Showing posts with label Myanmar Blog. Show all posts
Showing posts with label Myanmar Blog. Show all posts

Thursday, January 15, 2026

ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည်

ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည်
စူးစမ်းလေ့လာ သွားချင်စရာ (၁၃)

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသော ခရီးစဉ်တစ်ခုဖြစ်သည့် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ( 16.2.2026) မှ (2.3.2026 ) ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးလာရောက်ရင်း တစ်ဆက်တည်း ကျောက်ကလပ်ကမ်းခြေ သို့ သွားရောက်လည်ပတ်လိုကြသော ဧည့်သည်တော်များအတွက် စုံစမ်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားရင်း ဤခရီးသွားလမ်းညွှန်ကို ရေးသားလိုက်ရပါသည်။

ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်

     ကျောက်ကလပ်ကမ်းခြေသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသော ရေညှိခွက်များ၊ မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များ၊ ချောက်ကမ်းပါးများ တည်ရှိနေပြီး ရုပ်ရှင်ရိုက်ကူးရေးနှင့် အလှဓာတ်ပုံရိုက်ကူးလိုသူများကြောင့် ပိုမိုထင်ရှားလာသည့် ကမ်းခြေတစ်ခု ဖြစ်ပါသည်။
ကျောက်ကလပ်ကမ်းခြေ
     လှပသော ရေညှိစိမ်းများနှင့် မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များမှာ ထုံးကျောက်တောင်များကို နှစ်ကာလကြာရှည်စွာ ပင်လယ်ရေ တိုက်စားခြင်းကြောင့် သဘာဝအတိုင်း ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ကျောက်ကလပ်များ တည်ရှိရာနေရာသည် မြတ်မော်တင်စွန်းစေတီတော် တည်ရှိရာ Purian Point နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ထိပ်စွန်း ဟုခေါ်သော အရပ်ဒေသတွင် တည်ရှိပြီး ပင်လယ်ထဲသို့ ထိုးထွက်နေသော တောင်ဘက်အစွန်းတွင် ဖြစ်ပါသည်။ အဆိုပါနေရာသည် ပြင်ခရိုင် ကျေးရွာအုပ်စုအတွင်းတွင် တည်ရှိပြီး ကမ်းသာယာကျေးရွာ၊ ဒီးဒူးကုန်းကျေးရွာများနှင့် အနီးဆုံးတွင် ရှိပါသည်။
ကျောက်ကလပ်ကမ်းခြေ မှ ကျောက်ကလပ်များ
     ကျောက်ကလပ်များ တည်ရှိရာနေရာသို့ သွားရောက်လိုပါက လမ်းကြောင်း (၃) ခုဖြင့် သွားရောက်နိုင်ပါသည်။
(၁) ပုသိမ်မြို့မှ ချောင်းဝကျေးရွာသို့ တိုက်ရိုက်ပြေးဆွဲသော ရေယာဉ်များဖြင့် လည်းကောင်း၊
(၂) မော်တင်စွန်း–ဟိုင်းကြီးကျွန်းမှတစ်ဆင့် ငဝန်းမြစ် (ပုသိမ်မြစ်) ကို လှေဖြင့် ဖြတ်ကူး၍ လည်းကောင်း၊
(၃) လပွတ္တာမြို့မှတစ်ဆင့် သက္ကယ်သောင်မြစ်ကို ဇက်ဖြင့် ဖြတ်ကူး၍ လည်းကောင်း သွားရောက်နိုင်ပါသည်။
(ဇက်ကူးချိန်များမှာ နံနက် ၆ နာရီနှင့် ညနေ ၅ နာရီ တစ်နေ့လျှင် နှစ်ကြိမ်သာ ကူးနိုင်ပြီး၊ ကျန်အချိန်များတွင် အထူးအော်ဒါကြေး ပေး၍လည်း ကူးနိုင်ပါသည်။

ကျောက်ကလပ်ကမ်းခြေ

ကျောက်ကလပ်ကမ်းခြေ
 ကျောက်ကလပ်ကမ်းခြေ ပတ်ဝန်းကျင်တွင် ကျောက်ကလပ်များတည်ရှိရာ ကမ်းခြေ၊ ရေညှိပြင်များ၊ ဓားသွေးကျောက် ကမ်းခြေ၊ ထိပ်စွန်း၊ ကျောက်မီးဖိုလုပ်ငန်းများနှင့် တံငါလုပ်ငန်းများကို လည်ပတ်ကြည့်ရှုနိုင်ပြီး အလှဓာတ်ပုံများလည်း ရိုက်ကူးနိုင်ပါသည်။ ထိပ်စွန်းသည် ကပ္ပလီပင်လယ်ထဲသို့ ထိုးထွက်နေသော နေရာဖြစ်ပြီး လုံခြုံရေးစခန်းကို ဖြတ်သန်းရသဖြင့် လက်ရှိကာလတွင် သွားရောက်လည်ပတ်နိုင်ခြင်း မရှိသေးပါ။
ဓါးသွေးကျောက်ကမ်းခြေ
     ကျောက်ကလပ်ကမ်းခြေတွင် တည်းခိုခန်းများ မရှိသဖြင့် ညအိပ်တည်းခို၍ လည်ပတ်လိုသူများအနေဖြင့် ဒေသခံကျေးရွာရှိ ရွာခံများနှင့် ကြိုတင်ဆက်သွယ် စီစဉ်ထားရန် လိုအပ်ပါသည်။ အများစုမှာ မြတ်မော်တင်စွန်းစေတီတော်သို့ ဘုရားဖူးလာရင်း ကျောက်ကလပ်သို့ သွားရောက်လည်ပတ်ပြီး မော်တင်စွန်းတွင် ပြန်လည်ညအိပ်ကြပါသည်။
     မော်တင်စွန်းမှ ကျောက်ကလပ်သို့ သွားရောက်လည်ပတ်ရာတွင် ဟိုင်းကြီးကျွန်း သင်္ဘောဆိပ်မှတစ်ဆင့် ပုသိမ်မြစ် တစ်ဖက်ကမ်းရှိ ချောင်းဝသင်္ဘောဆိပ်သို့ လှေဖြင့် ကူးပြီး ထပ်မံ၍ ကားဖြင့် ကျောက်ကလပ်များ တည်ရှိရာနေရာသို့ သွားရောက်ရပါမည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ စင်းလုံးငှား အသွားအပြန် လှေခ ၇၀,၀၀၀ ကျပ်၊ ချောင်းဝသင်္ဘောဆိပ်မှ ကျောက်ကလပ်များ တည်ရှိရာသို့ ကားခမှာ Hijet – ၇၀,၀၀၀ ကျပ်၊ Oway – ၃၅,၀၀၀ ကျပ် ဖြစ်ပါသည်။
ကျောက်ကလပ်ကမ်းခြေ
ဓါးသွေးကျောက်ကမ်းခြေ
     ကျောက်ကလပ်များ တည်ရှိရာနေရာသည် ရေကျချိန် တွင် လည်ပတ်ရန် အကောင်းဆုံးဖြစ်သဖြင့် ရေတက်ရေကျ အချိန်ကို ချိန်ဆ၍ သွားရောက်ရန် လိုအပ်ပါသည်။ ရေညှိကွက်များကို ဇွန်လ၊ ဇူလိုင်လမှ ဇန်နဝါရီလအထိ ကြည့်ရှုနိုင်ပါသည်။ မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်ရင်း ကျောက်ကလပ်သို့ သွားရောက်လည်ပတ်လိုသူများအတွက် ဟိုင်းကြီးကျွန်းရှိ ကျိုက်တိစေတီတော် နှင့် ပြည်ချစ်ဘုရားများ ကိုလည်း တစ်ဆက်တည်း ဖူးမြော်နိုင်ပါသည်။
    မြတ်မော်တင်စွန်းမှ ကျောက်ကလပ်သို့ သွားရောက်လိုသော ပပဝတီဧည့်ရိပ်မွန် – မော်တင်စွန်း ၏ ဧည့်သည်များအတွက် ကျောက်ကလပ်ခရီးစဉ်များကို မေတ္တာဖြင့်ကူညီ စီစဉ်ပေးလျက်ရှိပါသည်။

မေတ္တာဖြင့်
အောင်သူ (စူးစမ်းလေ့လာ သွားချင်စရာ)
စျေးနှုန်းစုံစမ်းချင်တယ်ဆိုရင်
☎09 453440128
☎09 691673434
ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
ပုသိမ် - မော်တင်စွန်း လမ်း review ကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
အခန်းပုံများနှင့် စျေးနှုန်းများကို ကြည့်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
မော်တင်စွန်းဆောင်းပါးကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။




Monday, December 29, 2025

တိုင်းဧရာ၏ လှိုင်းခုန်ပွဲတော်ဆီသို့

 တိုင်းဧရာ၏ လှိုင်းခုန်ပွဲတော်ဆီသို့

စူးစမ်းလေ့လာ သွားချင်စရာ (၁၂)

        ဧရာ၀တီတိုင်းဒေသကြီး ငပုတောမြို့နယ် သက္ကယ်သောင် ကျေးရွာရှိ သောင်ပြင်တွင် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ ရောက်တိုင်း လှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် အစဉ်အလာတစ်ခုရှိပါသည်။ အနီးအနား ပတ်ဝန်းကျင် ကျေးရွာများ အပြင် အခြားမြို့များမှ ဧည်သည်များလည်း လာရောက်ကြပြီး ပွဲတော်ကို ဆင်နွဲ ကြပါသည်။ 

လှိုင်းခုန်ပွဲ မကျင်းပမီတစ်ရက်အလို ဝါဆိုလပြည့်နေ့တွင် ကြိုတင်လာရောက်ကြပြီး အပန်းဖြေ အနားယူကာ ချက်ပြုတ်စားသောက်ကြပြီးနောက် ရွာရှိနေအိမ်အချို့တွင် တစ်ညအိပ်တည်းခိုကာ နောက်တစ်နေ့ မနက်တွင် လှိုင်းခုန်ပွဲတော်ကို ပါဝင်ဆင်နွှဲ ကြကြောင်းသိရပါသည်။ 

လှိုင်းခုန်ပွဲတော်ကို ကျင်းပပြီးနောက် ညနေပိုင်းတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဝါဆိုပန်းဆက်ကပ် လှူဒါန်းရန်အတွက် သက္ကယ်သောင်ရွာထဲတွင် ပန်းလှည့်ပွဲတော်ကို ကျင်းပကြပြီးနောက် စေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုပန်း ဆက်ကပ်လှူဒါန်းသည့် ဓလေ့ရှိကြောင်းလည်း သိရပါသည်။

ယခုအခါ သက္ကယ်သောင်ကျေးရွာ အပြင် ဟိုင်းကြီးကျွန်းကမ်းခြေ၊ မော်တင်စွန်းကမ်းခြေ များတွင်ပါ ဝါဆိုလှိုင်ခုန်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပလျက် ရှိနေပြီဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကပင် ကျင်ပလာခဲ့သည့် ဝါဆိုလှိုင်ခုန်ပွဲတော်သည် ဝါဆိုပန်းခူး ဓလေ့မှ ဆင်းသက်လာခြင်းဖြစ်မည်ဟု သက္ကယ်သောင် ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး ပြောဆိုတာကိုလည်း ကြားဖူးပါသည်။ 

ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း သစ်ပင်ပန်းပင်တို့ စိမ်းလန်းစိုပြေ၍ အပွင့်လှိုင်လှိုင် ပွင့်ကြသော အခါသမယလည်း ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့မနက်တွင် မြစ်ချောင်း၊ ပင်လယ်ကမ်းစပ်တွင် အလေ့ကျ ပေါက်ရောက်နေသော တောပန်းများနှင့် ဘုရားပန်းကပ်လိုသည့် ပန်းများကို ကျေရွာသူ ရွာသားများမှ လိုက်လံခူးယူပြီး ညနေတွင် မြတ်စွာဘုရားရှင်အား ကပ်လှူသော အစဉ်အလာပင်ဖြစ်ပါသည်။ ဝါဆိုပန်းခူး ဓလေ့ သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနှင့် မစိမ်းသော ဓလေဖြစ်ကြောင်း ဝါဆိုပန်းကဗျာ၊ ဝါဆိုပန်းခူးကဗျာ၊ ဝါဆိုပုံပြင် စသည့် တို့က ဖော်ပြနေပေသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် သက္ကယ်သောင်ကျေးရွာ၌ အစဉ်အလာအတိုင်း ဝါဆိုလှိုင်းခုန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိသည်ကိုလည်း ကြားသိနေရပါသည်။ ဝါဆိုလှိုင်းခုန်ပွဲ လာရောက်ဆင်နွဲရင်း မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းအလှတရာများဖြစ်သော ကျောက်ကလပ်ကမ်းခြေသို့လည်း သွားရောက်လည်ပတ်သင့်ပါသည်။ ထို့ပြင် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်အားလည်း ဝင်ရောက် ဖူးမြော်နိုင်ပါသဖြင့် လှိုင်းခုန်ပွဲတော်အား လာရောက်ကြပါရန် ဤဆောင်းပါးဖြင့်ဖိတ်ကြားအပ်ပါသည်။


ပုသိမ် - မော်တင်စွန်း လမ်း review ကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/mawtinsoonhotel/posts/494902708685426


မေတ္တာဖြင့်

အောင်သူ (စူးစမ်းလေ့လာ သွားချင်စရာ)

စျေးနှုန်စုံစမ်းချင်တယ်ဆိုရင် 

☎09 453440128

☎09 691673434

ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://attractiveforexpeditionarytrips.blogspot.com/

https://www.newautumntours.com

https://www.papawadyresort.com/


Photo Credit : new eleven.com, ဧရာ၀တီတိုင်းဒေသကြီး ပြန်/ဆက်၊ U Aung Thu🌼“ဝါဆို,လ၊ 

ဝါဆိုပန်း,နှင့် တောဓလေ့ သိမှတ်စရာများ။











Sunday, April 6, 2025

မြတ်မော်တင်စွန်း ဘုရားပွဲလာ ဘုရားဖူးများအတွက် ခရီးသွား အကြံပြုချက် စူးစမ်းလေ့လာ သွားချင်စရာ (၁၁)

 မြတ်မော်တင်စွန်း ဘုရားပွဲလာ ဘုရားဖူးများအတွက် ခရီးသွား အကြံပြုချက်

စူးစမ်းလေ့လာ သွားချင်စရာ (၁၁)

     မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလအတွင်း အစဉ်အလာ တစ်ခုအနေဖြင့် ကျင်းပလာသည်မှာ ရှေးနှစ်ပေါင်း များစွာကပင် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် တပေါင်း လဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့ အထိ ကျင်းပပြီး ဒီနှစ် အင်္ဂလိပ်ပြက္ခဒိန်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါသည်။ 


မြတ်မော်တင်စွန်းစေတီတော် (မြောက်ဘက်မှ)
မြတ်မော်တင်စွန်းစေတီတော် (မြောက်ဘက်မှ)

မြတ်မော်တင်စွန်းစေတီတော် (အရှေ့ဘက်မှ)

      မြတ်မော်တင်စွန်းစေတီမှာ ရွှေတိဂုံစေတီတော် ဘုရားသမိုင်းနှင့် တစ်ဆက်တည်း ဖြစ်ပြီး အစောဆုံးတည်ထားကိုးကွယ်ခဲ့သော ဆံတော်စစ် ဌာပနာ ထားသည့် စေတီတစ်ဆူ ဖြစ်ပါသည်။ အစဉ်အလာ ကြီးမားသော ရှေးဟောင်းသမိုင်းဝင်စေတီ ဖြစ်ပြီး မြန်မာဘုရင်အဆက်ဆက် ပြုပြင်မွမ်းမံကိုးကွယ်ခဲ့သော စေတီတစ်ဆူလည်းဖြစ်ပါသည်။ စေတီတော်၏ အရှေ့တောင်ဘက်ရှိ ရင်ပြင်တွင် အလောင်းစည်သူမင်း တိုင်းခန်း လှည့်လည်စဥ် ၎င်း၏ ချပ်ဝတ် တန်ဆာများကို လှူဒါန်းပြီး တည်ခဲ့သော ပုဂံမှ ဗူးဘုရားပုံစံ ဖောင်တော်ဦး စေတီတော်က အခိုင်အမာ ပြဆိုနေပါသည်။ မော်တင်စွန်းစေတီတော် နှင့် ပတ်ဝန်းကျင် အကြောင်းကို ဖတ်ရှုလိုပါက အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/mawtinsoonhotel/posts/135069704668730?__tn__=K-R

အလောင်းစည်သူမင်း၏ ကောင်းမှုဖြစ်သော ဖောင်တော်ဦးစေတီတော်

     ​မြတ်မော်တင်စွန်း စေတီတော်သည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက် အစွန်း မော်တင်စွန်းအငူ ( Cape Negrais ) ပေါ်တွင် တည်ရှိပြီး ပုသိမ်မြို့မှ ကားလမ်းခရီးဖြင့် ၉၅ မိုင်သာ ဝေးပြီး စေတီတော်ရင်ပြင်ထိ ရောက်ရှိနိုင်ပါသည်။ ရေလမ်းခရီးဖြင့် ဆိုလျှင် ရေမိုင် ၇၀ ခန့်ရှိမည်ဖြစ်ပြီး ဘုရာအနီး ခမောက်မော်ရွာ အထိသာ ရောက်ရှိပါသည်။ 

မော်တင်စွန်း ရေလယ်ဘုရား

ပုသိမ် မော်တင်စွန်း ကားလမ်း တစ်နေရာ

မော်တင်စွန်းအနီးမှ ငွေတောင်ကမ်းခြေ

     ၉၅ မိုင် ခရီးဆိုပေမယ့် တောင်တက် တောင်ဆင်း မတ်စောက်ခြင်း၊ အကွေ့ အကောက် များခြင်း တို့ကြောင့် ၅ နာရီခန့် မောင်းရသော ခရီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခေါင်းအမူးဆုံး လမ်းလို့လည်း နာမည်ကြီး ပါတယ်။ ကျွန်တော့် တည်းခိုခန်းမှာ လာတည်းခဲ့တဲ့ ဧည့်သည်များထဲမှာ ကားမူးတာနဲ့ ပတ်သက်ပြီး အမြဲအမှတ်ရ နေစေသော သူ နှစ်ဦးရှိပါသည်။ “ အမေရေ သမီးဒီတစ်ခါတော့ သေပါပြီဆိုပြီး “ ငို၍ ကားပေါ်က ဆင်းလာသော န၀ရတ်နှင့်တူသော အမတစ်ယောက် နှင့် မျက်စိမှိတ်၊ ခေါင်းငိုက်စိုက်ဖြင့် အဖော်တစ်ယောက် တွဲလာရပြီး တွေ့တဲ့ အခန်းထဲ (အခြားသူအခန်း) ဝင်ပြီးထိုးအိပ်ခဲ့ရသော အန်ကယ်တစ်ယာက်ဖြစ်ပါသည်။ ထိုအန်ကယ်မှာ နိုင်ငံကျော် ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက် ဖြစ်ကြောင်း နောက်မှ သိရပါသည်။ နှစ်ယောက်လုံးကို ကိုယ်တိုင်သံပုရာရည်ဖျော်ပြီး တိုက်ခဲ့ရပါသေးတယ်။ ညနေဘက် ဘုရားဖူး၊ ရင်ပြင်ပေါ် ပင်လယ်လေရှူ ပြီး ပြန်လာတော့လည်း သူတို့မဟုတ်သလိုပါပဲ။ နှစ်ရက်လောက်နေသွားတဲ့ အမကတော့ နောက်ပြန်လာ ခဲ့ဦးမယ်ဆိုပြီး ပြောသွားပါ သေးတယ်။ 
ပုသိမ် မော်တင်စွန်း လမ်း

     မော်တင်စွန်းလမ်းကို ကြောက်၍ ပုသိမ်မှ သင်္ဘောစီးလာပြီး အပြန်တွင် ကားဖြင့် အဆင်ပြေစွာပြန်သွားနိုင်သော အန်တီ တို့လည်းရှိပါသည်။ သင်္ဘောပေါ်တွင် သီတင်းကျွတ် ရုံးပိတ်ရက်နှင့် တိုက်ဆိုင်ပြီး ခရီးသွား အပြည့်ပါနေခြင်း၊ ခရီးသွားချိန်  ၉ နာရီခန့် ကြာမြင့်ခြင်း၊ အခန်းယူထားသော်လည်း Aircon မပါသဖြင့် လှောင်ပိတ်ခြင်း၊ အများသုံး ရေအိမ်ဖြစ်ခြင်း နှင့် ဘိုထိုင် ရေအိမ် မဟုတ်သဖြင့် သက်ကြီးရွယ်အိုများ အတွက် အဆင်မပြေခြင်း ကြောင့်လို့ ပြောပါသည်။

     ကျွန်တော်၏ ယခုဆောင်းပါး ရေးသားရခြင်း ရည်ရွယ်ချက်မှာ ကားလမ်းခရီးဖြင့် လာရောက်လိုသူများအတွက် အဆင်ပြေမည့်နည်းလမ်းနှင့် ကားမူးသက်သာစေနိုင်သော အချက်များကို အကြံပြု တင်ပြလိုခြင်းသာဖြစ်ပါသည်။

ကားမူးခြင်းဆိုသည်မှာ

     ကားမူးခြင်း (Motion sickness) ဆိုတာ တကယ်ကိုခံစားရခက်တဲ့ဝေဒနာပါ။ ကားမူးခြင်း၊ လှိုင်းမူးခြင်း၊ ရထားမူးခြင်း၊ လေယာဉ်မူးခြင်းများသည် Motion sickness များပင်ဖြစ်ပြီး အမြင်အာရုံ ကမြင်သော လှုပ်ရှားမှု နှင့် နားစည်မှ အာရုံခံ သိရှိသော လှုပ်ရှားမှု မတူညီမှုကြောင့် ဖြစ်ခြင်းဖြစ်ပါသည်။ ကားမူးဝေဒနာ သက်သာပျောက်ကင်း အောင် အောက်ပါအတိုင်း အကြံပြုလိုပါသည်။

(၁) ခရီးမသွားမီ အိပ်ရေး၀၀အိပ်ပါ။

     ကားမူးဒါဏ်ခံနိုင်ဖို့ အရေးကြီးဆုံးအချက်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားကျပြီး ပိုမူးစေပါသည်။ တော်တော်များများကလည်း မနက်ဖြန်ခရီးထွက်မယ်ဆို ပစ္စည်းသိမ်း၊ အိမ်မှာ ကျန်ခဲ့မယ့် ကိစ္စတွေ စီစဉ်နဲ့ နောက်ကျမှ အိပ်တတ်ပါတယ်။ ထို့ပြင် ခရီးထွက်မယ့်နေ့ကြတော့လည်း စောစောထနဲ့ တော်တော် အိပ်ရေးပျက်ရပါတယ်။

(၂) ခရီးသွားစဉ် အအီ အစိမ့် ပါသော အစာများရှောင်ပါ။

     အများအားဖြင့် ပုသိမ်မြို့ကိုရောက်ချိန်ဟာ နေ့လယ်စာ စားချိန်ဖြစ်တာများပါတယ်။ နေ့လယ်စာစားပြီး ဗိုက်လေးချိန် ကားလမ်းကလည်း အကွေ့အကောက်နဲ့မလို့ ကားမူးဒါဏ်ပိုခံရပါတယ်။ အအီ အစိမ့် စားထားရင်ပိုဆိုးပါတယ်။ အစာကြေနိုင်သော အစာများစားပါ။ ဖြစ်နိုင်ရင် ဆန်ပြုတ်လို၊ စွပ်ပြုတ် လိုမျိုးများသာ စားပါ။

 (၃) အရက် ဆေးလိပ်သောက်ခြင်းရှောင်ပါ။ 

     ခရီးသွားခြင်း နှင့် အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားကျခြင်း နှင့် သွေးပေါင်ကျခြင်းတို့ဖြစ်တတ်ပြီး ထိုအချိန် အရက်သောက်ပါက မူးဝေအော့အန်မှုကို ပိုမိုဖြစ်စေပါသည်။ 

 (၄) အမူးပျောက်ဆေးသောက်ပါ

     အမူးပျောက်ဆေးသောက်ခြင်းကြောင့်လည်း ကားမူးဒါဏ်ကို သက်သာစေပါသည်။ သို့ပေမယ့် ကားမူးတိုင်း ဆေးကူရတာမျိုးဖြစ်နိုင်သဖြင့် တတ်နိုင်သမျှ မသောက်စေချင်ပါ။

 (၅) အလုံပိတ်ကားစီးခြင်းမျိုးရှောင်ပါ

     ကားမှန်အားလုံးတင်၍ Aircon ဖွင့် မောင်းခြင်းသည် ပုံမှန်အချိန်တွင် သက်တောင့် သက်သာ ရှိသော်လည်း တောင်တက်တောင်ဆင်း မောင်းချိန်တွင် လေဝင်လေထွက် ကောင်းအောင် မှန်ချမောင်းခြင်းက ကားမူးခြင်းကို များစွာ သက်သာစေပါသည်။ ကားအတွင်းအိပ်၍ လိုက်ခြင်းထက် ပတ်ဝန်းကျင် သစ်ပင်သစ်တော များကို စိတ်ပြေလက်ပျောက်ကြည့် ၍ လိုက်ခြင်းက ပိုသင့်လျော်ပါသည်။

 (၆) အချိုရေသောက်၊ လေဝ၀ရှူပါ။

     ကားမူးပါက ချွေးစေးတွေထွက်လာပြီး မူးဝေပျို့အန်လာပါက အရည်ဓါတ်ပြန်လည်ဖြည့်တင်းနိုင်ရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက အရည်ဓါတ် ဆုံးရှုံးမှုက ပိုမူးစေပါသည်။ 

လတ်ဆတ်သော တောတောင်က သဘာ၀ လေဝ၀ရှူခြင်းကြောင့် သွေးမှ တဆင့် ဦးနှောက်အတွင်း အောက်ဆီဂျင်ဓါတ်ကို မြှင့်တင်ပေးသဖြင့် ကားမူးဒါဏ်ကို ပိုမို သက်သာစေပါသည်။

 (၇) အားတင်းထားပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ

     ငါကားမူးတတ်တယ်ဆိုတဲ့ စိတ်က ကားမူးဖို့သေချာစေပါသည်။ ထိုကြောင့် ငါကားမူးတတ်တယ်ဆိုတာကို မေ့ထားပြီး ဒီတစ်ခေါက် ငါကားမမူးနိုင်ဘူးဆိုပြီး ယုံကြည်ပါက ကားမူးဒါဏ်ကို ကျော်လွှားနိုင်ပါမည်။

 (၈) ကြွပ်ကြွပ်အိတ် ၊ တစ်ရှူးဆောင်ထားပါ။

      မူးဝေအော့အန်မယ်ဆိုပါကကြွပ်ကြွပ်အိပ်အတွင်း စနစ်တကျအန်ပြီး အနံ့မထွက် အောင် ပြန်ပိတ်ပြီး ခန္ဓာကိုယ် သန့်ရှင်းရေးပြန်လုပ်ထားပါ။ သို့မဟုတ်ပါက ကိုယ့်အနံ့နဲ့ကိုယ်ပြန်ရှူပြီး ပိုမူးတတ်ပါသည်။

 (၉) ကားရပ်နားသင့်သော နေရာများ။

      ပုသိမ်မှ ထွက်ပြီးနောက် မဏ္ဍပ်၊ ငရုတ်ကောင်းတောင် များတွင် လူလည်းနား၊ ကားလည်းနားရန် ရပ်နားသင့်ပါသည်။

 (၁၀) ကားမူးဝေဒနာ ပြင်းထန်ပါက 

     ကားမူးဝေဒနာ ပြင်းထန် နေပါက ကားဆက်မမောင်းဘဲ ရောက်တဲ့နေရာတွင် ခေတ္တရပ်နားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ပုသိမ် မော်တင်စွန်းလမ်း သည် ယခင်ကလို အိမ်ခြေ မပြတ်တော့ဘဲ လမ်းဘေးဝဲယာများတွင် လူနေအိမ်များ ရှိပါသဖြင့် ခေတ္တနားခိုရန်လည်း သင့်လျော်ပါသည်။ ဘုရားပွဲကာလတွင် အလှူခံမဏ္ဍပ်များ နှင့် စတုဒိသာ ကျွေးမွေးမှုများလည်း ရှိတတ်သဖြင့် အမူပြေအောင် နားပြီးမှ ဆက်ထွက်သင့်ပါသည်။

     အထက်ပါ (၁၀) ချက်ကို လိုက်နာလုပ်ဆောင်ထားပါက မြန်မာအင်ဂျင်နီယာများ အနုပညာဆန်ဆန် ကွေ့ကောက်စွာ ဖောက်လုပ်ထား သော မြန်မာ နိုင်ငံ၏ အမူးဆုံးလမ်း ဖြစ်သည့် ပုသိမ်-မော်တင်စွန်းလမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်မိပါသည်။

ပုသိမ် - မော်တင်စွန်း လမ်း review ကို ဖတ်ရှုလိုပါက အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/mawtinsoonhotel/posts/494902708685426

     ဆက်လက်ပြီး ပုသိမ်မှာ ခရီးတစ်ထောက်နားပြီးမှ မော်တင်စွန်း သို့ လာမယ့် ဧည့်သည်များအတွက်လည်း အနည်းငယ်အကြံပြုလိုပါသည်။ ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများပါသော ခရီးသွားများအနေဖြင့် ပုသိမ်တွင် တစ်ညအိပ် ဘုရားဖူး လည်ပတ်ပြီးမှ နောက်နေ့  မော်တင်စွန်းလာကြတာလည်း တော်တော်များများတွေ့ဖူးပါတယ်။

      အိပ်ရေး၀၀အိပ်၊ သင့်လျော်မယ့် နံနက်စာ စားပြီး မနက် ၈ နာရီခန့် ထွက်မယ်ဆို  မော်တင်စွန်းကို နေ့လယ် ၁ နာရီလောက်ရောက် ပါမယ်။ Practice Make Perfect ဆိုတဲ့ အတိုင်း အလာခရီးကလေ့ကျင့်ပေးလိုက်လို့ မော်တင်စွန်းမှအပြန်ခရီးကတော့ အလာလောက် ကားမမူးတော့ကြောင်းသိရှိရပါသည်။ ရန်ကုန် သို့တိုက်ရိုက်ပြန်ပါကလည်း ပြန်လို့ရပါတယ် ခင်ဗျာ။

ပုသိမ်မြို့ဆိုတာ

ရွှေမုဋ္ဌော စေတီတော်

      ဧရာဝတီတိုင်း ဒေသ ကြီး၏မြို့တော်ဖြစ်ပါသည်။ ငဝန်မြစ် (ခေါ်) ပုသိမ်မြစ် ကမ်းပေါ်မှာ တည်ထားတဲ့ မြို့ဖြစ်ပြီး ပင်လယ်ဝကနေ ၇၅ မိုင်ခန့် ကွာဝေးပေမယ့် ရေစူး အသင့်တင့်ရှိသော ပင်လယ်ကူး သင်္ဘောကြီးများဝင်ရောက်နိုင်ပါတယ်။

     မြန်မာနိုင်ငံ၏ အရေးပါသော ရေကြောင်းဆိပ်ကမ်းတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကုန်းတွင်းအကျဆုံး ပင်လယ် ဆိပ်ကမ်းမြို့ကြီး ဖြစ်ပြီးအလွန်ရှေးကျတဲ့ သင်္ဘောဆိပ်ကမ်း မြို့ကြီးလည်း ဖြစ်ပါတယ်။

     ပုသိမ်မြို့သည် လှပပြီး ဒီဇိုင်းစုံသည့် ပုသိမ်ထီးရယ်လို့ တင်စားခေါ်ဝေါ်ရတဲ့ ရောင်စုံ ထီးများကြောင့် လူသိများပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုရတနာမြို့တော်ဟု တင်စားလေ့ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက စတင်တည်ထောင်ခဲ့သော ပုသိမ်ထီးအလုပ်ရုံ အချို့ကို ယနေ့အချိန်အထိ အောင်မြင်စွာ လည်ပတ်လျက်ရှိနေသေးသည်ကို တွေ့မြင်နိုင်မှာ ဖြစ်သည်။

ပုသိမ်ထီး (Credit Google.com)

ပုသိမ် ဘယ်မှာတည်းမှာလဲ

     ပုသိမ်မှာ လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ ဟိုတယ် ၄ ခုရှိပါတယ်။ Shekinah Hotel, Swam Hotel, Naung Yoe နှင့် The First Hotel တို့ပဲဖြစ်ပါတယ်။ ရေကူးချင်သော သူများအတွက် Shekinah Hotel၊ အခန်းကျယ် နှင့် Buffet Breakfast စုံစုံစားချင်သူများအတွက် Swam Hotel နှင့် Naung Yoe , ကမ်းနား View ကြိုက်သူများအတွက်  The First Hotel စသည်ဖြင့် ကြိုက်နှစ်သက်ရာ တည်းခိုနိုင်ပါတယ်။

Shikainah Hotel Roof Top Pool


ပုသိမ်မှာ အကျိုးရှိအောင် ဘယ်တွေလည်မှာလဲ


ပုသိမ် ကမ်းနား နှင့် ပုသိမ်မြစ်ကူးတံတား

      ပုသိမ်မြို့တွင် လည်ပတ်စရာနေရာများစွာရှိပြီး (၃၀၅) ဘီစီတွင် အသောကမင်းကြီး တည်ထား ကိုးကွယ် ခဲ့သော ရွှေမုဋ္ဌောဘုရား သည် ခရီးသွားများအကြားတွင် လာရောက်ဖူးမျှော်ရန် ရေပန်းစားသော စေတီတစ်ဆူဖြစ်ပါတယ်။ စေတီတော်အား စိန်(၈၀၀)ကျော်၊ ပတ္တမြား (၈၀၀) နှင့် အခြားသော အဖိုးတန် ကျောက်မျက်ထောင်ပေါင်းများစွာနှင့်အတူ ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် ပုံသွင်းအလှဆင် ထားသည်။

     (၁၈၇၂) ခုနှစ်က ကိုလိုနီခေတ် ဗိဿုကာပုံစံကို အခြေတည်ကာ တည်ဆောက်ခဲ့သည့်စိန့်ပီတာ ဘုရားကျောင်းကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဆိပ်ကမ်းတစ်လျှောက် လေညင်းခံကာ ပုသိမ်မြစ် နှင့် ပုသိမ် တံတားသစ်ကြီး ရဲ့ ရှုခင်းကိုလည်းခံစားနိုင်ပါသည်။

စိန့်ပီတာ ဘုရားကျောင်း

       မဟာဗန္ဓုလလမ်းပေါ်တွင်တည်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ယဉ်ကျေးမှု ပြတိုက်ကိုလည်း သွားရောက်လေ့လာနိုင်ပြီး ဒေသ၏ရိုးရာ လက်ရာများကို တွေ့မြင်နိုင်မှာ ဖြစ်သည်။

အမှတ်တရလက်ဆောင်ပစ္စည်းများ

      ပုသိမ်ထီး၊ ပုသိမ်ဟာလဝါ နှင့် ဘွက်ကြီးတန်းလမ်းက ဝက်အူချောင်း၊ ကြက်အူချောင်း များသည် ပုသိမ်ရောက်ရင် အမှတ်တရ လက်ဆောင် အဖြစ် ဝယ်သင့်သော အမှတ်တံဆိပ်များပဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

     ပုသိမ်မော်တင်စွန်းလမ်းကို သက်တောင့်သက်သာစွာဖြင့် ဖြတ်ကျော်နိုင်ပြီး တန်ခိုးကြီး ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်ကြီးကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ ဖြင့် ဖူးမျှော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

​မေတ္တာဖြင့်

အောင်သူ (စူးစမ်းလေ့လာ သွားချင်စရာ)

စျေးနှုန်းစုံစမ်းချင်တယ်ဆိုရင် 

☎09 453440128

☎09 691673434

ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://attractiveforexpeditionarytrips.blogspot.com/

https://www.newautumntours.com

https://www.papawadyresort.com/


Wednesday, June 14, 2023

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့

 စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်

အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့

ငပလီ ဂွ လမ်းရှိ ကမ်းခြေတစ်ခု

          ငပလီမှ ပြန်မယ့်နေ့မှာလည်း ကမ်းခြေမှာ ရေဆော့လိုက် ဓါတ်ဖမ်းလိုက် နှင့် နေ့လယ် ၁ နာရီထိုးလောက်မှ နေ့လယ်စာ စားဖို့ ထမင်းဆိုင်ရောက်ပါတယ်။ ထမင်းစားပြီး နေ့လယ် ၂ နာရီ ခွဲ လောက်မှ ငပလီက စထွက်ဖြစ်ပါသည်။
          ငပလီကနေ ပုသိမ်ကို ဂွ-ငသိုင်းချောင်းလမ်းကနေသွားမှာ ဖြစ်ပြီး ၁၉၉ မိုင်ခန့် ဝေးပါတယ်။ ဂွမြို့ အထိ ကမ်းခြေအတိုင်းမောင်းရတာဖြစ်ပြီး လက်ယာဘက်မှာ ပင်လယ် ရှုခင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ( ၂) နာရီခန့်မောင်းပြီး ကျိန္တလီမြို့ ကို ကျော်ပါက ကြွေချိုင်ကမ်းခြေကို ရောက်ပါတယ်။ ငပလီ ကြွေချိုင်ကမ်းခြေ လမ်းနဲ့ ကမ်းခြေပုံတွေလည်း ပြထားပါတယ်။ တည်းခိုခန်းတွေကိုလည်း တွေ့ရပါတယ်။

Tuesday, June 13, 2023

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

 စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်

အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

          ရွှေဘုံသာ မုနိဘုရားက ထွက်တော့ မနက် ၁၀ နာရီထိုးခါနီးနေပါပြီ။ မိနစ် ၃၀ လောက်မောင်းပြီးတော့ ဥသျှစ်ပင် လမ်းခွဲကို ရောက်ပါတယ်။ ပုသိမ်-မုံရွာလမ်းမ ပေါ်က လမ်းခွဲပါ။ ရှေ့တည့်တည့်မှာတော့ ရခိုင်ရိုးမကို မြင်နေရပါပြီ။ ရခိုင်ရိုးမဖြတ်လမ်း (၃) ခုရှိပြီး ယခု ပြည်-တောင်ကုတ် လမ်းက အလယ်ဖြတ်လမ်းပါ။ မိုင် ၁၀၀ ခန့် သာရှိပြီး ဓါတ်ပုံရိုက်လိုက် ခဏနားလိုက်ဖြင့် မောင်းတာမလို့ ၄ နာရီလောက်မောင်းခဲ့ရပါသည်။ လမ်းပြင်နေတာတော့ တွေ့ပြီး အရမ်းကြီး မကောင်းသေးပါ။ လမ်းတစ်ဝက်လောက်မှာ တောင်ပုံကြီး စစ်ဆေးရေးစခန်းရှိပါသည်။ အမည် မှတ်ပုံတင်အမှတ် ပေးလိုက်ရုံပါပဲ။

Sunday, February 13, 2022

စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်း လမ်း review

 စူးစမ်းလေ့လာ သွားချင်စရာ (၁၀)

ပုသိမ် - မော်တင်စွန်း လမ်း review
     ပုသိမ်ကနေ မော်တင်စွန်းကို ဘယ်နှစ်နာရီလောက် ကားမောင်းရလဲ၊ လမ်းကောင်းရဲ့လား စသဖြင့် မေးနေကြသော ပပ၀တီ ဧည့်ရိပ်မွန်၏ ဧည့်သည်များအတွက် ပုသိမ် - မော်တင်စွန်း လမ်းအကြောင်းကို review ရေးပြီး ဖြေကြားလိုက်ရပါသည်။
     မော်တင်စွန်းဆိုတာကတော့ မြန်မာနိုင်ငံ အနောက်တောင်ဘက်အစွန်း မော်တင်အငူ(Cape Nagris) ကို ခေါ်ဆိုခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်းတည်ရှိနေသော နေရာလည်း ဖြစ်ပါသည်။ပုသိမ် မှ မြတ်မော်တင်စွန်းအထိ ၉၅ မိုင် ရှိပြီး ပုသိမ် ကြိုးတံတား မှ စတင်ရေတွက်ခြင်း ဖြစ်ပါသည်။
ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်

ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ၊ ရေလယ်စေတီ နှင့် ကပ္ပလီ ပင်လယ် ကမ်းခြေ

ငွေဆောင် - မော်တင် လမ်းခွဲ ( ၁၁ မိုင် - မောင်းချိန် ၃၀ မိနစ်)
     ပုသိမ် - ငွေဆောင်လမ်းအတိုင်း စတင်မောင်းနှင်ရမှာဖြစ်ပြီး လမ်းကောင်းပြီး အကွေ့အကောက်မရှိသဖြင့် အမြန်နှုန်းအသင့်တင့်ဖြင့် မောင်းနိုင်ပါသည်။

Saturday, October 17, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့မှာ

အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့မှာ

ရွှေဆံတော်စေတီတော်

Day 6 : ပြည်မြို့နှင့် အနီးအနားလည်ပတ်ခြင်:

             နွေရာသီကျောင်းပိတ်ရက် ခရီးစဉ်ရှည်တာမလို့ ခရီးတစ်ဝက် ပြည်မှာ ၂ ညအိပ်လောက်နားပြီး အေးအေးဆေးဆေးလည်ပတ်ဖို့ စီစဉ်ခဲ့ပါသည်။ ပြည်မြို့ဆိုတာ ရှည်လျားသော သမိုင်းများနှင့် လေ့လာ လည်ပတ်စရာတွေ ကလည်းများပါတယ်။ နောင်ရိုးမိုတယ်က မိသားစုအခန်းကို နံနက်စာအပါ ၂၅၀၀၀ ကျပ်ပါ။ စျေးလည်း သက်သာပြီး ဝန်ဆောင်မှုလည်းကောင်းပါတယ်။

Monday, August 31, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၉) - သရေခေတ္တရာ ပျူရှေးဟောင်းမြို့တော်


 စူးစမ်းလေ့လာ သွားချင်စရာ (၉) - သရေခေတ္တရာ ပျူရှေးဟောင်းမြို့တော်
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း
သရေခေတ္တရာ ပျူမြို့ဟောင်းဆိုသည်မှာ
            မြန်မာနိုင်ငံတွင် ပျူမြို့ပေါင်းများစွာရှိရာ ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများမှာ ထင်ရှားပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်ခံခဲ့ရပါသည်။ ပျူမြို့ဟောင်းများတွင် ရှေးဟောင်း အဆောက်အဦ နှင့် အထောက်အထား အထင်အရှား  အများဆုံး ကျန်ရှိနေသော မြို့ဟောင်းမှာ ပြည်မြို့အနီးရှိ သရေခေတ္တရာ ပျူမြို့ဟောင်းပင် ဖြစ်ပါသည်။ ပြည်မြို့မှ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာ တွင် တည်ရှိသဖြင့် ပြည် နှင့် သရေခေတ္တရာ ကို တွဲဖက် မှတ်သားကြပြီး တစ်မြို့တည်းဟု ထင်ကြပါသည်။ ပြည်မြို့သည် ပျူလူမျိုးများနေထိုင်ခဲ့သော န၀ဝါသီ မြို့ဖြစ်ကြောင်း၊ ပြည်သည်  သရေခေတ္တရာ မဟုတ်ကြောင်း မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန) က န၀ဝါသီ (ပြည်) မြို့ဟောင်း နှင့် သရေခေတ္တရာ(ပျူ) မြို့ဟောင်း အမည်ဖြင့်ဆောင်းပါးကို ရေးသားခဲ့ ပါသည်။

Sunday, August 23, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၈) ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ


စူးစမ်းလေ့လာ သွားချင်စရာ (၈) ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ
ပဲခူးတိုင်း နှင့် ဧရာ၀တီတိုင်း နယ်စပ်မှအကောက်တောင်

      ၂၀၁၉ ခုနှစ် မိသားစု ခရီးထွက်လည်ပတ်ခဲ့တဲ့ထဲက ပြည်မြို့အကောက်တောင်  အကြောင်းကို မျှဝေ ပေးချင်ပါသည်။ ပြည်မြို့၊ ဧရာ၀တီမြစ် အနောက်ဘက်ကမ်းက အကောက်တောင်နံရံတွင် ထွင်းထု ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များ၊ တောင်ပေါ်ရှိ သမိုင်းဝင် ရွှေမြင်းတင်စေတီ နှင့် အခြားစေတီများကို သွားရောက်ဖူးမျှော် လေ့လာခဲ့ပါသည်။ တကယ်တော့ အကောက်တောင်သည် ပြည်မြို့နယ်ထဲမှာ ရှိတာမဟုတ်ပဲ ကြံခင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲမှာရှိတာပါ။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ပြည်မြို့ ကနေ သွားကြတာဖြစ်ပါသည်။ ရှေးမြန်မာဘုရင်များ လက်ထက် အကောက်ဆိပ်ဖွင့်လှစ်ခဲ့တာကြောင့် အကောက်တောင် ဟုအမည်တွင်ခဲ့တယ်လို့လည်းဆိုပါတယ်။

Saturday, May 9, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၂) ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် ခရီးစဉ်


စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်
အပိုင်း(၂)
ဗိဿနိုးမြို့ဟောင်း

Day 5 မင်းလှ - ကွေ့ချောင်း - ဗိနိုး - ပြည်
            ရွှေစက်တော်က အပြန်တော့ ပုသိမ်-မုံရွာလမ်း မှ တဆင့် မင်းဘူးသို့ ပြန်ခဲ့ပါသည်။ ရွှေစက်တော် မှ ထွက် တာ နောက်ကျလို့ မင်းဘူးရောက်တော့ ထမင်းစားချိန်ရောက်နေပါပြီ။   နေ့လယ်စာကို မင်းဘူးက ဂျွိုင်းထမင်းဆိုင် မှာစားဖြစ်ပါသည်။ ထမင်းဆိုင်က ကျယ်ဝန်းသန့်ရှင်းပြီး စျေးသင့်ပါသည်။ အရသာလည်းကောင်းပါသည်။ မင်းဘူး စျေး နှင့်လည်း နီးတာနှင့် ကြက်သွန်နီ သွားဝယ်လိုက်သေးတယ်။ မကွေးတိုင်းက ကြက်သွန်နီ ကနာမည်ကြီးပဲလေ။

Thursday, April 30, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၇)၊ အပိုင်း(၁) ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် ခရီးစဉ်


စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိသာနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်
အပိုင်း(၁)


         ခရီးသွားခြင်းသည် ကလေးများအတွက် အကောင်းဆုံးပညာရေး ဖြစ်သည်လို့ ဖတ်ဖူးထားပါသည်။ ထို့ကြောင့် သားနှစ်ယောက် အပန်းလည်းပြေ ၊ အသိကြွယ်စေရန် ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ကျောင်းအားလပ်ရက်တိုင်း ခရီးထွက်ဖြစ်ပါသည်။ ကျောင်းပိတ်ရက်ပေါ်မူတည်ပြီး နေ့ချင်းပြန်၊ တစ်ညအိပ် ထွက်သလို တခါတရံ  ခရီးရှည်လည်းထွက်ပါသည်။  ခရီးထွက်တိုင်းလည်း အလုပ်ကိစဖြင့်တွဲပြီး သွားတတ်သလို  စရိတ်လည်းသက်သာ၊ ကိုယ်ဝင်ချင်တဲ့နေရာတွေလည်း စုံအောင် အိမ်ကကား ဖြင့်ထွက်တာများပါသည်။ ဒီနှစ်တော့ Covid 19 ဖြစ်နေတာနှင့် မထွက်ဖြစ်သေးပါ။ ပြီးခဲ့တဲ့နှစ် ခရီးထွက်ခဲ့တာ လေးကို ပဲ အလွမ်းပြေ Review ရေးသားတင်ပြလိုက်ရပါတယ်။

Sunday, April 5, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၆) ပင်လယ်နှင့် ပင်လယ်အော်တို့ဆုံစည်းရာ - မော်တင်စွန်း (Maw Tin Soon)

စူးစမ်းလေ့လာ သွားချင်စရာ (၆)
ပင်လယ်နှင့် ပင်လယ်အော်တို့ဆုံစည်းရာ - မော်တင်စွန်း (Maw Tin Soon)

        မြန်မာပြည် ဘုရားဖူးခရီးစဉ်များတွင် ထင်ရှားသော ခရီးစဉ်တစ်ခုမှာ မော်တင်စွန်းဘုရားဖူးခရီးစဉ်ဖြစ်ပြီး ဘုရားဖူးရင်း ကမ်းခြေတွင် ရေလည်းကူး ရသော ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပါသည်။ မော်တင်စွန်းဘုရားဖူး ခရီးစဉ်သည် ရှေးဟောင်း တန်ခိုးကြီးစေတီကို ဖူးမျှော်ရခြင်း၊ နတ်၊ နဂါးယုံကြည်သူများအတွက် နဂါးစာကျွေး ဆုတောင်းနိုင်ခြင်း နှင့် ပင်လယ်ကမ်းခြေတွင် ရေကစားနိုင်ခြင်း တို့ကြောင့် ကုသိုလ်လည်းရ ပျော်လည်းပျော်ရသော ခရီးစဉ်ကောင်းတစ်ခုဖြစ်ပါသည်။ ဘုရားပွဲတော် ကာလတွင် အဆိုတော် သန်းထွန်းလေး၏ ကျွန်တော့်မမပုသိမ်သူ သီချင်းနားထောင်၍ နှစ်ထပ်သင်္ဘောများစီးပြီး ဘုရားဖူးသွားရခြင်းသည်ပင် အခြားခရီးစဉ်များနှင့်မတူသော ထူးခြားစိတ်လှုပ်ရှားစရာ ခရီးစဉ် တစ်ခုဖြစ်ပါသည်။
        မော်တင်စွန်းအငူသည် ကပ္ပလီပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော် ထိစပ်နေသော နေရာဖြစ်ပြီး မြန်မာနိုင်ငံ အနောက်တောင် အစွန်း၊ ဧရာဝတီတိုင်း၊ ငပုတော မြို့နယ်တွင်တည်ရှိပါသည်။ မော်တင်အငူ ကို အစွဲပြု ၍ မော်တင်စွန်း ဟုခေါ်ဆိုခြင်းဖြစ်ပြီး မော်တင်စွန်းဘုရား (သို့) Cape Negaris ဟုလည်း ခေါ်ဆိုကြပါသည်။ မော်တင်စွန်းသည် ပင်လယ်နှင့် ပင်လယ်အော်ထိစပ်ရာဖြစ်ပြီး အရေးပါသော ရေကြောင်းသွားလာရေးအမှတ်အသား နှင့် ပထဝီ အနေအထားအချက်အချာ ကျမှုကြောင့်ထင်ရှားပါသည်။ ထို့ပြင် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက်လည်း မော်တင်အငူပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မှာ ဆံတော်စစ်ကိန်းဝပ်ဌာပနာထားရာ ထင်ရှားသော ဘုရားဖူးခရီးစဉ် တစ်ခု ဖြစ်လျက်ရှိပါသည်။
       ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးများက မြတ်မော်တင်စွန်းဘုရားဟု ခေါ်ဆိုသော စေတီမှာ အလွန်ရှေးကျသော စေတီဖြစ်ပြီး ရန်ကုန်မြို့မှ ရွှေတိဂုံဘုရား သမိုင်းနှင့်လည်း ဆက်စပ်လျက် ရှိပါသည်။ မြန်မာများသည် ထိုစေတီနှစ်ဆူကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကတည်းက တစ်ချိန်တည်း တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်လျက်ရှိပြီး ကုန်သည်ညီနောင် နှစ်ဦးမှ ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့ရာဟုလည်း ယုံကြည်ကြပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာပြည် အနှံ့အပြားမှ ဘုရားဖူးများ လာရောက်ဖူးမျှော်ကြပါသည်။
မြတ်မော်တင်စွန်းစေတီ
မြတ်မော်တင်စွန်းစေတီ


       မော်တင်စွန်းရှိ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီနှင့် အထင်မှားတတ်သော စေတီတစ်ဆူ မှာ ပင်လယ်ထဲသို့ ထိုးထွက်နေသော ကျောက်ဆောင်များပေါ်တွင်တည်ထားသော ဖောင်တော်ဆိုက် စေတီ ဖြစ်ပြီး ဘုရားဖူးလာရောက်သူ အပေါင်းကို စွဲဆောင်မှုရှိသော စေတီတစ်ဆူဖြစ်ပါသည်။

Thursday, August 1, 2019

Ko Htet Gyi Pagoda

Ko Htet Gyi Pagoda
          Ko Htet Gyi Pagoda is located on Bargayar Road. Sanchaung Township. The name Ko Htet Gyi is a burmese dialect, it means the nine stories pagoda. The name was given because nine bamboos tierd vertically from the ground to top to make scaffolding when the pagoda was built. The pagoda is another enormous sitting Buddha Image in Yangon. There is a large, quiet and peaceful place to meditate and pray around the Buddha image. The place behind the pagoda is quite large and there are many fortune tellers and shops in the compound. Most of the people passed by the pagoda because of traffic and no packing place on Bargayar road . Another way to the pagoda is from Baho Road and you can get to a large car parking.





Wednesday, April 3, 2019

Gwe-Chaung Fortress

Gwe-Chaung Fortress

Gwe Chaung Fortress Stone Inscription
       Gwe- Chaung fortress was contructed by France and Italian Engineers; Mr Commotto Peree and Mr Naris cooperated with Myanmar engineers under the guidance of crown prince Kanaung and finished in AD 1863. It is located on the east bank of Ayeyarwady river to stop british invasion along the river. It is one of the biggest fortress during Third Anglo Burmese war. It was three stories fortress. There is another famous fortress: Min Hla fortress, is located diagonal opposite site of Gwe-Chaung , on the west bank. Their aim is to attack British force from the two flanks. But the british made comprehensive investigations about the two fortresses before attack and avoided frontal attacks. The two fortresses was simultaneous occupied by british force with envelopment attacks in a day.
There is an interesting history behind the scence of fortress and I can say visitors those who interesting the history can feel the atmosphere of 18th century battle.
Written and Photo by Aung Thu

The starting place of 2nd dynasty of Myanmar.

The starting place of 2nd dynasty of Myanmar.

       The following two pagodas are located in Taungoo Haung( Old Taungoo), The starting place of 2nd dynasty of Myanmar. Taungoo Haung was founded in AD 1279. At that time Taungoo is under the control of Awa kingdom. 206 years after that, King Min Gyi Nyo founded as an independent Taungoo Kingdom. Then, his son Tabin Shwe Hti and son in law: King Bayin Naung conquered all Myanmar and founded 2nd dynasty which included much of modern-day Burma, Manipur, Laos, Thailand and some part of Chinese Shan states. King Bayin Naung assembled what was probably the largest empire in the history of Southeast Asia.

See Khon Gyi Pagoda built by King Min Gyi Nyo in Old Taungoo

Friday, March 29, 2019

စူးစမ်းလေ့လာ သွားချင်စရာ (၅)၊ ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်

စူးစမ်းလေ့လာ သွားချင်စရာ (၅)၊ 
ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်
ကေတုမတီ - တောင်ငူမြို့


(Unicode)
တောင်ငူမြို့ဆိုသည်မှာ
            တောင်ငူမြို့သည် ပဲခူးတိုင်း၊ တောင်ငူခရိုင်၏ ခရိုင်မြို့တော် ဖြစ်ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်း ပေါ်တွင် တည်ရှိပါသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်၏ အစဖြစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၅၀၉ နှစ် ခန့်ရှိ သော ရှေးမြို့တော်ဟောင်း တစ်ခုဖြစ်ပါသည်။  တောင်ငူမြို့ကို မင်းကြီးညိုက စတင်တည်ထောင်ခဲ့ပြီး တောင်ငူမြို့ မှ ဗဟိုပြု၍ မင်းကြီးညို ၊ သားတော် တပင်ရွှေထီး နှင့် သားမက်တော် ဘုရင့်နောင် တို့က ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြပါသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ပြီးနောက် မြို့တော်ကို ပဲခူး ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ဘုရင်ခံအုပ်ချုပ်သော မြို့တော်အဖြစ် ရပ်တည်ခဲ့ပါသည်။

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts