင္ ေဂါတမ ဘုရားရွင္ လက္ထက္ကပင္ သြန္းလုပ္ခဲ့ေသာ ဗုဒၶရုပ္ပြားေတာ္မ်ား၊ ေရွးေဟာင္း သမိုင္းဝင္ ရုပ္ပြားေတာ္မ်ား၊ အႏု ပညာ လက္ရာမ်ား၊ ေရွးမင္းေနျပည္ေတာ္မ်ား ႏွင့္အေဆာက္အဦမ်ား၊ ကိုလိုနီ လက္ထက္ မတိုင္မီ ႏွင့္ ကိုလိုနီ လက္ထက္ အေဆာက္ အဦမ်ားသည္ လည္း တန္ဘိုး မျဖတ္ႏိုင္ေသာ ေလ့လာစရာ သမိုင္းအေမြ အႏွစ္ခရီးစဥ္မ်ား (ံHistorical Site Tour) အျဖစ္ က်န္ရွိ ေနပါသည္။ အပန္းေျဖခရီးစဥ္ (Recreation ) မ်ားအျဖစ္လည္း သာယာလွပေသာ ကမ္းေျခမ်ား၊ သဘာဝ ေတာေတာင္ ရႈခင္းမ်ား၊ ပင္လယ္ျပင္ရွိ ကြ်န္းမ်ား သည္လည္း လည္ပတ္ ခ်င္စရာ မထိမေတြ႕ ရေသးေသာ သဘာဝ အေျခခံ ခရီးသြား လုပ္ငန္းမ်ားပင္ (Untouchable Natural Tour/ Ecotourism) လုပ္ငန္း မ်ားပင္ျဖစ္ပါသည္။
     ခရီးသြား လုပ္ငန္းကို ဝန္ေဆာင္မႈေပးေသာ သူမ်ားနည္းတူ ခရီးသြား သူမ်ားသည္ (Tourists) လည္း  ခရီးသြား လာျခင္းမွ ေနရာသစ္၊ ဘဝသစ္ကို ထိေတြ႔ခံစား၍ ေန႔တဓူဝဘဝမွ ေမာပန္းႏြမ္းနယ္ မႈကိုေျပေပ်ာက္ ေစျခင္း၊ အသိ ပညာ ဗဟုသုတ တိုးပြား၍ အျမင္သစ္ အေတြးသစ္ မ်ားကိုရ ရွိႏိုင္ျခင္းႏွင့္ မိမိ၏ လုပ္ငန္းခြင္အား လန္းဆန္း တက္ျကြစြာ ဆက္လက္ လုပ္ေဆာင္ႏိုင္ရန္ ခြန္အားမ်ား ျဖည့္တင္း ေပးႏိုင္ျခင္းစသည့္ အႏွစ္ သာရ မ်ားစြာ ရရွိ ႏိုင္ေပသည္။ ခရီးသြား သည္ဆိုရာ၌ ေန႔ျခင္းျပန္၊ ညအိပ္ ၊ ရက္တို႔၊ ရက္ရွည္ တစ္ဦးခ်င္း၊ မိသားစု လိုက္၊ အဖြဲ႕လိုက္ အမ်ိဳးမ်ိဳး သြားေရာက္ ႏုိင္ပါသည္။ ထို႕ေၾကာင့္ လူၾကီး၊ လူငယ္မေရြး မိမိတတ္ ႏိုင္ေသာ ေငြေၾကး အင္အားျဖင့္ ရရွိႏိုင္ေသာ အားလပ္ရက္ ေပၚမူတည္ၿပီး ခရီးသြား လာျခင္းျဖင့္ ေနရာသစ္၊ ဘဝသစ္ မ်ားကို ထိေတြ႕ ခံစားၾကပါစို႕ ဟု တိုက္တြန္း ရင္းနိဂံုးခ်ဳပ္ အပ္ပါသည္။

ဆက္လက္ၾကိဳးစားပါဦးမည္- 

AT (New Autumn)
 Reference
Myanmar Tourism Master Plan
၂၃.၃.၂၀၁၇ ေၾကးမံုသတင္းစာ သတင္းေဆာင္းပါး
http://www.myanmartourism.org/index.php/publication/tourism-statistics


No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts