Thursday, March 28, 2019

စူးစမ်းလေ့လာသွားချင်စရာ(၄) ဇလွန်မြို့ ပြည်တော်ပြန်ဘုရား နှင့် ဇလွန်မြို့သူ မြို့သားများ၏ ကောင်းမှု

စူးစမ်းလေ့လာသွားချင်စရာ(၄)
ဇလွန်မြို့ ပြည်တော်ပြန်ဘုရား နှင့် ဇလွန်မြို့သူ မြို့သားများ၏ ကောင်းမှု
ဇလွန် ပြည်တော်ပြန် ဘုရား
(Unicode)
ကျွန်တော်တို့ မိသားစု ပုသိမ်မှ ရန်ကုန်သို့ အပြန်တွင် ဇလွန် ပြည်တော်ပြန် ဘုရားလည်း ဖူးမျှော်ရင်း ကလေးများလည်း ဒေသန္တရ ဗဟုသုတ ရရှိစေရန် ဟင်္သာတမြို့ဘက်မှ ပြန်လာခဲ့ ပါသည်။ ဟင်္သာတ - ရန်ကုန် ကားလမ်း ပေါ်တွင် တစ်ဆက်တည်း သွားရောက် လည်ပတ် သင့်သော နေရာ နှစ်ခု ရှိပြီး ဇလွန် ပြည်တော်ပြန် ဘုရား နှင့် ဓနုဖြူမြို့ မဟာဗန္ဓုလ ခံတပ် များပဲ ဖြစ်ပါသည်။ မိမိ သွားရောက် လည်ပတ် ခဲ့သော ခရီးစဉ်အား မိမိ မိတ်ဆွေ များအား ပြန်လည် မျှေ၀ ပေးလို သဖြင့် စူးစမ်း လေ့လာ သွားချင် စရာ(၃) ဟင်္သာတမြို့လေးဆီသို့ ခေါင်းစဉ်ဖြင့် Review ရေးသား တင်ပြခဲ့ပြီး ယခုအခါ ဇလွန် ပြည်တော် ပြန်ဘုရား အကြောင်း ကို ထပ်မံ ရေးသား တင်ပြလိုက် ရပါသည်။ ပြည်တော်ပြန် ဘုရားသည် ဇလွန်မြို့ တွင် ကိန်းဝပ် စံပယ် လျှက်ရှိပြီး ဗုဒ္ဓ ဘာသာဝင် မြန်မာ လူမျိုးများ အတွက် အဖိုး မဖြတ် နိုင်သော ဗုဒ္ဓ အမွေအနှစ် တစ်ခု ဖြစ်ပါသည်။
      

တည်နေရာ / လမ်းခရီး
          ဇလွန်မြို့ သည် ဧရာဝတီ မြစ်၏ အနောက် ဘက်ကမ်းတွင် တည်ရှိပြီး ဟင်္သာတ မြို့နယ်တွင် ပါဝင်ကာ  ဟင်္သာတမြို့ တောင်ဘက်  ၁၈.၄ မိုင် အကွာတွင် တည်ရှိ၍ ရန်ကုန်မြို့သို့ ၈၅.၆ မိုင်သာ ဝေး ပါသည်။ ဇလွန်မြို့သည် နိုင်ငံခြားသား ခရီးသွားများ နှင့် အပန်းဖြေ ခရီးသွား လိုသူများ အတွက်  လည်ပတ်ရန် နေရာ သိပ်မရှိ သော်လည်း   ဗုဒ္ဓ ဘာသာဝင် မြန်မာ လူမျိုးများ အတွက်မူ ထင်ရှားသော  နေ့ချင်းပြန် ဘုရားဖူး ခရီးစဉ် တစ်ခု ဖြစ်ပါသည်။ ရန်ကုန် မှ ညောင်တုန်းတံတားကို ဖြတ်၍လည်းကောင်း၊ ပုသိမ် - ညောင်တုန်း - ဇလွန်လမ်း အတိုင်း လည်းကောင်း ၊ ပုသိမ် - ဟင်္သာတ မှ တဆင့် ဇလွန် သို့ လည်ကောင်း အဆင ်ပြေစွာ သွားရောက် လည်ပတ် နိုင်ပါသည်။ 

ဇလွန်မြို့သမိုင်းကြောင်း
          ဇလွန်မြို့သည် ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက် ပုသိမ် (၃၂) မြို့ စာရင်းဝင် မြို့ တစ်မြို့ ဖြစ်ပါသည်။  ထိုစဉ်က ကျိုက်တော် သမန္တပူရ ဇရွန် ၊ ဇလွန် ဟူ၍ ဖော်ပြ ပါရှိ ကြောင်း သိရှိ ရပါသည်။ ဇလွန်သည် မွန်ဘာသာ အမည် (ဇလုံ) မှ ဆင်းသက် လာပြီး သင်ဖျူး ဖျာဟု အဓိပါ္ပယ် ရရှိ ကြောင်းလည်း သိရှိ ရပါသည်။ ဇလွန်ကို ခရစ်နှစ် ၉၈၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပုသိမ် ဘုရင် သမုဒ္ဒ ဃောသ ၏ မင်းတိုင်ပင် အမတ်ကြီးဓော ၏ သား ဗညားအိမ် က တည်ထောင် ခဲ့သည် ဆိုပါသည်။ ကိုလိုနီ ခေတ်ဦးတွင် ဧရာဝတီမြစ် ရေတိုက် စားသဖြင့် မြို့တစ်ဝက် ကျော်ကျော် မြစ်ထဲ ပါသွားခဲ့ပါသည်။ ထို့ကြောင့် ရေကာတာ သစ်များ တည်ဆောက်ခဲ့ပြီး မြို့ကို ရေကာတာ အတွင်း ရွှေ့ပြောင်း ခဲ့ပါသည်။  ဇလွန်မြို့ သည် မြို့နယ် ရုံးစိုက်ရာ ဖြစ်ပြီး ဗမာလူမျိုး အများဆုံး နေထိုင် ကြပြီး ကရင် တိုင်းရင်းသား များလည်း အများ အပြား နေထိုင် ကြပါသည်။၂၀၁၄ သန်းခေါင် စာရင်းအရ မြို့နယ်တွင် ၁၆၈၂၀၃ ဦးရှိပြီး လူဦးရေ ၏ ၇၀.၇ % သည် လယ်ယာ၊ သစ်တော နှင့် ငါးလုပ်ငန်း တွင် အများဆုံး လုပ်ကိုင် ကြပါသည်။

ဇလွန်မြို့တွင်သွားရောက်လည်ပတ်သင့်သောနေရာများ
        ဇလွန်မြို့သို့ ရောက်ရှိ ပါက အဖြစ် မနေ သွာရောက် လည်ပတ် သင့်သော နေရာမှာ ဇလွန် ပြည်တော်ပြန် ဘုရား (သို့) မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး ဖြစ်ပြီး အချိန် ရရှိပါက လည်း အောက်ပါ ဘုရား၊ စေတီတော် များအား သွားရောက် ဖူးမျှော် လေ့လာ သင့်ပါသည်-
(၁) ဗုဒ္ဓအံတော်မြတ်
(၂) ဦးသီလစေတီတော်
(၃) ရွှေငြိမ်းအေးဘုရား
(၄) ဇလွန်ရေကာတာ နှင့် ဧရာဝတီမြစ်

အစားသောက်များ
ဇလွန်မြို့၏ မဗေဒါ ပဲကြီးလှော် ၊ ဇင်မင်း ဂျင်းသုတ် နှင့်  ငှက်ပျော်ကြော် တို့သည် ထင်ရှားသော အစား အစာများ ဖြစ်ကြ ပါသည်။

ထင်ရှားသော ပုဂ္ဂိုလ်များ
          ကုန်းဘောင် ခေတ် ဇလွန် မြို့သူကြီး များအနက် ထင်ရှား သူမှာ ဦးရွှေပွင့် ဖြစ်ပြီး သာယာဝတီမင်း နှင့် ပုဂံမင်းတို့ လက်ထက်တွင် မင်းလှ ကျော်ထင် နော်ရထာ ၊ မဟာ သမန္တ မင်းခေါင် ဘွဲ့များ ရရှိခဲ့ပြီး ဇလွန် ပြည်တော်ပြန် ဘုရား အဖြစ် ထင်ရှား လာမည့် မာန်အောင်မြင် မြတ်စွာ ဘုရားအား မန္တလေး ရတနာပုံ နေပြည်တော်မှ ပင့်ဆောင် ပူဇော်ခဲ့သူ ဖြစ်ပါသည်။ ဇလွန် ဇာတိ ထင်ရှား သော အခြားသူ တစ်ဦးမှာ ရုပ်ရှင် သရုပ်ဆောင် ဒေါ်မြလေး (မဟာသာရွာ) ဖြစ်ပါသည်။

ဇလွန်မြို့ နှင့် ဗိုလ်ချုပ်အောင်ဆန်း
ဇလွန်မြို့သည် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လည်း ပတ်သက် ဆက်နွယ် ခဲ့သော သမိုင်း ရှိခဲ့ပါသည်။ ၁၉၄၀ ခုနှစ် ဇွန်လ ၁ ရက်နေ့ တွင် ဗိုလ်ချုပ် အောင်ဆန်း သည် တို့ဗမာ အစည်း အရုံး ညီလာခံ အား ဇလွန်မြို့၌ ကျင်းပ၍ နယ်ချဲ့ ဆန့်ကျင်ရေး တရား ဟောခဲ့ရာ ရာဇဝတ်ဝန် က ဆုတော် ငွေ ၅ ကျပ် ထုတ်ခြင်း ခံခဲ့ ရသည်။ အင်္ဂလိပ် တို့ ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးစဉ် ရာဇဝတ်အုပ် ဇနီး မေရီလှတော အကူ အညီဖြင့် ဟင်္သာတ၊ ယုန်သလင်းရွာ ရှိ ကရင် အမျိုးသား မန်းဘခိုင်ထံ ရောက်ရှိပြီး အာဇာနည် ခေါင်းဆောင် နှစ်ဦး စတင် သိရှိခဲ့ခြင်း ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင် ဖြစ်လာမည့် မန်းဘခိုင်၏ အိမ်တွင် ၃ ရက် နေခဲ့စဉ် တိုင်းပြည် လွတ်လပ်ရေး အတွက် တရား ဟောခြင်း၊ ဆွေးနွေး ခြင်းများ ဆောင်ရွက် ခဲ့ရာ ခေါင်းဆောင် နှစ်ဦး တစ်ဦးကို တစ်ဦး ပို၍ ယုံကြည် လေးစား ခဲ့ကြပါသည်။ ထိုအချိန်က မန်းဘခိုင် မှာ ငှက်ပျော စိုက်ပျိုးရေး နှင့် ပွဲရုံလုပ်ငန်း လုပ်ကိုင် သဖြင့် ဗိုလ်ချုပ်အား မန်းဘခိုင် ကိုယ်တိုင် ငှက်ပျောလှေဖြင့် ရန်ကုန် မြို့သို့ လိုက်လံ ပို့ဆောင် ပေးခဲ့ပါသည်။ လိုက်လံ ပို့ဆောင်စဉ် ဗိုလ်ချုပ် နှင့် မန်းဘခိုင် တို့၏ ရင်းနှီးမှု၊ ပွင့်လင်း ရိုးသားမှု ကို ထင်ဟပ်သော အကြောင်းအရာတစ်ခုကို ပြောပြ လိုပါသည်။ ၎င်းမှာ ဟင်္သာတ ကမ်းနားတွင် မန်းဘခိုင်က ခြံ အလုပ်သမား အယောင်ဆောင် ထားသော ဗိုလ်ချုပ်အား `` ဘယ်လိုမှတော့ မအောက် မေ့ပါနဲ့၊ လှေပေါ် တက်ရင် ငှက်ပျောခိုင် တစ်ခိုင် ထမ်းပြီး တက်စေ ချင်ပါတယ်၊ ဒါမှ မရိပ်မိ ကြမှာလို့ ပြောတော့ ဗိုလ်ချုပ်က ရယ်ပြီး သမ္ဗာန်ပေါ်ကို ထမ်းသွားကြောင်း `` အာဇာနည်နေ့ဆောင်းပါးတွင် ဖတ်ရှုခဲ့ရပါသည်။

ဇလွန်ပြည်တော်ပြန်ဘုရား (သို့) မာရ်အောင်မုနိ ဘုရား
          ဇလွန် ပြည်တော်ပြန် ဘုရားကြီး ကတော့ ဇလွန်မြို့သူ မြို့သား များရဲ့ အမြတ် တနိုး ကိုးကွယ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ဖြစ်ပြီး ဘုရားရှင် သက်ရှိထင်ရှား ကိန်းဝပ် စံပယ်နေသည့် အတိုင်း သံယောဇဉ် ထား သဒ္ဒါ တရား ထက်သန်စွာ ကြည်ညို ကိုးကွယ်လျှက် ရှိသော တန်ခိုးကြီး ဘုရားပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဝင် မြန်မာ လူမျိုးများ အတွက် ကတော့ ဇလွန် ခရီးစဉ်ဟာ မွန်မြတ်သော ဘုရားဖူး ခရီးစဉ် တစ်ခု ဖြစ်ပြီး စွမ်းအင်၊ စွမ်းအားများ တိုးတက် ရရှိ သကဲ့သို့ ခံစားရ သည်ဟု ယုံကြည် ကြပါသည်။ ဇလွန် ပြည်တော်ပြန် ဘုရားကြီး၏  စမ္မခဏ် ဂါထာတော် သည်လည်း အထူး ထင်ရှား ပါသည်။
          အချို့သော ဘုရားဖူးများသည် ဇလွန် ပြည်တော်ပြန် ဘုရားအား နယ်ချဲ့ အင်္ဂလိပ်တို့ အောက်မြန်မာ နိုင်ငံကို သိမ်းပိုက် ပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့သို့ သယ်ဆောင် သွားခဲ့ပြီး ပြည်တော်ပြန် ဘုရား အဖြစ် ဧရာဝတီ မြစ်ကြောင်း အတိုင်း မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာကြောင်းသာ သိရှိ ကြပါသည်။ ဇလွန် ပြည်တော်ပြန် ဘုရား၏ သမိုင်းမှာ ထို့ထက် ရှည်လျား နက်နဲ လှပါသည်။ မြတ်စွာ ဘုရားရှင် လက်ထက် ဓညဝတီ ရခိုင်ပြည် စန္ဒ္ဒာ သူရိယမင်း လက်ထက် တွင် သွန်းလုပ် ပူဇော် ခဲ့ကြောင်း ဇလွန် ပြည်တော်ပြန် ဘုရား သမိုင်း စာအုပ် အရ သိရှိ ရပါသည်။

          စန္ဒ္ဒာ သူရိယမင်း နှင့် ပြည်သူတို့သည် မြတ်စွာ ဘုရား ရှင်၏ ရင်ငွေ့တော် လုံ၍ သွန်းလုပ် ခဲ့သော မဟာ မြတ်မုနိ၊ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိ၊ နှင့် မာရ်အောင်မုနိ ဗုဒ္ဓ ရုပ်ပွားတော် လေးဆူကို ကြီးစဉ် ငယ်လိုက် အစဉ်လိုက် သွန်းလုပ် ခဲ့ပါသည်။ သက္ကရာဇ် (၁၁၄၆) ခုနှစ် ကုန်းဘောင် မင်းဆက် (၆)ဆက် မြောက် ဘိုးတော်မင်း (ခေါ်) ဗဒုံးမင်း လက်ထက်တွင် ဓညဝတီ ရခိုင်ပြည်ကို သိမ်းပိုက် တော်မူ၍ မဟာ မြတ်မုနိ၊ ရွှေဘုံသာ မုနိ၊ နှင့် မာရ်အောင် မုနိ ဗုဒ္ဓ ရုပ်ပွားတော် သုံးဆူကို တောင်ကုတ်လမ်း အတိုင်း၊ ထိုမှတဆင့် ဧရာဝတီ မြစ်ကြောင်း အတိုင်း အမရပူရမြို့သို့ ပင့်ဆောင်ခဲ့ လေသည်။ ရှင်ကျော် မုနိ ရုပ်ပွားတော်အား ရခိုင်လူမျိုးများ ကိုးကွယ် ပူဇော်ရန် ထားရှိခဲ့ပြီး ယခုအခါ တွင် ရခိုင်ပြည်နယ် ကျောက်တော်တွင် ယခုတိုင် သီတင်းသုံး အပူဇော်ခံ လျှက် ရှိပါသည်။ ပြည်မြို့တွင် ခေတ္တ စခန်း ချစဉ် ရခိုင် လူမျိုးတို့၏ တောင်းပန် လျှောက်ထား မှုကြောင့် ပြည်မြို့၏ အနောက် ဘက်ကမ်း တပ်စခန်း ချရာ၌ ရွှေဘုံသာမုနိ ဘုရားကို တည်ထား တော်မူ ခဲ့ရာ ယခုတိုင် ရွှေဘုံသာရပ်တွင် ဖူးမျှော်နိုင်ပါသည်။ အမရပူရသို့ ရောက်ရှိ ရာတွင် မြို့တော်၏ မြောက်ပြင် ယခု မဟာမုနိ ရုပ်ရှင် တော်၏ နေရာတွင် မဟာ မြတ်မုနိ ဘုရားကြီး အားထားရှိ ပူဇော် ခံခဲ့ သည်မှာ ယခု ထက်တိုင် တန်ခိုး ထင်ရှား လူအများ တို့ နေ့၊ ညဉ့်မစဲ ဖူးမြော် ကန်တော့ လျှက်ရှိပါသည်။ မာရ်အောင် မုနိ ဗုဒ္ဓ ရုပ်ပွားတော်ကို အမရပူရ ရွှေမြို့တော်၏ နန်းတော်ဦး၌ ထားရှိ ကိုးကွယ် ခဲ့ကြ ပါသည်။ ထို့ကြောင့် နန်းဦး ဘုရား ဟုလည်း အမည်တွင် ခဲ့ပါသည်။

          ပုဂံမင်းနှင့် မိဖုရားတို့၏ ချစ်ခင် နှစ်သက်မှုကို ခံရသော ဆွေတော် မျိုးတော် ဇလွန် မြို့သူကြီး ဦးရွှေပွင့် လက်ထက်တွင် ဘုရင်နှင့် မိဖုရားတို့ကို လျှောက်တင်ပြီး နန်းဦး ရုပ်ပွားတော် ပုံစံတူ အတိုင်း ဉာဏ်တော် တစ်မိုက်ခန့် ကြီး၍ ဆရာ မောင်မောင်လတ် အား သွန်းလုပ် စေခဲ့ပါသည်။ သွန်းလုပ် နေစဉ် အင်္ဂလိပ်တို့၏ ဒုတိယ ကျူးကျော်စစ် ဖြစ်ပွား သဖြင့် မိဖုရားမှ ဇလွန် မြို့သူကြီး ဦးရွှေပွင့်ကို အမြန် ပြန်ရန် မိန့်တော် မူခဲ့ပါသည်။ ထိုအခါ ဦးရွှေပွင့်မှ နန်းတော်ဦး မြတ်စွာ ဘုရားကို ဇလွန် မြို့သူ မြို့သားတို့ ဖူးမျှော် ရအောင် ခေတ္တ္တ ပင့်သွား ပါရစေ၊ သွန်းလုပ် ထားသော ဘုရား ပြီးစီး ပါက နန်းတော်ဦး ဘုရားကို ပြန်ပို့ရင် လာပင့် ပါမည် အကြောင်း လျှောက်ထား လေသည်။ ခွင့်ပြုချက် ရရှိသောအခါ ရန်လွင့် (ခေါ်) မင်္ဂလာ လှေတော်ကြီး ဖြင့် ဧရာဝတီ မြစ်ကြီး အတိုင်း စုန်ဆင်း ခဲ့ရာ တပေါင်း လဆန်း (၈) ရက်နေ့တွင် ဇလွန် မြိုသို့ ဆိုက်ရောက် ခဲ့လေသည်။

          သက္ကရာဇ် (၁၂၁၄) ခုနှစ် မှာပင် ပြည်နှင့် တောင်ငူ အောက်မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးကို အင်္ဂလိပ် တို့က သိမ်းယူ ခဲ့လေသည်။ ထို့နောက် တစ်ဖန် ကြေးပိုက်ဆံ ပြုလုပ်ရန် ကြေးဆင်း တုတော်ပေါင်း မြောက်များစွာ တို့နှင့် တကွ အင်္ဂလိပ် စစ်ဗိုလ် ဆာဂျွန်ဆပ်က သိမ်းယူ လေရာ သက္ကရာဇ် (၁၂၁၇) ခုနှစ်တွင် မာရ်အောင်မြင် မြတ်စွာ ဘုရားကြီး သည် ရွှေချိန် အမည်ရှိ သင်္ဘောကြီးဖြင့် အိန္ဒိယ ပြည် ဘုံဘေမြို့သို့ ပါသွား ခဲ့လေသည်။ မာရ်အောင်မြင် မြတ်စွာ ဘုရားကို ဖိုလေးလုံး ဖြင့် ထိုးသော် လည်း အရည် မပျော်၊ တူနှင့် ထုသော်လည်း အရာ မထင်၊ ပကတိ အတိုင်းပင် ဖြစ်လေသည်။ ထိုအခါ မိုးမှောင်များ ကျခြင်း၊ ဋ္ဌာပနာ ထားသော ဓါတ်တော်များ ကွန့်မြူး ရောင်ခြည်တော် လွှတ်တော် မူသည်။ အနောက်ဘက်သို့ မျက်နှာတော် လှည့်ထား သော်လည်း အရှေ့ ဘက်သို့ မျက်နှာတော် မူပြန်သည်။ ကုလား လူမျိုး (၆၄) ယောက် အချို့မှာ သွေးအန်၍ အချို့မှာ ဝမ်းရောဂါဖြင့် တစ်ပြိုင်နက် သေဆုံး ကြကုန်သည်။  တစ်နေ့၌ အင်္ဂလန်ပြည် ဝိတိုရိယ ဘုရင်မ အိန္ဒိယပြည် သို့ရောက်ရှိ လာပြီး ထူးဆန်းသော ခေါင်းကိုက် ဝေဒနာ ခံစားရပြီး ထိုဝေဒနာ ပျောက်ကင်း လိုပါက မြန်မာပြည်မှ ယူဆောင်လာသော မာရ်အောင်မြင် ရုပ်ပွားတော်ကြီးကို မူလ နေရာသို့ ရောက်အောင် ပြန်ပို့ ရမည်ဟု အိပ်မက် မြင်မက် တော်မူ လေသည်။ ထို့ကြောင့် ဝိတိုရိယ ဘုရင်မ၏ အမိန့်တော် အတိုင်း သက္ကရာဇ် (၁၂၁၉) ခုနှစ်တွင် မာရ်အောင်မြင် မြတ်စွာ ဘုရားကြီး အား သင်္ဘောဖြင့် ပင့်ဆောင် လာခဲ့ရာ ဇလွန်မြို့ကို ကျော်လွန်ပြီး ဟင်္သာတမြို့ အနီး သောင်စပ်၌ ထားခဲ့ သော်လည်း မြတ်စွာ ဘုရား၏ ပျော်မွေ့တော် မူရာ ဇလွန်မြို့သို့ သမ္မာ ဒေ၀ နတ်ကောင်း နတ်မြတ် အပေါင်း တို့၏ စောင့်ရှောက် မှုကြောင့် ပြန်လည် ရောက်ရှိ လာခဲ့ ပါသည်။ မာရ်အောင် မြင်မြတ်စွာ ဘုရား စစ်မှန် ကြောင်းကို ဇလွန်မြို့တွင် စံပယ်စဉ် ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ဆရာတော် ဦးဖြူမှ ဒမ္မခဏ်တော်ပါ စာသားအား အလွတ် ပြန်ဆို၍ သက်သေ ပြခဲ့ ပါသည်။

ပျောက်ဆုံးနေသော သမိုင်းတစ်ကွက်
        ဇလွန် ပြည်တော်ပြန် ဘုရား ခေါ် မာရ်အောင် မုနိ မြတ်စွာ ဘုရား သမိုင်း အကျဉ်း အား ထိုမျှ လောက်ပင် ရေးသား လိုပါသည်။ ဘုရား သမိုင်း ဖတ်ရှုရင်း မာရ်အောင်မြင် မြတ်စွာဘုရား (သို့) နန်းဦး ဘုရား နှင့် ပုံစံတူ ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ကြေးစင်း တုတော် ဘယ်ရောက် သွားသလဲ စိတ်ဝင်စား လာပါသည်။ ထိုသို့ စဉ်းစား တွေးတော နေစဉ် ကျွန်တော် ဗိုလ်တစ်ထောင် ဘုရား ရောက်တိုင်း တရားထိုင်၊ ပုတီးစိတ် ပြုလုပ် နေသော ပြည်တော်ပြန် နန်းဦးဘုရား ကျောင်းဆောင်ကို သတိ ရလာ ပါသည်။ ထို့ကြောင့် ထိုပြည်တော်ပြန် နန်းဦး ဘုရားသည် ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ရုပ်ပွားတော် ဖြစ်နိုင်ကြောင်း ရသမျှ အထောက် အထားများ ရှာဖွေ စုဆောင်း၍ သမိုင်းတစ်ကွက်ကို ဆက်နိုင်ရန် ကြိုးစား ခဲ့ပါသည်။
          သက္ကရာဇ် (၁၂၁၄) ခုနှစ်တွင် ပုဂံမင်း နန်းကျ၍ မင်းတုန်းမင်း နန်းတက်၏။ ထိုနှစ်တွင် ပင် အောက်မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။ (၁၂၁၇) ခုနှစ်တွင် ဇလွန်မြို့တွင် သီတင်းသုံး နေသော မာရ်အောင်မြင် မြတ်စွာ ဘုရား ပါတော် မူခဲ့ ပါသည်။ မာရ်အောင်မြင် မြတ်စွာ ဘုရားအား နန်းတော်ဦး တွင်ထားရှိ ကိုးကွယ် သောကြောင့် နန်းဦး ဘုရား ဟုလည်းကောင်း၊ ကနောင် မင်းသား ခေါ် မင်းတပ်မင်း အမြဲမပြတ် ကိုးကွယ် ခဲ့သော ကြောင့်လည်း မင်းတပ်မင်း မြတ်စွာ ဘုရား ဟုလည်း အမည်တွင် ခဲ့ပါသည်။ မင်းတုန်းမင်း နှင့် ကနောင်မင်း တို့အရေးတော်ပုံ အောင်မြင် ပြီးနောက် မိမိတို့ကိုးကွယ် ခဲ့သော နန်းဦး ဘုရား အိန္ဒိယပြည် သို့ ပါတော်မူ သွားကြောင်း ကြားသိ သောအခါ မျှော်လင့်ဖွယ် မရှိတော့သည် ဖြစ်၍ နန်းတော်ဦး မြတ်စွာ ဘုရား ထားသော ပလ္လင် ပေါ်သို့ ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ကြေးဆင်း တုတော်ကြီးကို ပင့်၍ ကိုးကွယ် တော်မူခဲ့ပြီး နန်းဦး ဘုရား ဟုသာ ခေါ်ဆို ခဲ့ကြောင်း သိရှိ ရပါသည်။
          သက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ်နှစ် (၁၈၈၅) ခုနှစ် တွင်  အထက် မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက် ပြီးနောက် အခြားသော ကြေးစင်း တုတော်များ နှင့်အတူ ဦးရွှေပွင့်၏ နန်းဦး ဘုရားအား အင်္ဂလန် နိုင်ငံသို့ သယ်ဆောင် သွားခဲ့သည်။ ထို့နောက် မြန်မာ ဘုရင်၏ ရာဇ ပလ္လင်၊ အခြား နန်းတော်သုံး ပစ္စည်း များနှင့် အတူ အင်္ဂလန်နိုင်ငံ Victoria and Albert Museum တွင် ပြသ ထားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အင်္ဂလန် နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် ပြီးနောက် နန်းဦး ဘုရားအား မြန်မာ နိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့ပြီး ဗိုလ်တစ်ထောင် ဘုရား တွင်ထားရှိ ပူဇော် ခဲ့သည်မှာ ယနေ့ အချိန် ထိပင် ဖြစ်ပါသည်။

          ထို့ကြောင့် ဗိုလ်တစ်ထောင် ဘုရား နန်းဦး ဘုရားကြီး တန်ဆောင်း အတွင်း သီတင်း သုံးနေသော ရုပ်ပွားတော်မှာ ဇလွန် မြို့သူကြီး ဦးရွှေပွင့် သွန်းလုပ် ခဲ့သော ဇလွန် မြို့သူ မြို့သားတို့၏ ကောင်းမှု ကြေးဆင်း တုတော်ကြီး ဖြစ်ကြောင်း လေ့လာ ရသမျှ ရေးသား တင်ပြ လိုက်ရ ပါသည်။ ယခု တင်ပြချက်မှာ စာရေးသူ ကျွန်တော်၏ လေ့လာ သုံးသပ်ချက် သာဖြစ်ပြီး သမိုင်းဆိုင်ရာ မှားယွင်းမှုများရှိပါက မည်သူမဆို ဝေဖန် ထောက်ပြ ပြင်ဆင် ပေးနိုင် ပါကြောင်း လည်း တင်ပြ အပ်ပါသည်။

          ဦးရွှေပွင့်သွန်းလုပ်သော နန်းဦးဘုရား၏ ဉာဏ်တော် မှာ မာရ်အောင် မုနိ နန်းဦး ဘုရား ထက် ဉာဏ်တော် တစ်မိုက်ခန့် ကြီးကြောင်း ဇလွန် ဘုရား သမိုင်း အရ သိရ သဖြင့် ဗိုလ်တစ်ထောင် ဘုရားရှိ နန်းဦး ဘုရား၏ ညဏ်တော် နှင့် တိုက်ဆိုင် ၍ စစ်ဆေး နိုင်ပါသည်။        

ဇလွန်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်း
          ဇလွန် မြို့သည် မြန်မာ နိုင်ငံ၏ အဖိုးတန် ဧရာဝတီ မြစ်၏ အနောက် ဘက်ကမ်း တွင်တည် ရှိပြီး မြစ်၏ မြင်ကွင်း၊ မြစ်အတွင်း သွားလာ နေသော လှေ၊ သင်္ဘော များ၏ မြင်ကွင်းနှင့် အတူ သာယာ အေးချမ်း လှပါသည်။ ဘုရားဖူး ပြီးနောက် သားနှစ်ဦးအား ဧရာဝတီ မြစ်ဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဘုရားကြီး သမိုင်းအား ရှင်းပြ ပေးခဲ့ ပါသည်။ မာရ်အောင်မုနိ (ခေါ်) နန်းဦးဘုရား (ခေါ်) မင်းတပ်ဘုရား (ခေါ်) ဇလွန် ပြည်တော်ပြန် ဘုရား ဖူးပြီး နောက် ဘုရားကြီး၏ တန်ခိုးတော်ကြောင့် သော်လည်းကောင်း ဗုဒ္ဓ ဘာသာဝင် တို့၏ သဒ္ဒါ တရား ထက်သန် မှုကြောင့် သော်လည်းကောင်း ကျွန်တော်တို့ မိသားစု၏ စိတ်ထဲတွင် အတိုင်း မသိ ပျော်ရွှင် ချမ်းမြေ့ မှုကို ခံစား ခဲ့ရပြီး ဓနုဖြူမြို့ မှ တဆင့် ရန်ကုန်မြို့သို့ပြန်လည် ထွက်ခွာ လာခဲ့ ပါသည်။ ဘုရားဖူး လာသော ဧည့်သည်များ လည်း ဇလွန် ပြည်တော်ပြန် ဘုရား ကြွရောက်လာရာ ဧရာဝတီ မြစ် ရှုခင်းအား ဇလွန်မြို့ ဆိပ်ကမ်းမှ တဆင့် သွားရောက် ကြည့်ရှု လေ့လာ သင့်လှ ပါကြောင်း အကြံပြု ရေးသား လိုက် ရပါသည်။ ထို့ပြင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် ဘုရားရှိ နန်းဦးဘုရား အား သွားရောက် ဖူးမျှော် ပါက ဇလွန် မြို့သူ မြို့သား တို့၏ ကောင်းမှုကို သာဓု အနုမောဒနာ ခေါ်ဆို ကြပါရန် နိဗ္ဗာန် အကျိုး မျှော်၍ နိုးဆော် တိုက်တွန်း လိုက်ရ ပါသည်။

ဆက်လက်ဖော်ပြပါမည်။

AT(New Autumn Travels & Tours)

မှီငြမ်းကိုးကား-

၁။ ပုသိမ်-ဟင်္သာတ ခရီးသွားမှတ်တမ်း

၂။ ဇလွန်ပြည်တော်ပြန်ဘုရားသမိုင်း

၃။ ၂၀၁၈ ခုနှစ် မြန်မာ့အလင်းသတင်းစာပါ အာဇာနည်နေ့ ဆောင်းပါးများ

၄။ ၂၀၁၄ သန်းခေါင် စာရင်းထုတ်ပြန်ကြေငြာချက်

၅။ http://myanmartravelinformation.com/yangon-where-to-visit/botahtaung-pagoda.html

၆။ https://www.flickr.com/photos/davidstanleytravel/42309444074

ဓါတ်ပုံ ။ AT(New Autumn Travels & Tours)

https://www.facebook.com/newautumntravels/posts/2169916736659921?__tn__=K-R


ဇလွန်ပြည်တော်ပြန်ဘုရား
မာရ်အောင်မုနိ (ခေါ်) နန်းဦးဘုရား (ခေါ်) မင်းတပ်ဘုရား (ခေါ်) ဇလွန် ပြည်တော်ပြန် ဗုဒ္ဓ ရုပ်ပွားတော်
ဇလွန် မြို့သူ မြို့သား တို့၏ ကောင်းမှု နန်းဦးမြတ်စွာဘုရား
ဇလွန်မြို့ဆိပ်ကမ်းမှ ဧရာဝတီမြစ် မြင်ကွင်း
မာရ်အောင်မုနိဘုရားဖူးပြီး မိသားစု အမှတ်တရ

(Zawgyi)
စူးစမ္းေလ့လာသြားခ်င္စရာ(၄)

ဇလြန္ျမိဳ႕ ျပည္ေတာ္ျပန္ဘုရား ႏွင့္ ဇလြန္ျမိဳ႕သူ ျမိဳ႕သားမ်ား၏ ေကာင္းမႈ

         ကၽြန္ေတာ္တို႕ မိသားစု ပုသိမ္မွ ရန္ကုန္သို႕ အျပန္တြင္ ဇလြန္ ျပည္ေတာ္ျပန္ ဘုရားလည္း ဖူးေမွ်ာ္ရင္း ကေလးမ်ားလည္း ေဒသႏၲရ ဗဟုသုတ ရရွိေစရန္ ဟသၤာတျမိဳ႕ဘက္မွ ျပန္လာခဲ့ ပါသည္။ ဟသၤာတ - ရန္ကုန္ ကားလမ္း ေပၚတြင္ တစ္ဆက္တည္း သြားေရာက္ လည္ပတ္ သင့္ေသာ ေနရာ ႏွစ္ခု ရွိၿပီး ဇလြန္ ျပည္ေတာ္ျပန္ ဘုရား ႏွင့္ ဓႏုျဖဴျမိဳ႕ မဟာဗႏၶဳလ ခံတပ္ မ်ားပဲ ျဖစ္ပါသည္။ မိမိ သြားေရာက္ လည္ပတ္ ခဲ့ေသာ ခရီးစဥ္အား မိမိ မိတ္ေဆြ မ်ားအား ျပန္လည္ မွ်ေ၀ ေပးလို သျဖင့္ စူးစမ္း ေလ့လာ သြားခ်င္ စရာ(၃) ဟသၤာတျမိဳ႕ေလးဆီသို႕ ေခါင္းစဥ္ျဖင့္ Review ေရးသား တင္ျပခဲ့ျပီး ယခုအခါ ဇလြန္ ျပည္ေတာ္ ျပန္ဘုရား အေၾကာင္း ကို ထပ္မံ ေရးသား တင္ျပလိုက္ ရပါသည္။ ျပည္ေတာ္ျပန္ ဘုရားသည္ ဇလြန္ျမိဳ႕ တြင္ ကိန္း၀ပ္ စံပယ္ လွ်က္ရွိၿပီး ဗုဒၶ ဘာသာ၀င္ ျမန္မာ လူမ်ိဳးမ်ား အတြက္ အဖိုး မျဖတ္ ႏိုင္ေသာ ဗုဒၶ အေမြအႏွစ္ တစ္ခု ျဖစ္ပါသည္။
        
တည္ေနရာ / လမ္းခရီး
          ဇလြန္ျမိဳ႔ သည္ ဧရာ၀တီ ျမစ္၏ အေနာက္ ဘက္ကမ္းတြင္ တည္္ရွိၿပီး ဟသၤာတ ျမိဳ႕နယ္တြင္ ပါ၀င္ကာ  ဟသၤာတျမိဳ႕ ေတာင္ဘက္  ၁၈.၄ မိုင္ အကြာတြင္ တည္ရွိ၍ ရန္ကုန္ျမိဳ႕သို႕ ၈၅.၆ မိုင္သာ ေ၀း ပါသည္။ ဇလြန္ျမိဳ႕သည္ ႏုိင္ငံျခားသား ခရီးသြားမ်ား ႏွင့္ အပန္းေျဖ ခရီးသြား လိုသူမ်ား အတြက္  လည္ပတ္ရန္ ေနရာ သိပ္မရွိ ေသာ္လည္း   ဗုဒၶ ဘာသာ၀င္ ျမန္မာ လူမ်ိဳးမ်ား အတြက္မူ ထင္ရွားေသာ  ေန႕ခ်င္းျပန္ ဘုရားဖူး ခရီးစဥ္ တစ္ခု ျဖစ္ပါသည္။ ရန္ကုန္ မွ ေညာင္တုန္းတံတားကို ျဖတ္၍လည္းေကာင္း၊ ပုသိမ္ - ေညာင္တုန္း - ဇလြန္လမ္း အတိုင္း လည္းေကာင္း ၊ ပုသိမ္ - ဟသၤာတ မွ တဆင့္ ဇလြန္ သို႕ လည္ေကာင္း အဆင ္ေျပစြာ သြားေရာက္ လည္ပတ္ ႏုိင္ပါသည္။ 

ဇလြန္ျမိဳ႕သမိုင္းေၾကာင္း
          ဇလြန္ျမိဳ႕သည္ ကုန္းေဘာင္ေခတ္ သာယာ၀တီမင္းလက္ထက္ ပုသိမ္ (၃၂) ျမိဳ႕ စာရင္း၀င္ ျမိဳ႕ တစ္ျမိဳ႕ ျဖစ္ပါသည္။  ထိုစဥ္က က်ိဳက္ေတာ္ သမႏၲပူရ ဇရြန္ ၊ ဇလြန္ ဟူ၍ ေဖာ္ျပ ပါရွိ ေၾကာင္း သိရွိ ရပါသည္။ ဇလြန္သည္ မြန္ဘာသာ အမည္ (ဇလုံု) မွ ဆင္းသက္ လာၿပီး သင္ဖ်ဴး ဖ်ာဟု အဓိပါၸယ္ ရရွိ ေၾကာင္းလည္း သိရွိ ရပါသည္။ ဇလြန္ကို ခရစ္ႏွစ္ ၉၈၅ ခုႏွစ္ ဇန္န၀ါရီလ ၂၄ ရက္ေန႕တြင္ ပုသိမ္ ဘုရင္ သမုဒၵ ေဃာသ ၏ မင္းတုိင္ပင္ အမတ္ၾကီးေဓာ ၏ သား ဗညားအိမ္ က တည္ေထာင္ ခဲ့သည္ ဆိုပါသည္။ ကိုလိုနီ ေခတ္ဦးတြင္ ဧရာ၀တီျမစ္ ေရတိုက္ စားသျဖင့္ ျမိဳ႕တစ္၀က္ ေက်ာ္ေက်ာ္ ျမစ္ထဲ ပါသြားခဲ့ပါသည္။ ထုိ႕ေၾကာင့္ ေရကာတာ သစ္မ်ား တည္ေဆာက္ခဲ့ၿပီး ျမိဳ႕ကို ေရကာတာ အတြင္း ေရႊ႕ေျပာင္း ခဲ့ပါသည္။  ဇလြန္ျမိဳ႕ သည္ ျမိဳ႕နယ္ ရံုးစိုက္ရာ ျဖစ္ၿပီး ဗမာလူမ်ိဳး အမ်ားဆံုး ေနထုိင္ ၾကၿပီး ကရင္ တုိင္းရင္းသား မ်ားလည္း အမ်ား အျပား ေနထုိင္ ၾကပါသည္။

၂၀၁၄ သန္းေခါင္ စာရင္းအရ ျမိဳ႕နယ္တြင္ ၁၆၈၂၀၃ ဦးရွိၿပီး လူဦးေရ ၏ ၇၀.၇ % သည္ လယ္ယာ၊ သစ္ေတာ ႏွင့္ ငါးလုပ္ငန္း တြင္ အမ်ားဆုံး လုပ္ကိုင္ ၾကပါသည္။

ဇလြန္ျမိဳ႕တြင္သြားေရာက္လည္ပတ္သင့္ေသာေနရာမ်ား
        ဇလြန္ျမိဳ႕သို႕ ေရာက္ရွိ ပါက အျဖစ္ မေန သြာေရာက္ လည္ပတ္ သင့္ေသာ ေနရာမွာ ဇလြန္ ျပည္ေတာ္ျပန္ ဘုရား (သို႕) မာရ္ေအာင္ျမင္ ျပည္ေတာ္ျပန္ ျမတ္စြာ ဘုရားႀကီး ျဖစ္ၿပီး အခ်ိန္ ရရွိပါက လည္း ေအာက္ပါ ဘုရား၊ ေစတီေတာ္ မ်ားအား သြားေရာက္ ဖူးေမွ်ာ္ ေလ့လာ သင့္ပါသည္-
(၁) ဗုဒၶအံေတာ္ျမတ္
(၂) ဦးသီလေစတီေတာ္
(၃) ေရႊၿငိမ္းေအးဘုရား
(၄) ဇလြန္ေရကာတာ ႏွင့္ ဧရာ၀တီျမစ္

အစားေသာက္မ်ား
ဇလြန္ျမိဳ႕၏ မေဗဒါ ပဲျကီးေလွာ္ ၊ ဇင္မင္း ဂ်င္းသုတ္ ႏွင့္  ငွက္ေပ်ာ္ေျကာ္ တို႕သည္ ထင္ရွားေသာ အစား အစာမ်ား ျဖစ္ျက ပါသည္။

ထင္ရွားေသာ ပုဂၢိဳလ္မ်ား
          ကုန္းေဘာင္ ေခတ္ ဇလြန္ ျမိဳ႕သူၾကီး မ်ားအနက္ ထင္ရွား သူမွာ ဦးေရႊပြင့္ ျဖစ္ၿပီး သာယာ၀တီမင္း ႏွင့္ ပုဂံမင္းတို႕ လက္ထက္တြင္ မင္းလွ ေက်ာ္ထင္ ေနာ္ရထာ ၊ မဟာ သမႏၲ မင္းေခါင္ ဘြဲ႕မ်ား ရရွိခဲ့ၿပီး ဇလြန္ ျပည္ေတာ္ျပန္ ဘုရား အျဖစ္ ထင္ရွား လာမည့္ မာန္ေအာင္ျမင္ ျမတ္စြာ ဘုရားအား မႏၲေလး ရတနာပံု ေနျပည္ေတာ္မွ ပင့္ေဆာင္ ပူေဇာ္ခဲ့သူ ျဖစ္ပါသည္။ ဇလြန္ ဇာတိ ထင္ရွား ေသာ အျခားသူ တစ္ဦးမွာ ရုပ္ရွင္ သရုပ္ေဆာင္ ေဒၚျမေလး (မဟာသာရြာ) ျဖစ္ပါသည္။

ဇလြန္ျမိဳ႕ ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း
ဇလြန္ျမိဳ႕သည္ အာဇာနည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ လြတ္လပ္ေရးၾကိဳးပမ္းမႈႏွင့္လည္း ပတ္သက္ ဆက္ႏြယ္ ခဲ့ေသာ သမိုင္း ရွိခဲ့ပါသည္။ ၁၉၄၀ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔ တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း သည္ တို႕ဗမာ အစည္း အရံုး ညီလာခံ အား ဇလြန္ျမိဳ႕၌ က်င္းပ၍ နယ္ခ်ဲ႕ ဆန႔္က်င္ေရး တရား ေဟာခဲ့ရာ ရာဇ၀တ္၀န္ က ဆုေတာ္ ေငြ ၅ က်ပ္ ထုတ္ျခင္း ခံခဲ့ ရသည္။ အဂၤလိပ္ တို႕ ပိုက္စိပ္တိုက္ လိုက္လံ ဖမ္းဆီးစဥ္ ရာဇ၀တ္အုပ္ ဇနီး ေမရီလွေတာ အကူ အညီျဖင့္ ဟသၤာတ၊ ယုန္သလင္းရြာ ရွိ ကရင္ အမ်ိဳးသား မန္းဘခို္င္ထံ ေရာက္ရွိၿပီး အာဇာနည္ ေခါင္းေဆာင္ ႏွစ္ဦး စတင္ သိရွိခဲ့ျခင္း ျဖစ္ပါသည္။ အာဇာနည္ ေခါင္းေဆာင္ ျဖစ္လာမည့္ မန္းဘခိုင္၏ အိမ္တြင္ ၃ ရက္ ေနခဲ့စဥ္ တုိင္းျပည္ လြတ္လပ္ေရး အတြက္ တရား ေဟာျခင္း၊ ေဆြးေႏြး ျခင္းမ်ား ေဆာင္ရြက္ ခဲ့ရာ ေခါင္းေဆာင္ ႏွစ္ဦး တစ္ဦးကို တစ္ဦး ပို၍ ယံုၾကည္ ေလးစား ခဲ့ၾကပါသည္။ ထိုအခ်ိန္က မန္းဘခိုင္ မွာ ငွက္ေပ်ာ စိုက္ပ်ိဳးေရး ႏွင့္ ပြဲရံုလုပ္ငန္း လုပ္ကိုင္ သျဖင့္ ဗိုလ္ခ်ဳပ္အား မန္းဘခိုင္ ကိုယ္တုိင္ ငွက္ေပ်ာေလွျဖင့္ ရန္ကုန္ ျမိဳ႕သို႕ လုိက္လံ ပို႔ေဆာင္ ေပးခဲ့ပါသည္။ လုိက္လံ ပို႔ေဆာင္စဥ္ ဗိုလ္ခ်ဳပ္ ႏွင့္ မန္းဘခိုင္ တုိ႕၏ ရင္းႏွီးမႈ၊ ပြင့္လင္း ရုိးသားမႈ ကို ထင္ဟပ္ေသာ အေၾကာင္းအရာတစ္ခုကို ေျပာျပ လိုပါသည္။ ၄င္းမွာ ဟသၤာတ ကမ္းနားတြင္ မန္းဘခုိင္က ျခံ အလုပ္သမား အေယာင္ေဆာင္ ထားေသာ ဗိုလ္ခ်ဳပ္အား `` ဘယ္လိုမွေတာ့ မေအာက္ ေမ့ပါနဲ႕၊ ေလွေပၚ တက္ရင္ ငွက္ေပ်ာခိုင္ တစ္ခုိင္ ထမ္းၿပီး တက္ေစ ခ်င္ပါတယ္၊ ဒါမွ မရိပ္မိ ၾကမွာလို႕ ေျပာေတာ ့ ဗိုလ္ခ်ဳပ္က ရယ္ၿပီး သမၺာန္ေပၚကို ထမ္းသြားေၾကာင္း `` အာဇာနည္ေန႕ေဆာင္းပါးတြင္ ဖတ္ရႈခဲ့ရပါသည္။

ဇလြန္ျပည္ေတာ္ျပန္ဘုရား (သို႕) မာရ္ေအာင္မုနိ ဘုရား
          ဇလြန္ ျပည္ေတာ္ျပန္ ဘုရားၾကီး ကေတာ့ ဇလြန္ျမိဳ႕သူ ျမိဳ႕သား မ်ားရဲ႕ အျမတ္ တႏိုး ကိုးကြယ္တဲ့ ဗုဒၶ ရုပ္ပြားေတာ္ ျဖစ္ၿပီး ဘုရားရွင္ သက္ရွိထင္ရွား ကိန္း၀ပ္္ စံပယ္ေနသည့္ အတုိင္း သံေယာဇဥ္ ထား သဒၵါ တရား ထက္သန္စြာ ၾကည္ညိဳ ကိုးကြယ္လွ်က္ ရွိေသာ တန္ခိုးၾကီး ဘုရားပဲ ျဖစ္ပါတယ္။ ဗုဒၶဘာသာ ၀င္ ျမန္မာ လူမ်ိဳးမ်ား အတြက္ ကေတာ့ ဇလြန္ ခရီးစဥ္ဟာ မြန္ျမတ္ေသာ ဘုရားဖူး ခရီးစဥ္ တစ္ခု ျဖစ္ၿပီး စြမ္းအင္၊ စြမ္းအားမ်ား တိုးတက္ ရရွိ သကဲ့သို႔ ခံစားရ သည္ဟု ယံုၾကည္ ၾကပါသည္။ ဇလြန္ ျပည္ေတာ္ျပန္ ဘုရားၾကီး၏  စမၼခဏ္ ဂါထာေတာ္ သည္လည္း အထူး ထင္ရွား ပါသည္။
          အခ်ိဳ႕ေသာ ဘုရားဖူးမ်ားသည္ ဇလြန္ ျပည္ေတာ္ျပန္ ဘုရားအား နယ္ခ်ဲ႕ အဂၤလိပ္တုိ႕ ေအာက္ျမန္မာ ႏုိင္ငံကို သိမ္းပိုက္ ၿပီးေနာက္ အိႏိၵယျပည္ ဘံုေဘျမိဳ႕သို႕ သယ္ေဆာင္ သြားခဲ့ၿပီး ျပည္ေတာ္ျပန္ ဘုရား အျဖစ္ ဧရာ၀တီ ျမစ္ေၾကာင္း အတုိင္း ျမန္မာ ႏုိင္ငံသို႕ ျပန္လည္ ေရာက္ရွိ လာေၾကာင္းသာ သိရွိ ၾကပါသည္။ ဇလြန္ ျပည္ေတာ္ျပန္ ဘုရား၏ သမိုင္းမွာ ထုိ႕ထက္ ရွည္လ်ား နက္နဲ လွပါသည္။ ျမတ္စြာ ဘုရားရွင္ လက္ထက္ ဓည၀တီ ရခို္င္ျပည္ စႏၵၵာ သူရိယမင္း လက္ထက္ တြင္ သြန္းလုပ္ ပူေဇာ္ ခဲ့ေၾကာင္း ဇလြန္ ျပည္ေတာ္ျပန္ ဘုရား သမိုင္း စာအုပ္ အရ သိရွိ ရပါသည္။
          စႏၵၵာ သူရိယမင္း ႏွင့္ ျပည္သူတို႕သည္ ျမတ္စြာ ဘုရား ရွင္၏ ရင္ေငြ႕ေတာ္ လံု၍ သြန္းလုပ္ ခဲ့ေသာ မဟာ ျမတ္မုနိ၊ ရွင္ေက်ာ္မုနိ၊ ေရႊဘုံုသာမုနိ၊ ႏွင့္ မာရ္ေအာင္မုနိ ဗုဒၶ ရုပ္ပြားေတာ္ ေလးဆူကို ၾကီးစဥ္ ငယ္လုိက္ အစဥ္လိုက္ သြန္းလုပ္ ခဲ့ပါသည္။ သကၠရာဇ္ (၁၁၄၆) ခုႏွစ္ ကုန္းေဘာင္ မင္းဆက္ (၆)ဆက္ ေျမာက္ ဘုိးေတာ္မင္း (ေခၚ) ဗဒံုးမင္း လက္ထက္တြင္ ဓည၀တီ ရခိုင္ျပည္ကို သိမ္းပိုက္ ေတာ္မူ၍ မဟာ ျမတ္မုနိ၊ ေရႊဘုံုသာ မုနိ၊ ႏွင့္ မာရ္ေအာင္ မုနိ ဗုဒၶ ရုပ္ပြားေတာ္ သံုးဆူကို ေတာင္ကုတ္လမ္း အတိုင္း၊ ထုိမွတဆင့္ ဧရာ၀တီ ျမစ္ေၾကာင္း အတုိင္း အမရပူရျမိဳ႕သို႕ ပင့္ေဆာင္ခဲ့ ေလသည္။ ရွင္ေက်ာ္ မုနိ ရုပ္ပြားေတာ္အား ရခုိင္လူမ်ိဳးမ်ား ကိုးကြယ္ ပူေဇာ္ရန္ ထားရွိခဲ့ၿပီး ယခုအခါ တြင္ ရခို္င္ျပည္နယ္ ေက်ာက္ေတာ္တြင္ ယခုတုိင္ သီတင္းသံုး အပူေဇာ္ခံ လွ်က္ ရွိပါသည္။ ျပည္ျမိဳ႕တြင္ ေခတၱ စခန္း ခ်စဥ္ ရခိုင္ လူမ်ိဳးတို႕၏ ေတာင္းပန္ ေလွ်ာက္ထား မႈေၾကာင့္ ျပည္ျမိဳ႕၏ အေနာက္ ဘက္ကမ္း တပ္စခန္း ခ်ရာ၌ ေရႊဘုံသာမုနိ ဘုရားကို တည္ထား ေတာ္မူ ခဲ့ရာ ယခုတိုင္ ေရႊဘံုသာရပ္တြင္ ဖူးေမွ်ာ္ႏုိင္ပါသည္။ အမရပူရသို႕ ေရာက္ရွိ ရာတြင္ ျမိဳ႕ေတာ္၏ ေျမာက္ျပင္ ယခု မဟာမုနိ ရုပ္ရွင္ ေတာ္၏ ေနရာတြင္ မဟာ ျမတ္မုနိ ဘုရားၾကီး အားထားရွိ ပူေဇာ္ ခံခဲ့ သည္မွာ ယခု ထက္တုိင္ တန္ခိုး ထင္ရွား လူအမ်ား တို႕ ေန႕၊ ညဥ္႔မစဲ ဖူးေျမာ္ ကန္ေတာ့ လွ်က္ရွိပါသည္။ မာရ္ေအာင္ မုနိ ဗုဒၶ ရုပ္ပြားေတာ္ကို အမရပူရ ေရႊျမိဳ႕ေတာ္၏ နန္းေတာ္ဦး၌ ထားရွိ ကိုးကြယ္ ခဲ့ၾက ပါသည္။ ထုိ႔ေၾကာင့္ နန္းဦး ဘုရား ဟုလည္း အမည္တြင္ ခဲ့ပါသည္။
          ပုဂံမင္းႏွင့္ မိဖုရားတို႕၏ ခ်စ္ခင္ ႏွစ္သက္မႈကို ခံရေသာ ေဆြေတာ္ မ်ိဳးေတာ္ ဇလြန္ ျမိဳ႕သူၾကီး ဦးေရႊပြင့္ လက္ထက္တြင္ ဘုရင္ႏွင့္ မိဖုရားတို႕ကို ေလွ်ာက္တင္ၿပီး နန္းဦး ရုပ္ပြားေတာ္ ပံုစံတူ အတိုင္း ဉာဏ္ေတာ္ တစ္မိုက္ခန္႕ ၾကီး၍ ဆရာ ေမာင္ေမာင္လတ္ အား သြန္းလုပ္ ေစခဲ့ပါသည္။ သြန္းလုပ္ ေနစဥ္ အဂၤလိပ္တို႕၏ ဒုတိယ က်ဴးေက်ာ္စစ္ ျဖစ္ပြား သျဖင့္ မိဖုရားမွ ဇလြန္ ျမိဳ႕သူၾကီး ဦးေရႊပြင့္ကို အျမန္ ျပန္ရန္ မိန္႕ေတာ္ မူခဲ့ပါသည္။ ထိုအခါ ဦးေရႊပြင့္မွ နန္းေတာ္ဦး ျမတ္စြာ ဘုရားကုိ ဇလြန္ ျမိဳ႕သူ ျမိဳ႕သားတို႕ ဖူးေမွ်ာ္ ရေအာင္ ေခတၱၱ ပင့္သြား ပါရေစ၊ သြန္းလုပ္ ထားေသာ ဘုရား ၿပီးစီး ပါက နန္းေတာ္ဦး ဘုရားကို ျပန္ပို႕ရင္ လာပင့္ ပါမည္ အေၾကာင္း ေလွ်ာက္ထား ေလသည္။ ခြင့္ျပဳခ်က္ ရရွိေသာအခါ ရန္လြင့္ (ေခၚ) မဂၤလာ ေလွေတာ္ၾကီး ျဖင့္ ဧရာ၀တီ ျမစ္ၾကီး အတိုင္း စုန္ဆင္း ခဲ့ရာ တေပါင္း လဆန္း (၈) ရက္ေန႕တြင္ ဇလြန္ ျမိဳသုိ႕ ဆုိ္က္ေရာက္ ခဲ့ေလသည္။
          သကၠရာဇ္ (၁၂၁၄) ခုႏွစ္ မွာပင္ ျပည္ႏွင့္ ေတာင္ငူ ေအာက္ျမန္မာ ႏုိင္ငံေတာ္ တစ္၀န္းလံုးကုိ အဂၤလိပ္ တို႔က သိမ္းယူ ခဲ့ေလသည္။ ထုိ႕ေနာက္ တစ္ဖန္ ေၾကးပုိက္ဆံ ျပဳလုပ္ရန္ ေၾကးဆင္း တုေတာ္ေပါင္း ေျမာက္မ်ားစြာ တို႕ႏွင့္ တကြ အဂၤလိပ္ စစ္ဗိုလ္ ဆာဂၽြန္ဆပ္က သိမ္းယူ ေလရာ သကၠရာဇ္ (၁၂၁၇) ခုႏွစ္တြင္ မာရ္ေအာင္ျမင္ ျမတ္စြာ ဘုရားၾကီး သည္ ေရႊခ်ိန္ အမည္ရွိ သေဘၤာၾကီးျဖင့္ အိႏိၵယ ျပည္ ဘံုေဘျမိဳ႕သို႕ ပါသြား ခဲ့ေလသည္။ မာရ္ေအာင္ျမင္ ျမတ္စြာ ဘုရားကို ဖိုေလးလံုး ျဖင့္ ထုိးေသာ္ လည္း အရည္ မေပ်ာ္၊ တူႏွင့္ ထုေသာ္လည္း အရာ မထင္၊ ပကတိ အတုိင္းပင္ ျဖစ္ေလသည္။ ထိုအခါ မိုးေမွာင္မ်ား က်ျခင္း၊ ႒ာပနာ ထားေသာ ဓါတ္ေတာ္မ်ား ကြန္႕ျမဴး ေရာင္ျခည္ေတာ္ လႊတ္ေတာ္ မူသည္။ အေနာက္ဘက္သို႕ မ်က္ႏွာေတာ္ လွည့္ထား ေသာ္လည္း အေရွ႕ ဘက္သို႕ မ်က္ႏွာေတာ္ မူျပန္သည္။ ကုလား လူမ်ိဳး (၆၄) ေယာက္ အခ်ိဳ႕မွာ ေသြးအန္၍ အခ်ိဳ႕မွာ ၀မ္းေရာဂါျဖင့္ တစ္ျပိဳင္နက္ ေသဆံုး ၾကကုန္သည္။  တစ္ေန႕၌ အဂၤလန္ျပည္ ၀ိတိုရိယ ဘုရင္မ အိႏိၵယျပည္ သို႕ေရာက္ရွိ လာၿပီး ထူးဆန္းေသာ ေခါင္းကိုက္ ေ၀ဒနာ ခံစားရၿပီး ထုိေ၀ဒနာ ေပ်ာက္ကင္း လိုပါက ျမန္မာျပည္မွ ယူေဆာင္လာေသာ မာရ္ေအာင္ျမင္ ရုပ္ပြားေတာ္ၾကီးကို မူလ ေနရာသို႕ ေရာက္ေအာင္ ျပန္ပို႕ ရမည္ဟု အိပ္မက္ ျမင္မက္ ေတာ္မူ ေလသည္။ ထို႕ေၾကာင့္ ၀ိတုိရိယ ဘုရင္မ၏ အမိန္႕ေတာ္ အတုိင္း သကၠရာဇ္ (၁၂၁၉) ခုႏွစ္တြင္ မာရ္ေအာင္ျမင္ ျမတ္စြာ ဘုရားၾကီး အား သေဘၤာျဖင့္ ပင့္ေဆာင္ လာခဲ့ရာ ဇလြန္ျမိဳ႕ကို ေက်ာ္လြန္ၿပီး ဟသၤာတျမိဳ႕ အနီး ေသာင္စပ္၌ ထားခဲ့ ေသာ္လည္း ျမတ္စြာ ဘုရား၏ ေပ်ာ္ေမြ႔ေတာ္ မူရာ ဇလြန္ျမိဳ႕သို႕ သမၼာ ေဒ၀ နတ္ေကာင္း နတ္ျမတ္ အေပါင္း တို႕၏ ေစာင့္ေရွာက္ မႈေၾကာင့္ ျပန္လည္ ေရာက္ရွိ လာခဲ့ ပါသည္။ မာရ္ေအာင္ ျမင္ျမတ္စြာ ဘုရား စစ္မွန္ ေၾကာင္းကို ဇလြန္ျမိဳ႕တြင္ စံပယ္စဥ္ ထိန္းသိမ္း ေစာင့္ေရွာက္ ခဲ့ေသာ ဆရာေတာ္ ဦးျဖဴမွ ဒမၼခဏ္ေတာ္ပါ စာသားအား အလြတ္ ျပန္ဆို္၍ သက္ေသ ျပခဲ့ ပါသည္။

ေပ်ာက္ဆံုးေနေသာ သမုိင္းတစ္ကြက္
        ဇလြန္ ျပည္ေတာ္ျပန္ ဘုရား ေခၚ မာရ္ေအာင္ မုနိ ျမတ္စြာ ဘုရား သမိုင္း အက်ဥ္း အား ထိုမွ် ေလာက္ပင္ ေရးသား လိုပါသည္။ ဘုရား သမိုင္း ဖတ္ရႈရင္း မာရ္ေအာင္ျမင္ ျမတ္စြာဘုရား (သို႕) နန္းဦး ဘုရား ႏွင့္ ပံုစံတူ ဦးေရႊပြင့္ သြန္းလုပ္ ခဲ့ေသာ ေၾကးစင္း တုေတာ္ ဘယ္ေရာက္ သြားသလဲ စိတ္၀င္စား လာပါသည္။ ထိုသို႔ စဥ္းစား ေတြးေတာ ေနစဥ္ ကၽြန္ေတာ္ ဗိုလ္တစ္ေထာင္ ဘုရား ေရာက္တုိင္း တရားထုိင္၊ ပုတီးစိတ္ ျပဳလုပ္ ေနေသာ ျပည္ေတာ္ျပန္ နန္းဦးဘုရား ေက်ာင္းေဆာင္ကို သတိ ရလာ ပါသည္။ ထို႕ေၾကာင့္ ထုိျပည္ေတာ္ျပန္ နန္းဦး ဘုရားသည္ ဦးေရႊပြင့္ သြန္းလုပ္ ခဲ့ေသာ ရုပ္ပြားေတာ္ ျဖစ္ႏိုင္ေၾကာင္း ရသမွ် အေထာက္ အထားမ်ား ရွာေဖြ စုေဆာင္း၍ သမုိင္းတစ္ကြက္ကို ဆက္ႏုိင္ရန္ ၾကိဳးစား ခဲ့ပါသည္။
          သကၠရာဇ္ (၁၂၁၄) ခုႏွစ္တြင္ ပုဂံမင္း နန္းက်၍ မင္းတုန္းမင္း နန္းတက္၏။ ထိုႏွစ္တြင္ ပင္ ေအာက္ျမန္မာ ႏုိင္ငံကို အဂၤလိပ္တို႕ သိမ္းပိုက္သည္။ (၁၂၁၇) ခုႏွစ္တြင္ ဇလြန္ျမိဳ႕တြင္ သီတင္းသံုး ေနေသာ မာရ္ေအာင္ျမင္ ျမတ္စြာ ဘုရား ပါေတာ္ မူခဲ့ ပါသည္။ မာရ္ေအာင္ျမင္ ျမတ္စြာ ဘုရားအား နန္းေတာ္ဦး တြင္ထားရွိ ကိုးကြယ္ ေသာေၾကာင့္ နန္းဦး ဘုရား ဟုလည္းေကာင္း၊ ကေနာင္ မင္းသား ေခၚ မင္းတပ္မင္း အျမဲမျပတ္ ကိုးကြယ္ ခဲ့ေသာ ေၾကာင့္လည္း မင္းတပ္မင္း ျမတ္စြာ ဘုရား ဟုလည္း အမည္တြင္ ခဲ့ပါသည္။ မင္းတုန္းမင္း ႏွင့္ ကေနာင္မင္း တို႕အေရးေတာ္ပံု ေအာင္ျမင္ ၿပီးေနာက္ မိမိတို႕ကိုးကြယ္ ခဲ့ေသာ နန္းဦး ဘုရား အိႏိၵယျပည္ သို႕ ပါေတာ္မူ သြားေၾကာင္း ၾကားသိ ေသာအခါ ေမွ်ာ္လင့္ဖြယ္ မရွိေတာ့သည္ ျဖစ္၍ နန္းေတာ္ဦး ျမတ္စြာ ဘုရား ထားေသာ ပလႅင္ ေပၚသုိ႕ ဦးေရႊပြင့္ သြန္းလုပ္ ခဲ့ေသာ ေၾကးဆင္း တုေတာ္ၾကီးကို ပင့္၍ ကိုးကြယ္ ေတာ္မူခဲ့ၿပီး နန္းဦး ဘုရား ဟုသာ ေခၚဆို ခဲ့ေၾကာင္း သိရွိ ရပါသည္။
          သကၠရာဇ္ (၁၂၄၇) ခုႏွစ္၊ ခရစ္ႏွစ္ (၁၈၈၅) ခုႏွစ္ တြင္          အထက္ ျမန္မာ ႏုိင္ငံကို အဂၤလိပ္တုိ႕ သိမ္းပိုက္ ၿပီးေနာက္ အျခားေသာ ေၾကးစင္း တုေတာ္မ်ား ႏွင့္အတူ ဦးေရႊပြင့္၏ နန္းဦး ဘုရားအား အဂၤလန္ ႏုိင္ငံသို႕ သယ္ေဆာင္ သြားခဲ့သည္။ ထို႕ေနာက္ ျမန္မာ ဘုရင္၏ ရာဇ ပလႅင္၊ အျခား နန္းေတာ္သံုး ပစၥည္း မ်ားႏွင့္ အတူ အဂၤလန္ႏုိင္ငံ Victoria and Albert Museum တြင္ ျပသ ထားခဲ့သည္။ ၁၉၅၁ ခုႏွစ္တြင္ ၀န္ၾကီးခ်ဳပ္ ဦးႏု၏ အဂၤလန္ ႏုိင္ငံ ခ်စ္ၾကည္ေရး ခရီးစဥ္ ၿပီးေနာက္ နန္းဦး ဘုရားအား ျမန္မာ ႏုိင္ငံသို႕ ျပန္လည္ ေပးအပ္ခဲ့ၿပီး ဗိုလ္တစ္ေထာင္ ဘုရား တြင္ထားရွိ ပူေဇာ္ ခဲ့သည္မွာ ယေန႕ အခ်ိန္ ထိပင္ ျဖစ္ပါသည္။
          ထို႕ေၾကာင့္ ဗိုလ္တစ္ေထာင္ ဘုရား နန္းဦး ဘုရားၾကီး တန္ေဆာင္း အတြင္း သီတင္း သံုးေနေသာ ရုပ္ပြားေတာ္မွာ ဇလြန္ ျမိဳ႕သူၾကီး ဦးေရႊပြင့္ သြန္းလုပ္ ခဲ့ေသာ ဇလြန္ ျမိဳ႕သူ ျမိဳ႕သားတို႕၏ ေကာင္းမႈ ေၾကးဆင္း တုေတာ္ၾကီး ျဖစ္ေၾကာင္း ေလ့လာ ရသမွ် ေရးသား တင္ျပ လုိက္ရ ပါသည္။ ယခု တင္ျပခ်က္မွာ စာေရးသူ ကၽြန္ေတာ္၏ ေလ့လာ သံုးသပ္ခ်က္ သာျဖစ္ၿပီး သမိုင္းဆိုင္ရာ မွားယြင္းမႈမ်ားရွိပါက မည္သူမဆို ေ၀ဖန္ ေထာက္ျပ ျပင္ဆင္ ေပးႏုိင္ ပါေၾကာင္း လည္း တင္ျပ အပ္ပါသည္။
          ဦးေရႊပြင့္သြန္းလုပ္ေသာ နန္းဦးဘုရား၏ ဉာဏ္ေတာ္ မွာ မာရ္ေအာင္ မုနိ နန္းဦး ဘုရား ထက္ ဉာဏ္္ေတာ္ တစ္မိုက္ခန္႕ ၾကီးေၾကာင္း ဇလြန္ ဘုရား သမိုင္း အရ သိရ သျဖင့္ ဗိုလ္တစ္ေထာင္ ဘုရားရွိ နန္းဦး ဘုရား၏ ညဏ္ေတာ္ ႏွင့္ တုိက္ဆုိင္ ၍ စစ္ေဆး ႏိုင္ပါသည္။
         
ဇလြန္ျမိဳ႕ ဧရာ၀တီျမစ္ဆိပ္ကမ္း
          ဇလြန္ ျမိဳ႕သည္ ျမန္မာ ႏုိင္ငံ၏ အဖိုးတန္ ဧရာ၀တီ ျမစ္၏ အေနာက္ ဘက္ကမ္း တြင္တည္ ရွိၿပီး ျမစ္၏ ျမင္ကြင္း၊ ျမစ္အတြင္း သြားလာ ေနေသာ ေလွ၊ သေဘၤာ မ်ား၏ ျမင္ကြင္းႏွင့္ အတူ သာယာ ေအးခ်မ္း လွပါသည္။ ဘုရားဖူး ၿပီးေနာက္ သားႏွစ္ဦးအား ဧရာ၀တီ ျမစ္ဆိပ္သို႕ လိုက္လံပို႕ေဆာင္ေပးခဲ့ၿပီး ဘုရားၾကီး သမုိင္းအား ရွင္းျပ ေပးခဲ့ ပါသည္။ မာရ္ေအာင္မုနိ (ေခၚ) နန္းဦးဘုရား (ေခၚ) မင္းတပ္ဘုရား (ေခၚ) ဇလြန္ ျပည္ေတာ္ျပန္ ဘုရား ဖူးၿပီး ေနာက္ ဘုရားၾကီး၏ တန္ခိုးေတာ္ေၾကာင့္ ေသာ္လည္းေကာင္း ဗုဒၶ ဘာသာ၀င္ တို႕၏ သဒၵါ တရား ထက္သန္ မႈေၾကာင့္ ေသာ္လည္းေကာင္း ကၽြန္ေတာ္တို႕ မိသားစု၏ စိတ္ထဲတြင္ အတုိင္း မသိ ေပ်ာ္ရႊင္ ခ်မ္းေျမ႕ မႈကို ခံစား ခဲ့ရၿပီး ဓႏုျဖဴျမိဳ႕ မွ တဆင့္ ရန္ကုန္ျမိဳ႕သို႕ျပန္လည္ ထြက္ခြာ လာခဲ့ ပါသည္။ ဘုရားဖူး လာေသာ ဧည့္သည္မ်ား လည္း ဇလြန္ ျပည္ေတာ္ျပန္ ဘုရား ၾကြေရာက္လာရာ ဧရာ၀တီ ျမစ္ ရႈခင္းအား ဇလြန္ျမိဳ႕ ဆိပ္ကမ္းမွ တဆင့္ သြားေရာက္ ၾကည့္ရႈ ေလ့လာ သင့္လွ ပါေၾကာင္း အၾကံျပဳ ေရးသား လိုက္ ရပါသည္။ ထို႕ျပင္ ရန္ကုန္ျမိဳ႕ ဗိုလ္တစ္ေထာင္ ဘုရားရွိ နန္းဦးဘုရား အား သြားေရာက္ ဖူးေမွ်ာ္ ပါက ဇလြန္ ျမိဳ႕သူ ျမိဳ႕သား တို႕၏ ေကာင္းမႈကို သာဓု အနုေမာဒနာ ေခၚဆုိ ၾကပါရန္ နိဗၺာန္ အက်ိဳး ေမွ်ာ္၍ ႏိုးေဆာ္ တိုက္တြန္း လိုက္ရ ပါသည္။


ဆက္လက္ေဖာ္ျပပါမည္။
AT(New Autumn Travels & Tours)
မွီျငမ္းကိုးကား-
၁။ ပုသိမ္-ဟသၤာတ ခရီးသြားမွတ္တမ္း
၂။ ဇလြန္ျပည္ေတာ္ျပန္ဘုရားသမိုင္း
၃။ ၂၀၁၈ ခုႏွစ္ ျမန္မာ့အလင္းသတင္းစာပါ အာဇာနည္ေန႕ ေဆာင္းပါးမ်ား
၄။ ၂၀၁၄ သန္းေခါင္ စာရင္းထုတ္ျပန္ေၾကျငာခ်က္

ဓါတ္ပံု ။ AT(New Autumn Travels & Tours)
https://www.facebook.com/newautumntravels/posts/2169916736659921?__tn__=K-R




No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts