Thursday, August 30, 2018

စူးစမ်းလေ့လာသွားချင်စရာ(၃) ဟင်္သာတမြို့ဆီသို့

စူးစမ်းလေ့လာသွားချင်စရာ(၃)

20/1/2018

ဟင်္သာတမြို့ဆီသို့

ပုသိမ်-မုံရွာ ကားလမ်းများ


ပုသိမ်-မုံရွာ ကားလမ်းများ
တောင်းတိုင်းပြည့်စေတီတော်
တောင်းတိုင်းပြည့်စေတီတော်

နတ်မော်ရွာရှိ တိလောက ဦးလျှောင် ရှင်သာလျောင်း ဘုရားကြီး
နတ်မော်ရွာရှိ တိလောက ဦးလျှောင် ရှင်သာလျောင်း ဘုရားကြီး

ဦးပါရဲစေတီတော်

ဟင်္သာတမြို့တွင်းလမ်းမျာ
ဒေါ်မြရီ (ခ) ဒေါ်ခွေး ဝက်အူချောင်း နှင့် ကြက်အူချောင်း

စူးစမ်းလေ့လာသွားချင်စရာ(၃)

ဟင်္သာတမြို့ဆီသို့

20/1/2018

1 Comment

       ရန်ကုန်မြို့မှ နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်သည့် စည်ကား သော ခရိုင်မြို့ကြီး တစ်မြို့ဖြစ် ပါတယ်။ နာမည်ကြီး ဇလွန်ပြည် တော် ပြန်ဘုရား တည်ရှိရာ မြို့နယ်လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ သွားရောက် လည်ပတ် နိုင်သလို ငွေဆောင်၊ ချောင်းသာ၊ မော်တင်စွန်း ဘုရားပွဲများ သွားရောက် လည်ပတ်ပြီး ရန်ကုန်မြို့သို့ အပြန် ပုသိမ်မြို့မှ တစ်ဆင့်လည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ကျွန်တော်တို့ မိသားစု အလုပ်ကိစ္စဖြင့် ပုသိမ်မြို့သို့ သွားရောက် ခဲ့ရာမှ အပြန်တွင် အချိန်ရရှိနေသဖြင့် ဇလွန် ပြည်တော်ပြန် ဘုရားလည်း ဖူးမျှော် ကြည်ညို လိုပြီး ကလေး များလည်း ဒေသန္တရ ဗဟုသုတ ရရှိစေရန် ဟင်္သာတမြို့နှင့် ဇလွန်မြို့များသို့ သွားရောက် လည်ပတ် ခဲ့ပါတယ်။ မိမိသွားရောက် လည်ပတ် ခဲ့သော ခရီးစဉ်အား မိမိမိတ်ဆွေ များအား ပြန်လည် မျှေ၀ ပေးလို သဖြင့် စူးစမ်း လေ့လာ သွားချင် စရာ ဟင်္သာတမြို့လေးဆီသို့ ခေါင်းစဉ်ဖြင့် Review ရေးသား တင်ပြ လိုက်ရပါတယ်။

       ကျွန်တော်တို့မိသားစု သွားခဲ့တဲ့ ခရီးစဉ်ကတော့ ပုသိမ် မှအပြန် ပုသိမ်-မုံရွာကားလမ်း-ရေကြည်-အထောင်-နိဗ္ဗာန်-ဟင်္သာတမြို့-ဇလွန်-ဓနုဖြူ-ညောင်တုန်း-ရန်ကုန် ခရီးစဉ်ပဲဖြစ်ပါတယ်။ ပုသိမ်မြို့တွင် မိတ်ဆွေ ကိုထင်ကျော်ဖြင့် နံနက်စာစားပြီး သွားရောက်ရမယ့် လမ်းကြောင်း၊ ကားလမ်း အခြေ အနေကို မေးကြည့်ရာ ကားလေးများ သွားလာနိုင်ပြီး လမ်းများ ကောင်းမွန်ကြောင်း သိရှိခဲ့ရပါတယ်။ မနက် ၈း၃၀ နာရီ လောက်တွင် စတင်ထွက်ခွာခဲ့ရာ ဟင်္သာတမြို့သို့ ၁၂း၃၀ နာရီလောက်တွင် ရောက်ရှိခဲ့ပါတယ်။ တကယ် မောင်းချိန်ကတော့ ၃ နာရီလောက်ပဲ ကြာမယ် ထင်ပါတယ်။ ပုသိမ်မှ ဟင်္သာတမြို့သို့ ပြေးဆွဲသော ကားလိုင်း များ ဖြင့်လည်းကောင်း၊ ရထားဖြင့် လည်းကောင်း သွားရောက် လည်ပတ် နိုင်သလို ရေလမ်းကြောင်း နှင့်လည်း သွားနိုင် ပါတယ်။ Private ကားများဖြင့် သွားရောက် လည်ပတ်မယ် ဆိုရင်တော့ လမ်းခရီးမှာ ဝင်ရောက် လည်ပတ် ချင်စရာ နေရာများအား လည်ပတ်နိုင်ခြင်း၊ ဒေသန္တရ အစားအစာများ အိမ်အပြန်လက်ဆောင် ဝယ်ယူနိုင်ခြင်း၊ ရှုခင်း များအား ဓါတ်ပုံရိုက်ခြင်း စသည်များ ဆောင်ရွက် နိုင်ပါတယ်။

ပုသိမ်မြို့ အထွက်မှာ နာမည်ကြီး ရွှေမြင်းပျံ ပုသိမ် ဟာလဝါဆိုင် ဝင်ရောက်၍ ဝယ်ယူ ခဲ့ပါတယ်။ ဆိုင်ဝန်းဟာ အတော် ကျယ်ပြန့်ပြီး၊ ကားရေဆေးဖို့ ရေပိုက်များပါ ဆင်ပေးထား ပါသေးတယ်။ ဟာလဝါ အပြင် ကလေး ကစားစရာ များပါ တွဲဖက် ရောင်းချလို့ ကလေးတွေ အတွက် ကစားစရာပါ ဝယ်ပေးခဲ့ရ သေးတယ်။ အမျိုးသမီး ပစ္စည်း၊ အဝတ်အထည် မရောင်းလို့တော်ပါသေးတယ်။ ရောင်းရင် ဟင်္သာတမြို့ မရောက်ဘဲ ရန်ကုန်တန်းပြန်ရမယ့် ကိန်းပဲ။ ဟာလဝါ ဝယ်ပြီး ပုသိမ်-မုံရွာ လမ်းအတိုင်း ထွက်ခွာ ခဲ့ပါတယ်။ ပုသိမ်-ရန်ကုန်လမ်း နဲ့ ကျောင်းကုန်း မရောက်ခင် မိုင်တိုင် ၃၀ လောက်မှာ လမ်းခွဲ ပါတယ်။ ပုသိမ်- မုံရွာလမ်း ကတော့ ၄ လမ်းသွား အတော်လေး မောင်းလို့ ကောင်းပါတယ်။ ကားလည်းရှင်းပါတယ်။ ရေကြည် ရောက်ပြီးရင်တော့ ကွင်းကောက်ဘက် ဆက်မသွားဘဲ ကျုံပျော်- အထောင် ဘက်ကနေ သွားရမှာ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာလမ်း အတိုင်း ကွင်းကောက် ဘက်က သွားရင်လည်း ရပေမယ့် ကွင်းကောက်- မြို့တွင်းလမ်း သိပ်မကောင်း ကြောင်း သိရသဖြင့် ရေကြည် ဘက်က သွားခဲ့ ရပါတယ်။ လမ်းကျဉ်း ပေမယ် ကတ္တရာလမ်း အတော်လေး ကောင်းပါတယ်။ လမ်းကောင်းတော့ ခရီးသွားရတာ အရသာ ရှိပါတယ်။ မိသားစု စကားလေးပြော၊ FM Radio လေး နားထောင် လိုက်နဲ့ ခရီးသွားခြင်းဆိုတာ အပန်းလည်းပြေ၊ ဗဟုသုတ လည်းရတဲ့ အရာပါပဲ။ ကလေးတွေလည်း နေ့တစ်ဓူ၀ ကျောင်းစာတွေ နဲ့ပဲ လုံးပမ်းနေရတော့ Refresh ဖြစ်တာပေါ့။

       ၂ နာရီလောက် ဖြည်းဖြည်းမှန်မှန်လေးပဲမောင်းလာလိုက်တာ နိဗ္ဗာန်ရွာအရောက် လမ်းဘေးမှာ အမျိုး သမီး အကြိုက် နာနတ်သီး ဆိုင်တွေ တွေ့လို့ မေးကြည့်တော့ နိဗ္ဗာန်ရွာ နာနတ်သီးက ဧရာဝတီ တိုင်းမှာ နာမည်ကြီး ဆိုပဲဗျ။ အသီးတွေကကြီးပြီး အတော်ချိုတယ်။ ဈေးကလည်း ရန်ကုန်ထက် ထက်ဝက် လောက် သက်သာ ပါတယ်။ အဲဒါနဲ့ ထုံးစံအတိုင်း ဝယ်လာ လိုက်သေးတယ်။ မိန်းမတွေများ ဈေးသာ ဝယ် နေရရင် ၉၆ ပါး ရောဂါ တစ်ဝက်လောက် ပျောက်တယ်ဆိုတာ တကယ်။ နေထိုင်မကောင်းရင် ဆေးခန်း နောက်မှပို့ Shopping သာအရင် ထွက်ခိုင်း လိုက်ပါ။ ထူးခြားမှု တစ်ခုတော့ တွေ့ရမှာ ကျိန်းသေ ပါပဲဗျာ။

       ဟင်္သာတမြို့ ကလည်း သိပ်မလိုတော့ဘူး ဆိုတော့ နာနတ်သီး ဆိုင် က ပြောပြလို့ နိဗ္ဗာန်ရွာနားက ဆရာတော် ဦးသြဘာသ မိသားစု တည်ထား ကိုးကွယ် ထားသော ရန်ကုန် စွယ်တော် စေတီနှင့် ဆင်တူသည့် တောင်းတိုင်းပြည့် စေတီတော် မြတ်ကြီးကို လည်း ဝင်ရောက် ဖူးမျှော် သာဓုခေါ် ပီတိဖြစ်ခဲ့ရပါတယ်။ ဧက ၃၀ ခန့်ရှိသော မြေပေါ်တွင် စေတီ၊ သံဃာဆောင်၊ ပန်းခြံ စသဖြင့် စနစ်တကျ လှူဒါန်း ထားသော သာသနာ့ နယ်မြေ ဖြစ်ပါတယ်။ မိတ်ဆွေများ ကြည်ညိုသဒ္ဒါ ပွားနိုင်အောင် ဓါတ်ပုံများ ထည့်ပေး ထားပါတယ်။ တောင်းတိုင်းပြည့် စေတီ ကနေ ပြန်ထွက်ပြီး ၃၀ မိနစ်လောက် အကြာ ဟင်္သာတမြို့အဝင်က နတ်မော်ရွာရှိ တိလောက ဦးလျှောင် ရှင်သာလျောင်း ဘုရားကြီး ကိုရောက် ပါပြီ။မြန်မာနိုင်ငံတွင်း အကြီးဆုံးလျောင်းတော်မူ ဘုရားြ ဖစ်ကြောင်း သိရှိထားသဖြင့် ဘုရားဖူးဝင်ရောက်ခဲ့ပါတယ်။ ပြည်တွင်း/ြ ပည်ပ လျောင်းတော်မူ ဘုရားတွေ ထဲမှာ ဉာဏ်တော် အရှည်ဆုံးဖြစ်ပြီး ၇၆.၈ မီတာ ရှိကြောင်း လေ့လာ မှတ်သား ရပါတယ်။ မြန်မာ နိုင်ငံမှာ ရောက်လေရာ တန်ခိုးကြီးဘုရား တွေရှိနေပြီး ဘုရားရိပ် တရားရိပ် အောက်မှာ နေရတာ တကယ်ကို တန်ဖိုးရှိ လှပါတယ်။ဘုရားဖူးပြီး ဆက်ထွက်လာခဲ့ရာ ၁၀ မိနစ်လောက် မောင်းပြီးတာနဲ့ ဟင်္သာတမြို့ ကိုရောက်ပါပြီ။ ဇလွန်ပြည်တော်ပြန် ဘုရားဖူး သွားကြသူများ ဝင်ရောက်ဖူးမျှော် လေ့လာသင့်ပါတယ်။

ဟင်္သာတမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်မှာ တည်ရှိပြီး မိုးရာသီတိုင်း စိုးရိမ်ရေမှတ် အမြဲကျော် တတ်ကာ ဧရာဝတီမြစ် ပျမ်းမျှမြစ်ရေ အမှတ်အောက် ၄ ပေခန့် နိမ့်နေတဲ့ မြို့ဖြစ်ပါတယ်။ မြို့ရဲ့ မြေမျက်နှာ သွင်ပြင် ကတော့ ဒယ်အိုးပုံရှိပြီး အဓိက မြို့ရေထွက်ပေါက် ၃ ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင် စာရင်း အရ ဟင်္သာတမြို့နယ်မှာ မြို့နေလူဦးရေ ၇၄၉၄၃ ယောက်ရှိပြီး ကျေးလက်နေ လူဦးရေ ၂၅၄၀၄၁ ယောက် စုစုပေါင်း ၃၂၈၉၈၄ ယောက် နေထိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါ တယ်။ ဟင်္သာတမြို့ ပတ်ဝန်းကျင်ဟာ ဆန်စပါး အဓိက စိုက်ပျိုး ထွက်ရှိပြီး ပဲ၊ ပြောင်း၊ ငြုပ်စတဲ့ ကိုင်းသီးနှံတွေ အများအပြား ထွက်ရှိပါတယ်။ မြန်မာ စကားကို အများဆုံး ပြောဆိုပြီး ကရင်စကားကိုလည်း ပြောဆိုကြပါတယ်။

       ဟင်္သာတမြို့ဟာ ရှေးယခင်က မွန်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့ ဖူးပြီး ပုဂံအင်ပါယာ ထဲက မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မင်းသားကြီး ကောလိပ် ဂျင်နေဝင်း၊ ဟင်္သာတ မြင့်ငွေ ၊ဟင်္သာတ ထွန်းရင်၊ မင်းအောင် ၊ဦးမိုးဒီ ၊ ဦးမော့စ်(လေးမျက်နှာ)၊အကော်ဒီယံ အုန်းကျော် စတဲ့ အနုပညာရှင်တေ၊ွ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ အာဇာနည် တစ်ဦးဖြစ်သော ယုန်သလင်းရွာမှ မန်းဘခိုင်၊ တို့ဗမာ အစည်းအရုံးကြီးကို ထူထောင်ခဲ့သူများမှ တစ်ဦးအပါအဝင်ဖြစ်သော ဝန်ကြီးဟောင်း သခင် ဗစိန်၊ မန်းဘခိုင်၊ ဖဆပလ ခရိုင် ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတ ဦးမြ၊ ဝန်ကြီး သခင် ချစ်မောင် (မြန်အောင်)၊ ဝန်ကြီး စောအောင်ပ၊ အလံနီ ဗိုလ်အောင်မင်း စတဲ့ စစ်ဘက် အရပ်ဘက် နယ်ပယ် ပေါင်းစုံမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ဇာတိချက်မြှုပ်မြို့ ဖြစ်ပါတယ်။

       ဟင်္သာတမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာကတော့ ဟင်္သာတ မုန့်ဟင်းခါးဖြစ်ပြီး ဟင်္သာတ မြို့ရောက်ရင် မလွတ်တမ်း စားသုံးသင့် ပါတယ်။ ဟင်္သာတ မုန့်ဟင်းခါးကို မြို့ခံများက မနက်စာအဖြစ် စားသုံးလေ့ရှိပြီး ရပ်ကွက်တိုင်းနဲ့ လမ်းဆုံအတော် များများမှာ မုန့်ဟင်းခါး အရောင်း ဆိုင်များကို တွေ့မြင်နိုင်ပြီး မင်္ဂလာဧည့်ခံပွဲ အလှူပွဲတွေမှာ မပါမဖြစ် ဖြစ်ပါတယ်။ အလည် ရောက်လာ သူတိုင်း ပြောစမှတ် ပြုရတဲ့ ဟင်းသီး ဟင်းရွက် ဈေးနှုန်း ချိုသာတဲ့၊ အစား အသောက် ပေါများတဲ့ မြို့ ဖြစ်ပါ တယ်။ ဟင်္သာတမြို့ရဲ့ နာမည် ကြီးတဲ့ အစားအစာ နောက်တစ်မျိုး ကတော့ ဒေါ်မြရီ (ခ) ဒေါ်ခွေး ဝက်အူချောင်း နှင့် ကြက်အူချောင်း ပဲ ဖြစ်ပါတယ်။ ဟင်္သာတမြို့ ဇာတိ မိတ်ဆွေ တစ်ဦး ကလည်း ညွှန်းလွန်း တာကြောင့် မရောက် ရောက်အောင် သွားရောက် ဝယ်ယူခဲ့ ရပါသေး တယ်။ ဆိုင်မှာ ဆိုင်းဘုတ် တပ်ဆင် ထားခြင်းမရှိ သော်လည်း တစ်မြို့လုံး၊ ဒေသ တစ်ခုလုံး သိသော Brand တစ်ခုပါပဲ။ ဆိုင်ရှင်မှလည်း ဝက်အူ ချောင်း ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် လတ်လတ် ဆတ်ဆတ် ဖြစ်အောင်စီမံ ထားပုံကို ရှင်းပြပါသေးတယ်။ ကျွန်တော့် တစ်သက် စားဖူးသမျှ ဝက်အူချောင်း ထဲမှာတော့ အကောင်းဆုံး ဖြစ်လို့ ရဲရဲကြီးအာမခံ ပါတယ်။ ဟင်္သာတမြို့ ရောက်ရင် ဒေါ်ခွေးလေး ဝက်အူချောင်း ကို ဝယ်ဖြစ်အောင်ဝယ်ကြပါလို့။ နေ့လယ်စာကို အထက(၃) မျက်နှာချင်းဆိုင်က ငွေနန်းထိုက် မြန်မာထမင်းဆိုင်မှာ စားလိုက် ပါတယ်။ ဧရာဝတီ မြစ်ကမ်း ဘေးက မြို့ဆိုတော့ ငါးဟင်း မျိုးစုံ လတ်လတ် ဆတ်ဆတ် စားလို့အတော် ကောင်းပါတယ်။

       ဟင်္သာတမြို့မှာ ဦးပါရဲ စေတီတော်၊ မြို့သူကြီး စေတီတော်၊ ကျောက်တော်ကြီး စေတီတော်၊ ငါးမျက်နှာ စေတီတော်၊ ဆယ်ထပ်ကြီး စေတီတော်၊ ကျောက်ထီး သန္တု စေတီတော် စတဲ့ တန်ခိုးကြီး စေတီတော်တွေ ရှိတဲ့ အပြင် ဟင်္သာတမြို့အနားက သမိုင်းဝင် ဇလွန်ပြည်တော်ပြန် ဘုရားဟာ မြန်မာနိုင်ငံမှာ ထင်ရှားပါတယ်။ ဟင်္သာတမြို့ ပေါ်မှာ ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၁၅ ကျောင်းရှိပြီး နှစ်စဉ် ဝါဆို သံဃာ အပါး ၃၀၀၀ ကျော်ရှိကာ ပရိတ် ပဌာန်းများ နေ့ည မပြတ် ရွတ်ဆို ပူဇော်ေ လ့ရှိတဲ့ သာသနာ ရောင်ဝါ ထွန်းလင်းတဲ့ မြို့ပါ။ သံဃာများ၊ သီလရှင်များ အား နွေရော မိုးပါ သံဃဒါန ဆွမ်းပတ်များမှ နေ့စဉ်ဆွမ်း လောင်းလှူ တဲ့ သဒ္ဓါတရား ပြည့်ဝတဲ့ မြို့ပါ။ အဆိုပါ ဆွမ်းပတ်များမှာ ဆွမ်းလောင်း လှူဖို့ တစ်နှစ်ခန့် ကြိုတင် စာရင်း ပေးရ လောက်အောင် အလှူရှင် ပေါများ ပါတယ်။ မနက်ခင်း အရုဏ်မှာ သံဃာတွေ တန်းစီဆွမ်းခံ ထွက်တဲ့ မြင်ကွင်းလေး ကလည်း ဟင်္သာတမြို့ရဲ့ ငြိမ်းချမ်း စည်ပင်မှုကို ထင်ဟပ်တဲ့ မြင်ကွင်း ဖြစ်တယ် လို့လည်း ဖတ်မှတ် ဖူးပါတယ်။

       ဟင်္သာတမြို့ဟာ နေ့ချင်းပြန် သွားရောက် လည်ပတ် နိုင်တာ ဖြစ်လို့ ညအိပ် တည်းခို ဖို့တော့ မလိုအပ် ပါဘူး။ ဒါပေမဲ့ ညအိပ် တည်းခို ချင်တယ် ဆိုရင်လည်း Luckey Guest House, ဂန္တမာ တည်းခိုခန်းများ တွင်တည်းခို နိုင်ပါတယ်။ ဟင်္သာတမြို့တွင်း လမ်းများဟာ သပ်ရပ်ကောင်း မွန်ပြီး မိုးဦးကျ စိန်ပန်းနီများ ပွင့်နေချိန်ဖြစ်သဖြင့် လည်း ကြည့်လို့ကောင်းနေပြန်ပါတယ်။ နေ့လယ်စာ စားပြီး ဦးပါရဲ စေတီဖူးမျှော်၍ ဇလွန်မြို့ဘက်သို့ ဆက်လက် ထွက်ခွာ လာခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
AT(New Autumn Travels & Tours)
မှီငြမ်းကိုးကား-
၁။ ပုသိမ်-ဟင်္သာတ ခရီးသွားမှတ်တမ်း
၂။ Internet မှ အချက်အလက်များ
၃။ Wikiperia
       


စူးစမ်းလေ့လာသွားချင်စရာ(၃)

ဟင်္သာတမြို့ဆီသို့


20/1/2018
1 Comment
ဟင်္သာတမြို့ဆီသို့
ရန်ကုန်မြို့မှ နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်သည့် စည်ကား သော ခရိုင်မြို့ကြီး တစ်မြို့ဖြစ် ပါတယ်။ နာမည်ကြီး ဇလွန်ပြည် တော် ပြန်ဘုရား တည်ရှိရာ မြို့နယ်လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ သွားရောက် လည်ပတ် နိုင်သလို ငွေဆောင်၊ ချောင်းသာ၊ မော်တင်စွန်း ဘုရားပွဲများ သွားရောက် လည်ပတ်ပြီး ရန်ကုန်မြို့သို့ အပြန် ပုသိမ်မြို့မှ တစ်ဆင့်လည်း သွားရောက်လည်ပတ် နိုင်ပါသည်။ ကျွန်တော်တို့ မိသားစု အလုပ်ကိစ္စဖြင့် ပုသိမ်မြို့သို့ သွားရောက် ခဲ့ရာမှ အပြန်တွင် အချိန်ရရှိနေသဖြင့် ဇလွန် ပြည်တော်ပြန် ဘုရားလည်း ဖူးမျှော် ကြည်ညို လိုပြီး ကလေး များလည်း ဒေသန္တရ ဗဟုသုတ ရရှိစေရန် ဟင်္သာတမြို့နှင့် ဇလွန်မြို့များသို့ သွားရောက် လည်ပတ် ခဲ့ပါတယ်။ မိမိသွားရောက် လည်ပတ် ခဲ့သော ခရီးစဉ်အား မိမိမိတ်ဆွေ များအား ပြန်လည် မျှဝေ ပေးလို သဖြင့် စူးစမ်း လေ့လာ သွားချင် စရာ ဟင်္သာတမြို့လေးဆီသို့ ခေါင်းစဉ်ဖြင့် Review ရေးသား တင်ပြ လိုက်ရပါတယ်။

ကျွန်တော်တို့မိသားစု သွားခဲ့တဲ့ ခရီးစဉ်ကတော့ ပုသိမ် မှအပြန် ပုသိမ်-မုံရွာကားလမ်း-ရေကြည်-အထောင်-နိဗ္ဗာန်-ဟင်္သာတမြို့-ဇလွန်-ဓနုဖြူ-ညောင်တုန်း-ရန်ကုန် ခရီးစဉ်ပဲဖြစ်ပါတယ်။ ပုသိမ်မြို့တွင် မိတ်ဆွေ ကိုထင်ကျော်ဖြင့် နံနက်စာစားပြီး သွားရောက်ရမယ့် လမ်းကြောင်း၊ ကားလမ်း အခြေ အနေကို မေးကြည့်ရာ ကားလေးများ သွားလာနိုင်ပြီး လမ်းများ ကောင်းမွန်ကြောင်း သိရှိခဲ့ရပါတယ်။ မနက် ၈:၃၀ နာရီ လောက်တွင် စတင်ထွက်ခွာခဲ့ရာ ဟင်္သာတမြို့သို့ ၁၂:၃၀ နာရီလောက်တွင် ရောက်ရှိခဲ့ပါတယ်။ တကယ် မောင်းချိန်ကတော့ ၃ နာရီလောက်ပဲ ကြာမယ် ထင်ပါတယ်။ ပုသိမ်မှ ဟင်္သာတမြို့သို့ ပြေးဆွဲသော ကားလိုင်း များ ဖြင့်လည်းကောင်း၊ ရထားဖြင့် လည်းကောင်း သွားရောက် လည်ပတ် နိုင်သလို ရေလမ်းကြောင်း နှင့်လည်း သွားနိုင် ပါတယ်။ Private ကားများဖြင့် သွားရောက် လည်ပတ်မယ် ဆိုရင်တော့ လမ်းခရီးမှာ ဝင်ရောက် လည်ပတ် ချင်စရာ နေရာများအား လည်ပတ်နိုင်ခြင်း၊ ဒေသန္တရ အစားအစာများ အိမ်အပြန်လက်ဆောင် ဝယ်ယူနိုင်ခြင်း၊ ရှုခင်း များအား ဓါတ်ပုံရိုက်ခြင်း စသည်များ ဆောင်ရွက် နိုင်ပါတယ်။

ပုသိမ်မြို့ အထွက်မှာ နာမည်ကြီး ရွှေမြင်းပျံ ပုသိမ် ဟာလဝါဆိုင် ဝင်ရောက်၍ ဝယ်ယူ ခဲ့ပါတယ်။ ဆိုင်ဝန်းဟာ အတော် ကျယ်ပြန် ့ပြီး၊ ကားရေဆေးဖို့ ရေပိုက်များပါ ဆင်ပေးထား ပါသေးတယ်။ ဟာလဝါ အပြင် ကလေး ကစားစရာ များပါ တွဲဖက် ရောင်းချလို့ ကလေးတွေ အတွက် ကစားစရာပါ ဝယ်ပေးခဲ့ရ သေးတယ်။ အမျိုးသမီး ပစ္စည်း၊ အဝတ်အထည် မရောင်းလို့တော်ပါသေးတယ်။ ရောင်းရင် ဟင်္သာတမြို့ မရောက်ဘဲ ရန်ကုန်တန်းပြန်ရမယ့် ကိန်းပဲ။ ဟာလဝါ ဝယ်ပြီး ပုသိမ်-မုံရွာ လမ်းအတိုင်း ထွက်ခွာ ခဲ့ပါတယ်။ ပုသိမ်-ရန်ကုန်လမ်း နဲ့ ကျောင်းကုန်း မရောက်ခင် မိုင်တိုင် ၃၀ လောက်မှာ လမ်းခွဲ ပါတယ်။ ပုသိမ်- မုံရွာလမ်း ကတော့ ၄ လမ်းသွား အတော်လေး မောင်းလို့ ကောင်းပါတယ်။ ကားလည်းရှင်းပါတယ်။ ရေကြည် ရောက်ပြီးရင်တော့ ကွင်းကောက်ဘက် ဆက်မသွားဘဲ ကျုံပျော်- အထောင် ဘက်ကနေ သွားရမှာ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာလမ်း အတိုင်း ကွင်းကောက် ဘက်က သွားရင်လည်း ရပေမယ့် ကွင်းကောက်- မြို့တွင်းလမ်း သိပ်မကောင်း ကြောင်း သိရသဖြင့် ရေကြည် ဘက်က သွားခဲ့ ရပါတယ်။ လမ်းကျဉ်း ပေမယ် ကတ္တရာလမ်း အတော်လေး ကောင်းပါတယ်။ လမ်းကောင်းတော့ ခရီးသွားရတာ အရသာ ရှိပါတယ်။ မိသားစု စကားလေးပြော၊ FM Radio လေး နားထောင် လိုက်နဲ့ ခရီးသွားခြင်းဆိုတာ အပန်းလည်းပြေ၊ ဗဟုသုတ လည်းရတဲ့ အရာပါပဲ။ ကလေးတွေလည်း နေ့တစ်ဓူဝ ကျောင်းစာတွေ နဲ့ပဲ လုံးပမ်းနေရတော့ Refresh ဖြစ်တာပေါ့။

၂ နာရီလောက် ဖြည်းဖြည်းမှန်မှန်လေးပဲမောင်းလာလိုက်တာ နိဗ္ဗာန်ရွာအရောက် လမ်းဘေးမှာ အမျိုးသမီး အကြိုက် နာနတ်သီး ဆိုင်တွေ တွေ့လို့ မေးကြည့်တော့ နိဗ္ဗာန်ရွာ နာနတ်သီးက ဧရာဝတီ တိုင်းမှာ နာမည်ကြီး ဆိုပဲဗျ။ အသီးတွေကကြီးပြီး အတော်ချိုတယ်။ ဈေးကလည်း ရန်ကုန်ထက် ထက်ဝက် လောက် သက်သာ ပါတယ်။ အဲဒါနဲ့ ထုံးစံအတိုင်း ဝယ်လာ လိုက်သေးတယ်။ မိန်းမတွေများ ဈေးသာ ဝယ် နေရရင် ၉၆ ပါး ရောဂါ တစ်ဝက်လောက် ပျောက်တယ်ဆိုတာ တကယ်။ နေထိုင်မကောင်းရင် ဆေးခန်း နောက်မှပို့ Shopping သာအရင် ထွက်ခိုင်း လိုက်ပါ။ ထူးခြားမှု တစ်ခုတော့ တွေ့ရမှာ ကျိန်းသေ ပါပဲဗျာ။

ဟင်္သာတမြို့ ကလည်း သိပ်မလိုတော့ဘူး ဆိုတော့ နာနတ်သီး ဆိုင် က ပြောပြလို့ နိဗ္ဗာန်ရွာနားက ဆရာတော် ဦးသြဘာသ မိသားစု တည်ထား ကိုးကွယ် ထားသော ရန်ကုန် စွယ်တော် စေတီနှင့် ဆင်တူသည့် တောင်းတိုင်းပြည့် စေတီတော် မြတ်ကြီးကို လည်း ဝင်ရောက် ဖူးမျှော် သာဓုခေါ် ပီတိဖြစ်ခဲ့ရပါတယ်။ ဧက ၃၀ ခန့်ရှိသော မြေပေါ်တွင် စေတီ၊ သံဃာဆောင်၊ ပန်းခြံ စသဖြင့် စနစ်တကျ လှူဒါန်း ထားသော သာသနာ့ နယ်မြေ ဖြစ်ပါတယ်။ မိတ်ဆွေများ ကြည်ညိုသဒ္ဒါ ပွားနိုင်အောင် ဓါတ်ပုံများ ထည့်ပေး ထားပါတယ်။ တောင်းတိုင်းပြည့် စေတီ ကနေ ပြန်ထွက်ပြီး ၃၀ မိနစ်လောက် အကြာ ဟင်္သာတမြို့အဝင်က နတ်မော်ရွာရှိ တိလောက ဦးလျှောင် ရှင်သာလျောင်း ဘုရားကြီး ကိုရောက် ပါပြီ။မြန်မာနိုင်ငံတွင်း အကြီးဆုံးလျောင်းတော်မူ ဘုရားြ ဖစ်ကြောင်း သိရှိထားသဖြင့် ဘုရားဖူးဝင်ရောက်ခဲ့ပါတယ်။ ပြည်တွင်း/ြ ပည်ပ လျောင်းတော်မူ ဘုရားတွေ ထဲမှာ ဉာဏ်တော် အရှည်ဆုံးဖြစ်ပြီး ၇၆.၈ မီတာ ရှိကြောင်း လေ့လာ မှတ်သား ရပါတယ်။ မြန်မာ နိုင်ငံမှာ ရောက်လေရာ တန်​ခိုးကြီးဘုရား တွေရှိနေပြီး ဘုရားရိပ် တရားရိပ် အောက်မှာ နေရတာ တကယ်ကို တန်ဖိုးရှိ လှပါတယ်။ဘုရားဖူးပြီး ဆက်ထွက်လာခဲ့ရာ ၁၀ မိနစ်လောက် မောင်းပြီးတာနဲ့ ဟင်္သာတမြို့ ကိုရောက်ပါပြီ။ ဇလွန်ပြည်တော်ပြန် ဘုရားဖူး သွားကြသူများ ဝင်ရောက်ဖူးမျှော် လေ့လာသင့်ပါတယ်။

ဟင်္သာတမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်မှာ တည်ရှိပြီး မိုးရာသီတိုင်း စိုးရိမ်ရေမှတ် အမြဲကျော် တတ်ကာ ဧရာဝတီမြစ် ပျမ်းမျှမြစ်ရေ အမှတ်အောက် ၄ ပေခန့် နိမ့်နေတဲ့ မြို့ဖြစ်ပါတယ်။ မြို့ရဲ့ မြေမျက်နှာ သွင်ပြင် ကတော့ ဒယ်အိုးပုံရှိပြီး အဓိက မြို့ရေထွက်ပေါက် ၃ ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင် စာရင်း အရ ဟင်္သာတမြို့နယ်မှာ မြို့နေလူဦးရေ ၇၄၉၄၃ ယောက်ရှိပြီး ကျေးလက်နေ လူဦးရေ ၂၅၄၀၄၁ ယောက် စုစုပေါင်း ၃၂၈၉၈၄ ယောက် နေထိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါ တယ်။ ဟင်္သာတမြို့ ပတ်ဝန်းကျင်ဟာ ဆန်စပါး အဓိက စိုက်ပျိုး ထွက်ရှိပြီး ပဲ၊ ပြောင်း၊ ငြုပ်စတဲ့ ကိုင်းသီးနှံတွေ အများအပြား ထွက်ရှိပါတယ်။ မြန်မာ စကားကို အများဆုံး ပြောဆိုပြီး ကရင်စကားကိုလည်း ပြောဆိုကြပါတယ်။

ဟင်္သာတမြို့ဟာ ရှေးယခင်က မွန်လူမျိုးများ နေထိုင်ရာ ဒေသဖြစ်ခဲ့ ဖူးပြီး ပုဂံအင်ပါယာ ထဲက မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မင်းသားကြီး ကောလိပ် ဂျင်နေဝင်း၊ ဟင်္သာတ မြင့်ငွေ ၊ဟင်္သာတ ထွန်းရင်၊ မင်းအောင် ၊ဦးမိုးဒိီ ၊ ဦးမော့စ်(လေးမျက်နှာ)၊အကော်ဒီယံ အုန်းကျော် စတဲ့ အနုပညာရှင်တေ၊ွ အမျိုးသား ပညာဝန် ဦးဖိိုုးကျား၊ အာဇာနည် တစ်ဦးဖြစ်သော ယုန်သလင်းရွာမှ မန်းဘခိုင်၊ တို့ဗမာ အစည်းအရုံးကြီးကို ထူထောင်ခဲ့သူများမှ တစ်ဦးအပါအဝင်ဖြစ်သော ဝန်ကြီးဟောင်း သခင် ဗစိန်၊ မန်းဘခိုင်၊ ဖဆပလ ခရိုင် ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတ ဦးမြ၊ ဝန်ကြီး သခင် ချစ်မောင် (မြန်အောင်)၊ ဝန်ကြီး စောအောင်ပ၊ အလံနီ ဗိုလ်အောင်မင်း စတဲ့ စစ်ဘက် အရပ်ဘက် နယ်ပယ် ပေါင်းစုံမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ဇာတိချက်မြှုပ်မြို့ ဖြစ်ပါတယ်။

ဟင်္သာတမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာကတော့ ဟင်္သာတ မုန့်ဟင်းခါးဖြစ်ပြီး ဟင်္သာတ မြို့ရောက်ရင် မလွတ်တမ်း စားသုံးသင့် ပါတယ်။ ဟင်္သာတ မုန့်ဟင်းခါးကို မြို့ခံများက မနက်စာအဖြစ် စားသုံးလေ့ရှိပြီး ရပ်ကွက်တိုင်းနဲ့ လမ်းဆုံအတော် များများမှာ မုန့်ဟင်းခါး အရောင်း ဆိုင်များကို တွေ့မြင်နိုင်ပြီး မင်္ဂလာဧည့်ခံပွဲ အလှူပွဲတွေမှာ မပါမဖြစ် ဖြစ်ပါတယ်။ အလည် ရောက်လာ သူတိုင်း ပြောစမှတ် ပြုရတဲ့ ဟင်းသီး ဟင်းရွက် ဈေးနှုန်း ချိုသာတဲ့၊ အစား အသောက် ပေါများတဲ့ မြို့ ဖြစ်ပါ တယ်။ ဟင်္သာတမြို့ရဲ့ နာမည် ကြီးတဲ့ အစားအစာ နောက်တစ်မျိုး ကတော့ ဒေါ်မြရီ (ခ) ဒေါ်ခွေး ဝက်အူချောင်း နှင့် ကြက်အူချောင်း ပဲ ဖြစ်ပါတယ်။ ဟင်္သာတမြို့ ဇာတိ မိတ်ဆွေ တစ်ဦး ကလည်း ညွှန်းလွန်း တာကြောင့် မရောက် ရောက်အောင် သွားရောက် ဝယ်ယူခဲ့ ရပါသေး တယ်။ ဆိုင်မှာ ဆိုင်းဘုတ် တပ်ဆင် ထားခြင်းမရှိ သော်လည်း တစ်မြို့လုံး၊ ဒေသ တစ်ခုလုံး သိသော Brand တစ်ခုပါပဲ။ ဆိုင်ရှင်မှလည်း ဝက်အူ ချောင်း ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် လတ်လတ် ဆတ်ဆတ် ဖြစ်အောင်စီမံ ထားပုံကို ရှင်းပြပါသေးတယ်။ ကျွန်တော့် တစ်သက် စားဖူးသမျှ ဝက်အူချောင်း ထဲမှာတော့ အကောင်းဆုံး ဖြစ်လို့ ရဲရဲကြီးအာမခံ ပါတယ်။ ဟင်္သာတမြို့ ရောက်ရင် ဒေါ်ခွေးလေး ဝက်အူချောင်း ကို ဝယ်ဖြစ်အောင်ဝယ်ကြပါလို့။ နေ့လယ်စာကို အထက(၃) မျက်နှာချင်းဆိုင်က ငွေနန်းထိုက် မြန်မာထမင်းဆိုင်မှာ စားလိုက် ပါတယ်။ ဧရာဝတီ မြစ်ကမ်း ဘေးက မြို့ဆိုတော့ ငါးဟင်း မျိုးစုံ လတ်လတ် ဆတ်ဆတ် စားလို့အတော် ကောင်းပါတယ်။

ဟင်္သာတမြို့မှာ ဦးပါရဲ စေတီတော်၊ မြို့သူကြီး စေတီတော်၊ ကျောက်တော်ကြီး စေတီတော်၊ ငါးမျက်နှာ စေတီတော်၊ ဆယ်ထပ်ကြီး စေတီတော်၊ ကျောက်ထီး သန္တု စေတီတော် စတဲ့ တန်ခိုးကြီး စေတီတော်တွေ ရှိတဲ့ အပြင် ဟင်္သာတမြို့အနားက သမိုင်းဝင် ဇလွန်ပြည်တော်ပြန် ဘုရားဟာ မြန်မာနိုင်ငံမှာ ထင်ရှားပါတယ်။ ဟင်္သာတမြို့ ပေါ်မှာ ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၁၅ ကျောင်းရှိပြီး နှစ်စဉ် ဝါဆို သံဃာ အပါး ၃၀ဝ၀ ကျော်ရှိကာ ပရိတ် ပဌာန်းများ နေ့ည မပြတ် ရွတ်ဆို ပူဇေော် လ့ရှိတဲ့ သာသနာ ရောင်ဝါ ထွန်းလင်းတဲ့ မြို့ပါ။ သံဃာများ၊ သီလရှင်များ အား နွေရော မိုးပါ သံဃဒါန ဆွမ်းပတ်များမှ နေ့စဉ်ဆွမ်း လောင်းလှူ တဲ့ သဒ္ဓါတရား ပြည့်ဝတဲ့ မြို့ပါ။ အဆိုပါ ဆွမ်းပတ်များမှာ ဆွမ်းလောင်း လှူဖို့ တစ်နှစ်ခန့် ကြိုတင် စာရင်း ပေးရ လောက်အောင် အလှူရှင် ပေါများ ပါတယ်။ မနက်ခင်း အရုဏ်မှာ သံဃာတွေ တန်းစီဆွမ်းခံ ထွက်တဲ့ မြင်ကွင်းလေး ကလည်း ဟင်္သာတမြို့ရဲ့ ငြိမ်းချမ်း စည်ပင်မှုကို ထင်ဟပ်တဲ့ မြင်ကွင်း ဖြစ်တယ် လို့လည်း ဖတ်မှတ် ဖူးပါတယ်။

ဟင်္သာတမြို့ဟာ နေ့ချင်းပြန် သွားရောက် လည်ပတ် နိုင်တာ ဖြစ်လို့ ညအိပ် တည်းခို ဖို့တော့ မလိုအပ် ပါဘူး။ ဒါပေမဲ့ ညအိပ် တည်းခို ချင်တယ် ဆိုရင်လည်း Luckey Guest House, ဂန္တမာ တည်းခိုခန်းများ တွင်တည်းခို နိုင်ပါတယ်။ ဟင်္သာတမြို့တွင်း လမ်းများဟာ သပ်ရပ်ကောင်း မွန်ပြီး မိုးဦးကျ စိန်ပန်းနီများ ပွင့်နေချိန်ဖြစ်သဖြင့် လည်း ကြည့်လို ့ကောင်းနေပြန်ပါတယ်။ နေ့လယ်စာ စားပြီး ဦးပါရဲ စေတီဖူးမျှော်၍ ဇလွန်မြို့ဘက်သို့ ဆက်လက် ထွက်ခွာ လာခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
AT(New Autumn Travels & Tours)
မှီငြမ်းကိုးကား-
၁။ ပုသိမ်-ဟင်္သာတ ခရီးသွားမှတ်တမ်း
၂။ Internet မှ အချက်အလက်များ
၃။ Wikiperia

No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts