Friday, March 29, 2019

စူးစမ်းလေ့လာ သွားချင်စရာ (၅)၊ ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်

စူးစမ်းလေ့လာ သွားချင်စရာ (၅)၊ 
ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်
ကေတုမတီ - တောင်ငူမြို့


(Unicode)
တောင်ငူမြို့ဆိုသည်မှာ
            တောင်ငူမြို့သည် ပဲခူးတိုင်း၊ တောင်ငူခရိုင်၏ ခရိုင်မြို့တော် ဖြစ်ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်း ပေါ်တွင် တည်ရှိပါသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်၏ အစဖြစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၅၀၉ နှစ် ခန့်ရှိ သော ရှေးမြို့တော်ဟောင်း တစ်ခုဖြစ်ပါသည်။  တောင်ငူမြို့ကို မင်းကြီးညိုက စတင်တည်ထောင်ခဲ့ပြီး တောင်ငူမြို့ မှ ဗဟိုပြု၍ မင်းကြီးညို ၊ သားတော် တပင်ရွှေထီး နှင့် သားမက်တော် ဘုရင့်နောင် တို့က ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြပါသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ပြီးနောက် မြို့တော်ကို ပဲခူး ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ဘုရင်ခံအုပ်ချုပ်သော မြို့တော်အဖြစ် ရပ်တည်ခဲ့ပါသည်။


            ကျွန်တော် တောင်ငူမြို့ကို သတ္တမတန်းကျောင်းသားဘ၀ မှ ယနေ့အချိန်ထိ အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါ သည်။ တခါတလေ တစ်လခန့်ထိကြာအောင်နေထိုင်ခဲ့ဖူးသော မြို့ဖြစ်ပါသည်။ ထိုအချိန်က တန်ဖိုးကြီးမားသော တောင်ငူမြို့၏သမိုင်းကြောင်းအား လေ့လာရန်မေ့လျော့နေခဲ့ပါသည်။  နောက်ဆုံးအနေဖြင့်၂၀၁၈ နိုဝင်ဘာလတွင် တောင်ငူ မြို့သို့နေ့ချင်းပြန်သွားရောက်ရန်အကြောင်းပေါ်လာပါသည်။ ဒီတစ်ကြိမ်တွင်မူ တောင်ငူမြို့၏ ရှေးဟောင်း သမိုင်းဝင် နေရာများအား သွားရောက်လေ့လာလိုသဖြင့် တောင်ငူဇာတိ မိတ်ဆွေဟောင်း ကိုပြည်စိုးအား အကူအညီတောင်း၍ သွားရောက် လေ့လာနိုင်ခဲ့ပါသည်။ တောင်ငူမြို့တွင် ယခုထက်တိုင်တောင်ငူခေတ်လက်ရာ သမိုင်းဝင် အဆောက်အဦးများ တည်ရှိနေရာ  စာဖတ်သူမိတ်ဆွေများအားလည်း တောင်ငူမြို့ရောက်ပါက သွားရောက် လေ့လာကြပါရန် ဤဆောင်းပါးဖြင့် အကြံပြုတိုက်တွန်းလိုက်ရပါသည်။

ကေတုမတီ(တောင်ငူ) မြို့အစ
            မြန်မာ့သမိုင်းတွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် များပေါ်ထွန်းခဲ့ပြီး တောင်ငူခေတ်သည်လည်းထင်ရှား အရေးပါသော ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါသည်။ ကေတုမတီ(တောင်ငူ)၏ နောက်ခံသမိုင်းကိုလေ့လာရသော် တောင်ငူကြီး ကို သက္ကရာဇ်  ၆၄၁ ခုနှစ်၌ သဝန်ကြီးစတင်တည်ထောင်ခဲ့ပြီး သက္ကရာဇ် ၈၄၇ ခုနှစ် မင်းစည်သူလက်ထက်အထိ နှစ်ပေါင်း ၂ဝ၆ နှစ်ကြာမျှ အင်းဝမင်းနေပြည်တော်၏ လက်အောက်ခံ မြို့စားများအုပ်ချုပ်ခဲ့သော မြို့ပြကြီး အဖြစ်တည်ရှိခဲ့ပါသည်။ တောင်ငူမြို့စား မင်းစည်သူနတ်ရွာစံတော်မူပြီးနောက် တူတော်ဖြစ်သူ မင်းကြီးညိုနန်းတက်ခဲ့ပါသည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူကြီး အနီး ခပေါင်းချောင်း နှင့် ပုတ်ပဲချောင်း (ယခု ပန်းဘဲချောင်း) ဆုံရာနေရာတွင် မြဝတီ  မြို့သစ်ကိုတည်၍ ၅ နှစ်ခန့်လည်းကောင်း၊ ခပေါင်းချောင်းနှင့် စစ်တောင်းမြစ်(ပေါင်းလောင်းမြစ်) ဆုံရာနေရာ ဒွါရာဝတီမြို့တော်တွင် နှစ် ၂၀ ခန့်လည်းကောင်း စိုးစံခဲ့ပြီး ယခု တောင်ငူမြို့တည်နေရာ၌  သက္ကရာဇ် ၈၇၂ ခုနှစ် (ခရစ်နှစ် ၁၅၁၀ ) တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့တွင် ကေတုမတီ တောင်ငူမြို့ကို တည်ထောင်ခဲ့ပါသည်။

တောင်ငူကြီးမြို့ဟောင်း ၊ စည်းခုံကြီးစေတီတော် နှင့် မြတ်နိန္ဒစေတီတော်
         တောင်ငူကြီးမြို့ဟောင်းသည် နှစ်ပေါင်း ၂၀၆ နှစ်၊ အင်း၀ လက်အောက်ခံ မင်းဆက်ပေါင်း ၂၈ ဆက် စိုးစံခဲ့သော မြို့တော်ဖြစ်ပါသည်။ တောင်ငူမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ ခပေါင်းချောင်း မြောက်ဘက် တွင် တောင်ငူကြီးမြို့ဟောင်းနေရာကို တွေ့ရှိနိုင်ပါသည်။ မြို့ဟောင်းရှိ ဦးရီးတော် မင်းစည်သူ နန်းစိုက်ခဲ့သော နန်းတော်နေရာတွင် မင်းကြီးညို၏ ကောင်းမှု စေတီတော်ဖြစ်သော စည်းခုံကြီးဘုရား (See Kon Gyi Pagoda) ကိုလည်းကောင်း၊ ၁၉ ဆက်မြောက် စောလူးသင်္ခယာမင်း၏ မြတ်နိန္ဒစေတီတော် များအား ဖူးမျှော်နိုင်ပါသည်။


မြို့ဟောင်းရှိ မြို့ရိုးအဝင်နေရာရှိ တောင်ငူကြီးမြို့ဟောင်း ဆိုင်းဘုတ်

မင်းကြီးညို၏ ကောင်းမှု စေတီတော်ဖြစ်သော စည်းခုံကြီးဘုရား (See Kon Gyi Pagoda)
စည်းခုံကြီးဘုရား (See Kon Gyi Pagoda) ပေါ်မှ မြင်ကွင်း

စောလူးသင်္ခယာမင်း၏ ကောင်းမှုတော် မြတ်နိန္ဒစေတီတော်

ကေတုမတီ(တောင်ငူ) မြို့တော်

        မင်းကြီးညိုသည် ကေတုမတီမြို့တော်အား အရှေ့အနောက် တာ ၇ဝဝ (၉၂၅၆ ပေ) တောင်မြောက် တာ ၅ဝဝ(၇ဝ၂ဝ ပေ) ဖြင့် မြို့ တစ်မျက်နှာလျှင် ၁၂ တောင်(၁၈ ပေ) အကျယ်ရှိသော တံခါးပေါက်ငါးပေါက် စုစုပေါင်း တံခါး ပေါက် ၂ဝ ထားရှိပြီး တည်ဆောက်ခဲ့ပါသည်။ မြို့ရိုး ၂ ထပ်၊ ရေကျုံး၊ နွံကျုံးတစ်ထပ်စီ ကာရံထားပြီး သမိုင်းဝင် တိုက်ပွဲကြီးများဆင်နွဲခဲ့သော မြို့တော်ဖြစ်ပါသည်။ တောင်ငူ၏ ထင်ရှားသော တိုက်ပွဲတစ်ပွဲမှာ ယိုးဒယားဘုရင် ဗြာနာရာဇ် နှင့် တောင်ငူရွှေနန်းတည်မင်း မင်းရဲသီဟသူ တို့၏တိုက်ပွဲဖြစ်သည်။ ကေတုမတီ တောင်ငူ မြို့ရိုးနှင့် ကျုံးကို ယနေ့တိုင်မြင်တွေ့နိုင်ပါသည်။



ကေတုမတီ တောင်ငူ ၏ ကျုံး

ကေတုမတီ တောင်ငူ ၏ ကျုံး( ပြန်လည်ဖော်ထုတ်ရန်လိုနေပါသည်)

တောင်ငူ မြို့ရိုး

ကေတုမတီတောင်ငူမြို့ အဝင်
ဗြနရာဇ် နှင့် တောင်ငူယိုးဒယားပေါက်
            ဘုရင့်နောင် ယိုးဒယားတစ်နိုင်ငံလုံးကို အောင်မြင်ပြီးနောက် ဘုရင့်နောင်၏သစ္စာခံ ပိဿလောက်စောဘွားအား နန်းတင်ပေးခဲ့ပြီး ၎င်း၏သား ဗြနရာဇ် အား ဟံသာဝတီမင်းနေပြည်တော်သို့ ခေါ်ဆောင်ကာ  မိမိသွေးသားရင်းချာကဲ့သို့ မြှောက်စားခဲ့သည်။ ထို့ကြောင် ဗြနရာဇ် (ယိုးဒယားအခေါ် ဖရာနရေစွမ့်) သည် မြန်မာစစ်နည်းဗျူဟာများနှင့် မြန်မာဘုရင်များအကြောင်းကို သိရှိသူဖြစ်ပါသည်။  ဗြနရာဇ်သည် ယိုးဒယားဘုရင်ဖြစ်ပြီးနောက် ဟံသာဝတီကို မင်းရဲသီဟသူ သိမ်းပိုက်ထားချိန် သက္ကရာဇ်  ၉၆၂ ခုနှစ် (ခရစ်နှစ် ၁၆၀၀) တွင် ဟံသာဝတီသို့ချီတက်တိုက်ခိုက်ခဲ့ပါသည်။ မင်းရဲသီဟသူလည်း ဗြနရာဇ်၏ တိုက်ခိုက်မှုကို ခုခံရန် တောင်ငူသို့ဆုတ်၍ မြို့ပြ၊ ကျုံးများကို ပြင်ဆင်ခဲ့ပြီး စားနပ်ရိက္ခာ များကို မြို့တွင်းသို့ ထည့်သွင်းစုဆောင်းခဲ့သည်။ဗြနရာဇ်ဆက်လက်ချီတက်လာပြီး၊ ကျွဲမကူးချောင်း(ဖြူးမြို့) အနီးတွင် တပ်ချ၍ တောင်ငူကို ဝန်းရံသည်။

အရှေ့ဘက်ကျုံးရေကို မြောင်းတူးကာ ပေါင်းလောင်းမြစ်ထဲသို့စီးဆင်းစေသည်။ ထိုအပေါက်သည် ရန်ကုန်-မန္တလေး လမ်းဟောင်း အုတ်ကျွတ်တန်းရပ်ကွက်၊ တောင်ငူမြို့တွင် တည်ရှိပြီး ယခုအချိန်ထိ ယိုးဒယားပေါက်ဟုပင်ခေါ်ဆိုလျှက်ရှိပါသည်။ ထိုနေရာတွင် သမိုင်းဝင်ယိုးဒယားပေါက် ဟု ဆိုင်းဘုတ်ငယ် တစ်ခုစိုက်ထူထားပါသည်။


မင်းကြီးညို သည် တောင်ငူမြို့အား ရေကျုံးတစ်ထပ်၊ ရွံ့ကျုံးတစ်ထပ် တည်ဆောက်ထားသဖြင့် ရေကျုံးအားဖောက်ထုတ်နိုင်သော်လည်း ရွံ့ကျုံးအားခက်ခဲစွာကူးဖြတ်ရပါသည်။ ထို့ပြင် ကျုံးအတွင်းမိကျောင်းများ မွေးမြူထားသဖြင့် ဗြနရာဇ်၏တပ်များကို များစွာအခက်အခဲဖြစ်စေပါသည်။ တောင်ငူဘုရင် မင်းရဲသီဟသူ နှင့် သားတော် နတ်သျှင်နောင် တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံခဲ့သည်။ ထို့ပြင် ယိုးဒယားတပ်များ၏ ရိက္ခာထောက်တပ်များအား ပဲခူးမှနေ၍ရခိုင်တပ်များက ကြားဖြတ်တိုက်ခိုက်ကြသဖြင့် ၂ လခန့်အကြာတွင်ယိုးဒယားတပ်များပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။


သမိုင်းဝင်ယိုးဒယားပေါက်

သမိုင်းဝင် ယိုးဒယားပေါက်

  ဒုတိယမြန်မာနိုင်ငံတော်တောင်ငူခေတ်၏နေဝင်ချိန်
      မင်းကြီးညို၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့ တည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်သည် ဘုရင့်နောင် နတ်ရွာစံပြီးနောက် သားတော် နန္ဒဘုရင်လက်ထက်တွင် အချိန်တိုဖြင့် ပြိုကွဲပျက်စီးခဲ့ရပါသည်။ နန္ဒဘုရင်၏ အမျှော်အမြင်နည်းမှု နှင့် အရည်အချင်းညံ့ဖျင်းမှုကြောင့်ဟု လွယ်လွယ်မသုံးသပ်ချင်ပါ။ ထိုမင်းသည်လည်း အင်းဝဘုရင် သတိုးမင်းစော၏ ဆင်စီးချင်းထိုးရန် စိမ်ခေါ်မှုကိုလက်ခံကာ စီးချင်းထိုးခဲ့သဖြင့် ထိုက်သင့်သော အရည်အချင်းရှိမည်ဟုယုံကြည်မိပါသည်။ သတိုးမင်းစောသည် ဘုရင့်နောင်မင်းကြီး၏ အငယ်ဆုံး ညီတော်ဖြစ်ပြီး  ကေတုမတီထီးနန်း၏ လက်ရုံးဆန့်တန်းသော တိုက်ပွဲများစွာတွင် ပါဝင်လက်စွမ်းပြနိုင်ခဲ့သဖြင့် ဟံသာဝတီထီးနန်းကိုရရှိသည့်အခါ အင်းဝဘုရင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါသည်။ ဘုရင့်နောင်လက်ထက်တွင် လက်အောက်ခံ တိုင်းပြည်များ၏ဘုရင်ခံများကို ညီတော်၊ သားတော် များကို ခန့်အပ်ခဲ့ပြီး ထိုသူများသည် ဘုရင့်နောင်အပေါ်တွင်သာ သစ္စာခံခဲ့ကြသော်လည်းဘုရင့်နောင်အားဆက်ခံ သည့် သားတော်နန္ဒဘုရင် နှင့် ဟံသာဝတီမင်းနေပြည်တော်အပေါ်တွင် ဆက်လက် သစ္စာ မခံခဲ့ခြင်းကြောင့်ဟုပင် သုံးသပ်ချင်ပါသည်။
            ဟံသာဝတီမင်းနေပြည်တော်အားပထမဆုံးပုန်ကန်သူမှာ အင်းဝဘုရင်သတိုးမင်းစောဖြစ်ပါသည်။ သတိုးမင်းစောသည် ဘုရင့်နောင်၏ ညီတော်ဖြစ်သဖြင့် နန္ဒဘုရင်၏ ဦးရီးတော်၊ သတိုးမင်းစော၏ မိဖုရားသည် နန္ဒဘုရင်၏ နှမတော်ဖြစ်သဖြင့် ယောက်ဖတော် တော်စပ်သည့်ပြင်  နန္ဒဘုရင်နန်းတက်သောအခါ သားတော် အိမ်ရှေ့စံမင်းကြီးစွာ ကို  သတိုးမင်းစော၏ သမီးတော်နှင့် လက်ထပ်ပေးခဲ့သဖြင့် ခမီးခမက်လည်းတော်နေပြန်ပါသည်။ ပုန်ကန်ရသည့်အကြောင်းမှာလည်း ထိုသမီးတော်ကြောင့်ပင်ဖြစ်ပါသည်။ အိမ်ရှေ့စံ သည် ဘုရင့်နောင်၏သမီးတော် ဓါတုကလျာ ကိုသာ စွဲလမ်းနေသဖြင့် သတိုးမင်းစော၏သမီးတော် နှင့် စကားများရာမှ တွန်းလိုက်ရာ သလွန်စောင်းနှင့်ထိပြီး မိဖုရား၏ဦးခေါင်းတွင် သွေးထွက်သွားခဲ့ပါသည်။ အိမ်ရှေ့စံ၏ မိဖုရားသည် ထိုသွေးအား ပဝါဖြင့် သုတ်၍ ဖခင်သတိုးမင်းစော ထံပေးပို့ခဲ့ပါသည်။ သတိုးမင်းစောသည် ဟံသာဝတီ၏ အင်အားကို မယှဉ်နိုင်သဖြင့် မတိုက်ခိုက်လိုသော်လည်း ``အဖကောင်းသမီး၊ မောင်ကောင်းနှမ ဖြစ်ပေမယ့် လင်ကောင်းမယားတော့ မဖြစ်ရရှာပါလား`` ဟူသော ၎င်း၏ မိဖုရား ပြောသော စကားကိုမခံချင်၍ ဟံသာဝတီကို စစ်ကြေညာလေသည်။ ထိုစစ်ပွဲတွင် ဟံသာဝတီပြည့်ရှင် နန္ဒဘုရင် အနိုင်ရသော်လည်း တောင်ငူခေတ်ပြိုကွဲရခြင်း၏ အစဖြစ်ခဲ့လေသည်။
            အဘယ်ကြောင့်ဆိုသော် ထိုစစ်ပွဲသို့ စစ်ကူလာသော ယိုးဒယားဘုရင် ဗြနရာဇ် သည် ဟံသာဝတီ နှင့် လက်အောက်ခံ ဘုရင်ခံများ စည်းလုံးညီညွတ်မှုမရှိသည်ကို သိရှိသွားပြီး အပြန်တွင် ဟံသာဝတီလက်အောက်မှ လွတ်မြောက်ကြောင်း ကြေညာခဲ့ပါသည်။ ထို့နောက်တွင် ယိုးဒယား သို့ မအောင်မြင်သော စစ်ပွဲ ၅ ကြိမ် ဆင်နွှဲခြင်း၊ စစ်ပမ်းနေချိန်တွင် တောင်ငူ နှင့်ရခိုင် ပြည်တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်း၊ ပြည်ဘုရင် နှင့် အခြားလက်အောက်ခံ ဘုရင်များမှ စစ်ကူမလွှတ်ပဲအာခံခြင်းများကြောင့် နောက်ဆုံးတွင် တောင်ငူဘုရင် သီဟသူ အား အညံ့ခံခဲ့ရပါသည်။ ထို့ကြောင့် ဘုရင့်နောင် တည်ထောင်ခဲ့သော အရှေ့တောင်အာရှ ထီးဆောင်မင်းများ ခစားခဲ့ရသည့် ဟံသာဝတီမင်းနေပြည်တော်သည် သားတော် နန္ဒဘုရင်လက်ထက်မှာပင် အချိန်တိုအတွင်း နိဂုံးချုပ်ခဲ့ရပါသည်။

ကန်တော်ကြီး

တောင်ငူမြို့ စတည်စဉ်ကပင် ကန်တော်ကြီးအား မြို့ရိုးနှင့်ကျုံးအတွင်း ထည့်သွင်း၍ တည်ဆောက်ခဲ့သဖြင့် ယခုတိုင် မြို့ဂုဏ်ဆောင်  ကန်တော်ကြီးအဖြစ်တည်ရှိနေပါသည်။ ယခုအခါ ကန်တော်ကြီး အား အပန်းဖြေဥယျာဉ်အဖြစ်ပြုလုပ်ထားသဖြင့်  သွားရောက်လည်ပတ်သင့်သော နေရာ တစ်ခုဖြစ်ပါသည်။


မင်္ဂလာကန်တော်ကြီး
တောင်ငူမြို့ရောက်လျှင်သွားရောက်ဖူးမျှော်သင့်သော ရှေးဟောင်းဘုရားများ
(၁)   စည်းခုံကြီးစေတီတော်
တောင်ငူမြို့ဟောင်းတွင်တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ခုံးတံတားအောက်မှ လမ်းအတိုင်း ၂ မိုင်ခန့်သွားရသော နေရာတွင်တည်ရှိပါသည်။ ခရစ်နှစ် ၁၄၈၅ ခုနှစ်တွင် မင်းကြီးညိုသည် ယောက္ခမတော် မင်းစည်သူ၏ နန်းတော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။

(၂)   မြတ်နိန္ဒစေတီတော်
တောင်ငူမြို့ဟောင်း စည်းခုံကြီးစေတီတော်၏ မြောက်ဘက်တွင်တည်ရှိပြီး တောင်ငူခေတ်ဟောင်း လက်ရာ တစ်ဆူဖြစ်ပါသည်။

(၃)  သမိုင်းဝင်ရွှေဆံတော်ဘုရား
တောင်ငူမြို့လည်ခေါင်တွင်တည်ရှိပြီး ဘုရင့်နောင်၏ ညီတော် သီဟသူရ (ခေါ်) မဟာမင်းခေါင်သည် ခရစ်နှစ် ၁၅၇၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ဘုရင့်နောင်အား သီဟိုဋ္ဌ်မင်းဆက်သသော ဆံတော် ၈ ဆူ အနက် တစ်ဆူအား ဌာပနာ ခဲ့ပါသည်။


ဘုရင်နောင်၏ညီတော် သီဟသူရ ၏ ကောင်းမှု သမိုင်းဝင်ရွှေဆံတော်ဘုရား
(၄) မြစည်းခုံဘုရား

ရွှေဆံတော် ဘုရားအနီး တောင်ဘက် တွင် တည်ရှိပြီး တောင်ငူခေတ် ကြေးသွန်းမဟာမုနိ ရုပ်ပွားတော်၊ ဘုရင့်နောင်မင်း ယိုးဒယားကို စစ်နိုင်ပြီး ယူဆောင်လာသော မတ်တပ်ရပ် ဗုဒ္ဓရုပ်ပွားတော် နှင့် ၁၉ ရာစုနှစ် ဗြိတိလျှ အမြောက်များရှိပါသည်။ ၁၉၀၁ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် ဂျာမာန်လူမျိုး နှင့် ဇနီးတို့ဆောက်လုပ်လှူဒါန်းထားသော ရွှေကျောင်း အားသွားရောက်ဖူးမျှော်သင့်ပါသည်။ ထို့ပြင် အလှူရှင် လှူဒါန်းထားသော ဂျာမဏီပြည်မှ ကြေးရုပ်နှစ်ရုပ်လည်းပြသထားပါသည်။

မြစည်းခုံဘုရား
မြစည်းခုံဘုရား ရှိ မဟာမုနိရုပ်ပွားတော်
မြစည်းခုံဘုရားရှိ  ကြေးရုပ်
(၅) မဟာမုနိကေလဇာတီဘုရားကြီး
မြစည်းခုံဘုရား ၏ အနောက်ဘက် လမ်းအတိုင်းမြောက်ဘက်တည့်တည့် သို့ ၅ မိနစ်ခန့်မောင်းလိုက်ပါက ရောက်ရှိနိုင်ပါသည်။ ဘုရင့်နောင် နှင့် မင်းကြီးညို၏သမီး ၊ တပင်ရွှေထီး၏ အမ သခင်ကြီး နှင့် လက်ထပ်မင်္ဂလာ ဆင်နွဲှရာနေရာဖြစ်သဖြင့် ခရစ်နှစ် ၁၅၅၂ ခုနှစ်တွင်  သီရိလင်္ကာမှ ဆက်သသော ဓါတ်တော်၊မွေတော်၊ ကျောက်သံပတ္တမြားများအား ဌာပနာ၍ မင်္ဂလာအထိမ်းအမှတ်စေတီတော်အဖြစ် ဘုရင့်နောင်မှ တည်ထားကိုးကွယ်ခဲ့ပါသည်။ လူသိနည်းသော်လည်း သမိုင်းဝင်ဘုရားဖြစ်သဖြင့် သွားရောက်လေ့လာသင့်ပါသည်။

ဘုရင့်နောင် နှင့် မင်းကြီးညို၏သမီး လက်ထပ်ပွဲဆင်နွဲခဲ့ရာ၊ ဘုရင့်နောင်၏ကောင်းမှု မဟာမုနိကေလဇာတီဘုရားကြီး
(Unicode)
(၆) ကောင်းမှုတော်စေတီ

ကောင်းမှုတော်စေတီသည် ကေတုမတီ နန်းတော် အပြင်၊ အနောက်ဘက် ကောင်းမှုတော်ရွာ အတွင်းတည်ရှိပါသည်။ အမြန်လမ်းမှ တောင်ငူသို့အသွား ညာဘက်တွင် ကောင်းမှုတော်သို့ ဆိုင်းဘုတ်ကို စိုက်ထူထားပါသည်။ ကေတုမတီ အနောက်ဘက် မြို့တံခါးမှလည်း သွားရောက်နိုင်ပါသည်။ တပင်ရွှေထီးကွယ်လွန်ပြီး ဘုရင့်နောင် တောင်ငူကိုသိမ်းယူပြီးနောက် ပြည်မြို့ကို တိုက်ခိုက်ရာ ပထမအကြိမ်တွင် မအောင်မြင်ပဲ တောင်ငူသို့ပြန်လည်ဆုတ်ခွာလာခဲ့ပါသည်။ ဒုတိယအကြိမ်မတိုက်မီ ကောင်းမှုတော်စေတီအားတည်ရန်စီမံ၍ အောင်မြေနင်းခဲ့သော နေရာဖြစ်ပါသည်။ အေဒီ ၁၅၅၁ ခုနှစ် တွင်တည်ခဲ့သော တောင်ငူခေတ်လက်ရာ စေတီတစ်ဆူဖြစ်ပါသည်။


ဘုရင့်နောင်၏ ကောင်းမှု ကောင်းမှုတော်ဘုရားရှိ အောင်မြေ
(Unicode)
(၇) ရွှေဂူကြီးစေတီ
ရွှေဂူကြီးစေတီတော်မှာ တောင်ငူမြို့ ၊ ပန်းလှိုင်ရပ်တွင်တည်ရှိပြီး တောင်ငူမြို့မတည်မီကပင် ရှိခဲ့သဖြင့် သီရိဓမ္မာ အာသောက မင်းကြီးလက်ထက်တွင် စေတီပေါင်း ၈၄၀၀၀ တည်ထားခဲ့စဉ်က ဓါတ်တော်၊မွေတော်များကို ဌာပနာ၍ တည်ခဲ့သောစေတီဖြစ်သည်ဟု မှတ်ယူကြလေသည်။ နှစ်ကာလကြာရှည်သဖြင့် ပြိုပျက်ခဲ့ရာ ၁၉၅၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုမှ သီဟိုဋ္ဌ်ကျွန်းမှ ဓါတ်တော်မွေတော်များကို ဌာပနာ၍ ထီးတော်အသစ် တင်လှူခဲ့ပါသည်။

ရွှေဂူကြီးစေတီတော်
(Unicode)
(၈)  မြတ်စောညီနောင်
တောင်ငူရောက်လျှင်မသွားမဖြစ်သွားကြသော နေရာတွင် မြတ်စောညီနောင်ဘုရားပါဝင်ပါသည်။ နောင်တော် မြတ်လှ နှင့် ညီတော် စောလှ တို့၏အမည်များကို ပေါင်း၍ မြတ်စောညီနောင်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ မြတ်စောညီနောင်ဘုရားသာသနာ့နယ်မြေတွင် နောင်တော်ကြီးစေတီ၊ ညီတော်စေတီ နှင့် မယ်တော်စေတီများ ပါဝင်ပြီး ပေါင်းလောင်းမြစ်အရှေ့ဘက်တွင်တည်ရှိပါသည်။ မြတ်စွာဘုရား၏ ဓါတ်တော်၊မွေတော်များကို ဌာပနာ၍ တည်ခဲ့သောစေတီဖြစ်ပြီး ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် တိုင်းခန်းလှည့်လည်စဉ် မြတ်စောညီနောင်စေတီကို ပြုပြင်ခဲ့သည်ဟုဆိုပါသည်။

တောင်ငူအနီး သွားရောက်လည်ပတ်သင့်သောနေရာများ
တောင်ငူအရှေ့ဘက် ၁၃ မိုင်ရှိ ပသိဆည်တမံ နှင့် ပသိချောင်းအပန်းဖြေစခန်း၊ သံတောင်ကြီးမြို့ နော်ဘူဘောဆုတောင်းတောင် သို့လည်းတစ်နှစ်ထက်တစ်နှစ် လည်ပတ်သူ များပြားလျှက်ရှိပါသည်။ ထို့ပြင် အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ်လည်းရှိ ခပေါင်းဆည်တမံသည်လည်းကောင်း၊  မိုင် ၂၀ ဆင်စခန်းသည်လည်းကောင်း၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာရှိ ဂျပန်စစ်စခန်းဟောင်းနှင့် လေယာဉ်ကွင်းသည်လည်းကောင်း၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုရှိ ပျူမြို့ဟောင်း နှင့် ရေလွှဲရေတံခွန်သည်လည်းကောင်း ခရီးသွားနေရာသစ်များဖြစ်လာနိုင်ပြီး အချိန်ရရှိပါက သွားရောက် လည်ပတ်သင့်သော နေရာများဖြစ်ပါသည်။

သဘာဝတောတောင်များ နှင့် ရှေးဟောင်းယဉ်ကျေးမှုများ ကို ဖော်ထုတ်ထိန်းသိမ်း
မြန်မာနိုင်ငံသည် သာယာလှပသော သဘာဝတောတောင်ရေမြေများ ပေါများပြီး ရှည်လျားသော သမိုင်းကြောင်းရှိနေခြင်းကြောင့် နေရာတိုင်း၊ ဒေသတိုင်းတွင် အပန်းဖြေလည်ပတ်စရာ၊ လေ့လာစရာ၊စိတ်ဝင်စားစရာ နေရာများ ရှိနေပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းရှင်များ နှင့် ပြည်သူတစ်ရပ်လုံးမှ ကြွင်းကျန်ရစ်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ နှင့် သဘာဝတောတောင်များအား စနစ်တကျ ဖော်ထုတ်ထိန်းသိမ်း သွားပါက ခရီးသွားလုပ်ငန်းအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။
AT(New Autumn Travels & Tours)

မှီငြမ်းကိုးကား-
၁။ မြန်မာရာဇဝင်အကျဉ်း- လှသမိန်
၂။ မြန်မာရာဇဝင်မှတ်စုပေါင်းချုပ် - လှသမိန်
၄။ တောင်ငူသမိုင်း - မောင်ဘွား
၅။ ၂.၁.၁၇ ခုနှစ်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဒုတိယမြန်မာနိုင်ငံစတင်ရာတောင်ငူမြို့ဆောင်းပါး
၆။ ၂၉.၁.၁၈ ခုနှစ် ထုတ် မြန်မာ့အလင်းသတင်းစာပါ ဗြနရာဇ်နှင့် တောင်ငူယိုးဒယားပေါက်ဆောင်းပါး
၇။ ၇.၁၂.၁၈ ထုတ် မြန်မာ့အလင်းသတင်းစာပါ မြို့တည်နန်းတည် (၅၀၈) နှစ် ဆောင်းပါး

ေတာင္ငူျမိဳ႕ဆိုသည္မွာ
            ေတာင္ငူျမိဳ႕သည္ ပဲခူးတုိင္း၊ ေတာင္ငူခရုိင္၏ ခရိုင္ျမိဳ႕ေတာ္ ျဖစ္ၿပီး ရန္ကုန္- မႏၲေလးလမ္းေဟာင္း ေပၚတြင္ တည္ရွိပါသည္။ ေတာင္ငူျမိဳ႕သည္ ဒုတိယျမန္မာႏုိင္ငံေတာ္၏ အစျဖစ္ခဲ့ၿပီး ယခုဆိုလွ်င္ ႏွစ္ေပါင္း ၅၀၉ ႏွစ္ ခန္႕ရွိ ေသာ ေရွးျမိဳ႕ေတာ္ေဟာင္း တစ္ခုျဖစ္ပါသည္။  ေတာင္ငူျမိဳ႕ကို မင္းၾကီးညိဳက စတင္တည္ေထာင္ခဲ့ၿပီး ေတာင္ငူျမဳိ႕ မွ ဗဟိုျပဳ၍ မင္းၾကီးညိဳ ၊ သားေတာ္ တပင္ေရႊထီး ႏွင့္ သားမက္ေတာ္ ဘုရင့္ေနာင္ တုိ႕က ဒုတိယ ျမန္မာႏိုင္ငံကို တည္ေထာင္ခဲ့ၾကပါသည္။ ဒုတိယျမန္မာႏုိင္ငံေတာ္ တည္ေထာင္ၿပီးေနာက္ ျမိဳ႕ေတာ္ကို ပဲခူး ဟံသာ၀တီသုိ႕ ေျပာင္းေရႊ႕စိုးစံခဲ့သျဖင့္ ဘုရင္ခံအုပ္ခ်ဳပ္ေသာ ျမိဳ႕ေတာ္အျဖစ္ ရပ္တည္ခဲ့ပါသည္။
            ကၽြန္ေတာ္ ေတာင္ငူျမိဳ႕ကို သတၱမတန္းေက်ာင္းသားဘ၀ မွ ယေန႕အခ်ိန္ထိ အၾကိမ္ၾကိမ္ေရာက္ခဲ့ဖူးပါ သည္။ တခါတေလ တစ္လခန္႕ထိၾကာေအာင္ေနထုိင္ခဲ့ဖူးေသာ ျမိဳ႕ျဖစ္ပါသည္။ ထိုအခ်ိန္က တန္ဖိုုးၾကီးမားေသာ ေတာင္ငူျမိဳ႕၏သမိုင္းေၾကာင္းအား ေလ့လာရန္ေမ့ေလ်ာ့ေနခဲ့ပါသည္။  ေနာက္ဆံုးအေနျဖင့္၂၀၁၈ ႏုိ၀င္ဘာလတြင္ ေတာင္ငူ ျမိဳ႕သို႕ေန႔ခ်င္းျပန္သြားေရာက္ရန္အေၾကာင္းေပၚလာပါသည္။ ဒီတစ္ၾကိမ္တြင္မူ ေတာင္ငူျမိဳ႕၏ ေရွးေဟာင္း သမိုင္း၀င္ ေနရာမ်ားအား သြားေရာက္ေလ့လာလိုသျဖင့္ ေတာင္ငူဇာတိ မိတ္ေဆြေဟာင္း ကိုျပည္စိုးအား အကူအညီေတာင္း၍ သြားေရာက္ ေလ့လာႏုိင္ခဲ့ပါသည္။ ေတာင္ငူျမိဳ႕တြင္ ယခုထက္တုိင္ေတာင္ငူေခတ္လက္ရာ သမုိင္း၀င္ အေဆာက္အဦးမ်ား တည္ရွိေနရာ  စာဖတ္သူမိတ္ေဆြမ်ားအားလည္း ေတာင္ငူျမိဳ႕ေရာက္ပါက သြားေရာက္ ေလ့လာၾကပါရန္ ဤေဆာင္းပါးျဖင့္ အၾကံျပဳတုိက္တြန္းလိုက္ရပါသည္။

ေကတုမတီ(ေတာင္ငူ) ၿမိဳ႕အစ
            ျမန္မာ့သမိုင္းတြင္ ပုဂံေခတ္၊ ပင္းယေခတ္၊ အင္းဝေခတ္၊ ေတာင္ငူေခတ္၊ ေညာင္ရမ္းေခတ္၊ ကုန္းေဘာင္ေခတ္ မ်ားေပၚထြန္းခဲ့ၿပီး ေတာင္ငူေခတ္သည္လည္းထင္ရွား အေရးပါေသာ ေခတ္တစ္ေခတ္ျဖစ္ခဲ့ပါသည္။ ေကတုမတီ(ေတာင္ငူ)၏ ေနာက္ခံသမိုင္းကိုေလ့လာရေသာ္ ေတာင္ငူၾကီး ကို သကၠရာဇ္  ၆၄၁ ခုႏွစ္၌ သဝန္ႀကီးစတင္တည္ေထာင္ခဲ့ၿပီး သကၠရာဇ္ ၈၄၇ ခုႏွစ္ မင္းစည္သူလက္ထက္အထိ ႏွစ္ေပါင္း ၂ဝ၆ ႏွစ္ၾကာမွ် အင္း၀မင္းေနျပည္ေတာ္၏ လက္ေအာက္ခံ ၿမိဳ႕စားမ်ားအုပ္ခ်ဳပ္ခဲ့ေသာ ၿမိဳ႕ျပႀကီး အျဖစ္တည္ရွိခဲ့ပါသည္။ ေတာင္ငူျမိဳ႕စား မင္းစည္သူနတ္ရြာစံေတာ္မူၿပီးေနာက္ တူေတာ္ျဖစ္သူ မင္းႀကီးညိဳနန္းတက္ခဲ့ပါသည္။ မင္းၾကီးညိဳလက္ထက္တြင္ ေတာင္ငူၾကီး အနီး ခေပါင္းေခ်ာင္း ႏွင့္ ပုတ္ပဲေခ်ာင္း (ယခု ပန္းဘဲေခ်ာင္း) ဆံုရာေနရာတြင္ ျမ၀တီ  ျမိဳ႕သစ္ကိုတည္၍ ၅ ႏွစ္ခန္႕လည္းေကာင္း၊ ခေပါင္းေခ်ာင္းႏွင့္ စစ္ေတာင္းျမစ္(ေပါင္းေလာင္းျမစ္) ဆံုရာေနရာ ဒြါရာဝတီၿမိဳ႕ေတာ္တြင္ ႏွစ္ ၂၀ ခန္႕လည္းေကာင္း စိုးစံခဲ့ၿပီး ယခု ေတာင္ငူျမိဳ႕တည္ေနရာ၌  သကၠရာဇ္ ၈၇၂ ခုႏွစ္ (ခရစ္ႏွစ္ ၁၅၁၀ ) တန္ေဆာင္မုန္းလျပည့္ အဂၤါေန႔တြင္ ေကတုမတီ ေတာင္ငူျမိဳ႕ကို တည္ေထာင္ခဲ့ပါသည္။

ေတာင္ငူၾကီးျမိဳ႕ေဟာင္း ၊ စည္းခံုၾကီးေစတီေတာ္ ႏွင့္ ျမတ္နိႏၵေစတီေတာ္
         ေတာင္ငူၾကီးျမိဳ႕ေဟာင္းသည္ ႏွစ္ေပါင္း ၂၀၆ ႏွစ္၊ အင္း၀ လက္ေအာက္ခံ မင္းဆက္ေပါင္း ၂၈ ဆက္ စိုးစံခဲ့ေသာ ျမိဳ႕ေတာ္ျဖစ္ပါသည္။ ေတာင္ငူျမိဳ႕၏ အေနာက္ဘက္ ၉ မုိင္ခန္႕အကြာ ခေပါင္းေခ်ာင္း ေျမာက္ဘက္ တြင္ ေတာင္ငူၾကီးျမိဳ႕ေဟာင္းေနရာကို ေတြ႕ရွိႏုိင္ပါသည္။ ျမိဳ႕ေဟာင္းရွိ ဦးရီးေတာ္ မင္းစည္သူ နန္းစိုက္ခဲ့ေသာ နန္းေတာ္ေနရာတြင္ မင္းၾကီးညိဳ၏ ေကာင္းမႈ ေစတီေတာ္ျဖစ္ေသာ စည္းခံုၾကီးဘုရား (See Kon Gyi Pagoda) ကိုလည္းေကာင္း၊ ၁၉ ဆက္ေျမာက္ ေစာလူးသခၤယာမင္း၏ ျမတ္နိႏၵေစတီေတာ္ မ်ားအား ဖူးေမွ်ာ္ႏုိင္ပါသည္။

ေကတုမတီ(ေတာင္ငူ) ျမိဳ႕ေတာ္
        မင္းၾကီးညိဳသည္ ေကတုမတီျမိဳ႕ေတာ္အား အေရွ႕အေနာက္ တာ ၇ဝဝ (၉၂၅၆ ေပ) ေတာင္ေျမာက္ တာ ၅ဝဝ(၇ဝ၂ဝ ေပ) ျဖင့္ ၿမိဳ႕ တစ္မ်က္ႏွာလွ်င္ ၁၂ ေတာင္(၁၈ ေပ) အက်ယ္ရွိေသာ တံခါးေပါက္ငါးေပါက္ စုစုေပါင္း တံခါး ေပါက္ ၂ဝ ထားရွိၿပီး တည္ေဆာက္ခဲ့ပါသည္။ ျမိဳ႕ရိုး ၂ ထပ္၊ ေရက်ံဳး၊ ႏြံက်ံဳးတစ္ထပ္စီ ကာရံထားၿပီး သမိုင္း၀င္ တုိက္ပြဲၾကီးမ်ားဆင္ႏြဲခဲ့ေသာ ျမိဳ႕ေတာ္ျဖစ္ပါသည္။ ေတာင္ငူ၏ ထင္ရွားေသာ တုိက္ပဲြတစ္ပြဲမွာ ယိုးဒယားဘုရင္ ျဗာနာရာဇ္ ႏွင့္ ေတာင္ငူေရႊနန္းတည္မင္း မင္းရဲသီဟသူ တို႔၏တိုက္ပဲြျဖစ္သည္။ ေကတုမတီ ေတာင္ငူ ျမိဳ႕ရိုးႏွင့္ က်ံဳးကို ယေန႕တုိင္ျမင္ေတြ႕ႏုိင္ပါသည္။

ျဗနရာဇ္ ႏွင့္ ေတာင္ငူယိုးဒယားေပါက္
            ဘုရင့္ေနာင္ ယိုးဒယားတစ္ႏုိင္ငံလံုးကို ေအာင္ျမင္ၿပီးေနာက္ ဘုရင့္ေနာင္၏သစၥာခံ ပိႆေလာက္ေစာဘြားအား နန္းတင္ေပးခဲ့ၿပီး ၄င္း၏သား ျဗနရာဇ္ အား ဟံသာ၀တီမင္းေနျပည္ေတာ္သို႕ ေခၚေဆာင္ကာ  မိမိေသြးသားရင္းခ်ာကဲ့သို႔ ေျမွာက္စားခဲ့သည္။ ထို႕ေၾကာင္ ျဗနရာဇ္ (ယိုးဒယားအေခၚ ဖရာနေရစြမ္ ့) သည္ ျမန္မာစစ္နည္းဗ်ဴဟာမ်ားႏွင့္ ျမန္မာဘုရင္မ်ားအေၾကာင္းကို သိရွိသူျဖစ္ပါသည္။  ျဗနရာဇ္သည္ ယိုးဒယားဘုရင္ျဖစ္ၿပီးေနာက္ ဟံသာ၀တီကို မင္းရဲသီဟသူ သိမ္းပိုက္ထားခ်ိန္ သကၠရာဇ္  ၉၆၂ ခုႏွစ္ (ခရစ္ႏွစ္ ၁၆၀၀) တြင္ ဟံသာ၀တီသို႕ခ်ီတက္တုိက္ခုိက္ခဲ့ပါသည္။ မင္းရဲသီဟသူလည္း ျဗနရာဇ္၏ တုိက္ခိုက္မႈကို ခုခံရန္ ေတာင္ငူသို႕ဆုတ္၍ ျမိဳ႕ျပ၊ က်ံဳးမ်ားကို ျပင္ဆင္ခဲ့ၿပီး စားနပ္ရိကၡာ မ်ားကို ျမိဳ႕တြင္းသုိ႕ ထည့္သြင္းစုေဆာင္းခဲ့သည္။ျဗနရာဇ္ဆက္လက္ခ်ီတက္လာၿပီး၊ ကၽြဲမကူးေခ်ာင္း(ျဖဴးျမိဳ႕) အနီးတြင္ တပ္ခ်၍ ေတာင္ငူကို ၀န္းရံသည္။
အေရွ႕ဘက္က်ံဳးေရကို ေျမာင္းတူးကာ ေပါင္းေလာင္းျမစ္ထဲသို႕စီးဆင္းေစသည္။ ထုိအေပါက္သည္ ရန္ကုန္-မႏၲေလး လမ္းေဟာင္း အုတ္ကၽြတ္တန္းရပ္ကြက္၊ ေတာင္ငူျမိဳ႕တြင္ တည္ရွိၿပီး ယခုအခ်ိန္ထိ ယိုးဒယားေပါက္ဟုပင္ေခၚဆိုလွ်က္ရွိပါသည္။ ထိုေနရာတြင္ သမုိင္း၀င္ယိုးဒယားေပါက္ ဟု ဆိုင္းဘုတ္ငယ္ တစ္ခုစုိက္ထူထားပါသည္။
မင္းၾကီးညိဳ သည္ ေတာင္ငူျမိဳ႕အား ေရက်ံဳးတစ္ထပ္၊ ရြံ႕က်ံဳးတစ္ထပ္ တည္ေဆာက္ထားသျဖင့္ ေရက်ံဳးအားေဖာက္ထုတ္ႏုိင္ေသာ္လည္း ရြံ႕က်ံဳးအားခက္ခဲစြာကူးျဖတ္ရပါသည္။ ထို႔ျပင္ က်ံဳးအတြင္းမိေက်ာင္းမ်ား ေမြးျမဴထားသျဖင့္ ျဗနရာဇ္၏တပ္မ်ားကို မ်ားစြာအခက္အခဲျဖစ္ေစပါသည္။ ေတာင္ငူဘုရင္ မင္းရဲသီဟသူ ႏွင့္ သားေတာ္ နတ္သွ်င္ေနာင္ တို႕ကလည္း ရြပ္ရြပ္ခၽြံခၽြံ ခုခံခဲ့သည္။ ထုိ႔ျပင္ ယိုးဒယားတပ္မ်ား၏ ရိကၡာေထာက္တပ္မ်ားအား ပဲခူးမွေန၍ရခုိင္တပ္မ်ားက ၾကားျဖတ္တုိက္ခိုက္ၾကသျဖင့္ ၂ လခန္႕အၾကာတြင္ယိုးဒယားတပ္မ်ားျပန္လည္ဆုတ္ခြာသြားခဲ့ပါသည္။

(Zawgyi)
ဒုတိယျမန္မာႏုိင္ငံေတာ္ေတာင္ငူေခတ္၏ေန၀င္ခ်ိန္
        မင္းၾကီးညိဳ၊ တပင္ေရႊထီး ႏွင့္ ဘုရင့္ေနာင္တို႕ တည္ေထာင္ခဲ့ေသာ ဒုတိယျမန္မာႏုိင္ငံေတာ္သည္ ဘုရင့္ေနာင္ နတ္ရြာစံၿပီးေနာက္ သားေတာ္ နႏၵဘုရင္လက္ထက္တြင္ အခ်ိန္တိုျဖင့္ ျပဳိကြဲပ်က္စီးခဲ့ရပါသည္။ နႏၵဘုရင္၏ အေမွ်ာ္အျမင္နည္းမႈ ႏွင့္ အရည္အခ်င္းညံ့ဖ်င္းမႈေၾကာင့္ဟု လြယ္လြယ္မသံုးသပ္ခ်င္ပါ။ ထုိမင္းသည္လည္း အင္း၀ဘုရင္ သတိုးမင္းေစာ၏ ဆင္စီးခ်င္းထိုးရန္ စိမ္ေခၚမႈကိုလက္ခံကာ စီးခ်င္းထိုးခဲ့သျဖင့္ ထုိက္သင့္ေသာ အရည္အခ်င္းရွိမည္ဟုယံုၾကည္မိပါသည္။ သတိုးမင္းေစာသည္ ဘုရင့္ေနာင္မင္းၾကီး၏ အငယ္ဆံုး ညီေတာ္ျဖစ္ျပီး  ေကတုမတီထီးနန္း၏ လက္ရံုးဆန္႕တန္းေသာ တိုက္ပြဲမ်ားစြာတြင္ ပါ၀င္လက္စြမ္းျပႏုိင္ခဲ့သျဖင့္ ဟံသာ၀တီထီးနန္းကုိရရွိသည့္အခါ အင္း၀ဘုရင္အျဖစ္ခန္႕အပ္ျခင္းခံခဲ့ရသူျဖစ္ပါသည္။ ဘုရင့္ေနာင္လက္ထက္တြင္ လက္ေအာက္ခံ တိုင္းျပည္မ်ား၏ဘုရင္ခံမ်ားကို ညီေတာ္၊ သားေတာ္ မ်ားကို ခန္႕အပ္ခဲ့ၿပီး ထိုသူမ်ားသည္ ဘုရင့္ေနာင္အေပၚတြင္သာ သစၥာခံခဲ့ၾကေသာ္လည္းဘုရင့္ေနာင္အားဆက္ခံ သည့္ သားေတာ္နႏၵဘုရင္ ႏွင့္ ဟံသာ၀တီမင္းေနျပည္ေတာ္အေပၚတြင္ ဆက္လက္ သစၥာ မခံခဲ့ျခင္းေၾကာင့္ဟုပင္ သံုးသပ္ခ်င္ပါသည္။
            ဟံသာ၀တီမင္းေနျပည္ေတာ္အားပထမဆံုးပုန္ကန္သူမွာ အင္း၀ဘုရင္သတိုးမင္းေစာျဖစ္ပါသည္။ သတုိးမင္းေစာသည္ ဘုရင့္ေနာင္၏ ညီေတာ္ျဖစ္သျဖင့္ နႏၵဘုရင္၏ ဦးရီးေတာ္၊ သတိုးမင္းေစာ၏ မိဖုရားသည္ နႏၵဘုရင္၏ ႏွမေတာ္ျဖစ္သျဖင့္ ေယာက္ဖေတာ္ ေတာ္စပ္သည့္ျပင္  နႏၵဘုရင္နန္းတက္ေသာအခါ သားေတာ္ အိမ္ေရွ႕စံမင္းၾကီးစြာ ကို  သတိုးမင္းေစာ၏ သမီးေတာ္ႏွင့္ လက္ထပ္ေပးခဲ့သျဖင့္ ခမီးခမက္လည္းေတာ္ေနျပန္ပါသည္။ ပုန္ကန္ရသည့္အေၾကာင္းမွာလည္း ထုိသမီးေတာ္ေၾကာင့္ပင္ျဖစ္ပါသည္။ အိမ္ေရွ႕စံ သည္ ဘုရင့္ေနာင္၏သမီးေတာ္ ဓါတုကလ်ာ ကိုသာ စြဲလမ္းေနသျဖင့္ သတိုးမင္းေစာ၏သမီးေတာ္ ႏွင့္ စကားမ်ားရာမွ တြန္းလိုက္ရာ သလြန္ေစာင္းႏွင့္ထိၿပီး မိဖုရား၏ဦးေခါင္းတြင္ ေသြးထြက္သြားခဲ့ပါသည္။ အိမ္ေရွ႕စံ၏ မိဖုရားသည္ ထုိေသြးအား ပ၀ါျဖင့္ သုတ္၍ ဖခင္သတိုးမင္းေစာ ထံေပးပို႕ခဲ့ပါသည္။ သတိုးမင္းေစာသည္ ဟံသာ၀တီ၏ အင္အားကို မယွဥ္ႏုိင္သျဖင့္ မတိုက္ခိုက္လိုေသာ္လည္း ``အဖေကာင္းသမီး၊ ေမာင္ေကာင္းႏွမ ျဖစ္ေပမယ့္ လင္ေကာင္းမယားေတာ့ မျဖစ္ရရွာပါလား`` ဟူေသာ ၄င္း၏ မိဖုရား ေျပာေသာ စကားကိုမခံခ်င္၍ ဟံသာ၀တီကုိ စစ္ေၾကညာေလသည္။ ထိုစစ္ပြဲတြင္ ဟံသာ၀တီျပည့္ရွင္ နႏၵဘုရင္ အႏုိင္ရေသာ္လည္း ေတာင္ငူေခတ္ျပိဳကြဲရျခင္း၏ အစျဖစ္ခဲ့ေလသည္။
            အဘယ္ေၾကာင့္ဆိုေသာ္ ထုိစစ္ပဲြသို႕ စစ္ကူလာေသာ ယိုးဒယားဘုရင္ ျဗနရာဇ္ သည္ ဟံသာ၀တီ ႏွင့္ လက္ေအာက္ခံ ဘုရင္ခံမ်ား စည္းလံုးညီညြတ္မႈမရွိသည္ကို သိရွိသြားၿပီး အျပန္တြင္ ဟံသာ၀တီလက္ေအာက္မွ လြတ္ေျမာက္ေၾကာင္း ေၾကညာခဲ့ပါသည္။ ထုိ႕ေနာက္တြင္ ယိုးဒယား သို႕ မေအာင္ျမင္ေသာ စစ္ပြဲ ၅ ၾကိမ္ ဆင္ႏႊဲျခင္း၊ စစ္ပမ္းေနခ်ိန္တြင္ ေတာင္ငူ ႏွင့္ရခိုင္ ျပည္တို႕မွ ပူးေပါင္းတုိက္ခိုက္ျခင္း၊ ျပည္ဘုရင္ ႏွင့္ အျခားလက္ေအာက္ခံ ဘုရင္မ်ားမွ စစ္ကူမလႊတ္ပဲအာခံျခင္းမ်ားေၾကာင့္ ေနာက္ဆံုးတြင္ ေတာင္ငူဘုရင္ သီဟသူ အား အညံ့ခံခဲ့ရပါသည္။ ထုိ႕ေၾကာင့္ ဘုရင့္ေနာင္ တည္ေထာင္ခဲ့ေသာ အေရွ႕ေတာင္အာရွ ထီးေဆာင္မင္းမ်ား ခစားခဲ့ရသည့္ ဟံသာ၀တီမင္းေနျပည္ေတာ္သည္ သားေတာ္ နႏၵဘုရင္လက္ထက္မွာပင္ အခ်ိန္တိုအတြင္း နိဂံုးခ်ဳပ္ခဲ့ရပါသည္။

ကန္ေတာ္ၾကီး
ေတာင္ငူျမိဳ႕ စတည္စဥ္ကပင္ ကန္ေတာ္ၾကီးအား ျမိဳ႕ရိုးႏွင့္က်ံဳးအတြင္း ထည့္သြင္း၍ တည္ေဆာက္ခဲ့သျဖင့္ ယခုတိုင္ ျမိဳ႕ဂုဏ္ေဆာင္  ကန္ေတာ္ၾကီးအျဖစ္တည္ရွိေနပါသည္။ ယခုအခါ ကန္ေတာ္ၾကီး အား အပန္းေျဖဥယ်ာဥ္အျဖစ္ျပဳလုပ္ထားသျဖင့္  သြားေရာက္လည္ပတ္သင့္ေသာ ေနရာ တစ္ခုျဖစ္ပါသည္။

ေတာင္ငူျမိဳ႕ေရာက္လွ်င္သြားေရာက္ဖူးေမွ်ာ္သင့္ေသာ ေရွးေဟာင္းဘုရားမ်ား
(၁)   စည္းခံုၾကီးေစတီေတာ္
ေတာင္ငူျမိဳ႕ေဟာင္းတြင္တည္ရွိၿပီး ရန္ကုန္-မႏၲေလး အျမန္လမ္း ခံုးတံတားေအာက္မွ လမ္းအတုိင္း ၂ မိုင္ခန္႕သြားရေသာ ေနရာတြင္တည္ရွိပါသည္။ ခရစ္ႏွစ္ ၁၄၈၅ ခုႏွစ္တြင္ မင္းၾကီးညိဳသည္ ေယာကၡမေတာ္ မင္းစည္သူ၏ နန္းေတာ္ေနရာတြင္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ပါသည္။

(၂)   ျမတ္နိႏၵေစတီေတာ္
ေတာင္ငူျမိဳ႕ေဟာင္း စည္းခံုၾကီးေစတီေတာ္၏ ေျမာက္ဘက္တြင္တည္ရွိၿပီး ေတာင္ငူေခတ္ေဟာင္း လက္ရာ တစ္ဆူျဖစ္ပါသည္။

(၃)  သမုိင္း၀င္ေရႊဆံေတာ္ဘုရား
ေတာင္ငူၿမဳိ႕လည္ေခါင္တြင္တည္ရိွၿပီး ဘုရင့္ေနာင္၏ ညီေတာ္ သီဟသူရ (ေခၚ) မဟာမင္းေခါင္သည္ ခရစ္ႏွစ္ ၁၅၇၀ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ပါသည္။ ဘုရင့္ေနာင္အား သီဟို႒္မင္းဆက္သေသာ ဆံေတာ္ ၈ ဆူ အနက္ တစ္ဆူအား ဌာပနာ ခဲ့ပါသည္။

(၄) ျမစည္းခံုဘုရား
ေရႊဆံေတာ္ ဘုရားအနီး ေတာင္ဘက္ တြင္ တည္ရွိၿပီး ေတာင္ငူေခတ္ ေၾကးသြန္းမဟာမုနိ ရုပ္ပြားေတာ္၊ ဘုရင့္ေနာင္မင္း ယိုးဒယားကို စစ္ႏုိင္ၿပီး ယူေဆာင္လာေသာ မတ္တပ္ရပ္ ဗုဒၶရုပ္ပြားေတာ္ ႏွင့္ ၁၉ ရာစုႏွစ္ ျဗိတိလွ် အေျမာက္မ်ားရွိပါသည္။ ၁၉၀၁ ခုႏွစ္တြင္ ဗုုဒၶဘာသာ၀င္ ဂ်ာမာန္လူမ်ိဳး ႏွင့္ ဇနီးတုိ႕ေဆာက္လုပ္လွဴဒါန္းထားေသာ ေရႊေက်ာင္း အားသြားေရာက္ဖူးေမွ်ာ္သင့္ပါသည္။ ထို႕ျပင္ အလွဴရွင္ လွဴဒါန္းထားေသာ ဂ်ာမဏီျပည္မွ ေၾကးရုပ္ႏွစ္ရုပ္လည္းျပသထားပါသည္။

(၅) မဟာမုနိေကလဇာတီဘုရားၾကီး
ျမစည္းခံုဘုရား ၏ အေနာက္ဘက္ လမ္းအတို္င္းေျမာက္ဘက္တည့္တည့္ သို႕ ၅ မိနစ္ခန္႕ေမာင္းလုိက္ပါက ေရာက္ရွိႏုိင္ပါသည္။ ဘုရင့္ေနာင္ ႏွင့္ မင္းၾကီးညိဳ၏သမီး ၊ တပင္ေရႊထီး၏ အမ သခင္ၾကီး ႏွင့္ လက္ထပ္မဂၤလာ ဆင္ႏဲႊရာေနရာျဖစ္သျဖင့္ ခရစ္ႏွစ္ ၁၅၅၂ ခုႏွစ္တြင္  သီရိလကၤာမွ ဆက္သေသာ ဓါတ္ေတာ္၊ေမြေတာ္၊ ေက်ာက္သံပတၱျမားမ်ားအား ဌာပနာ၍ မဂၤလာအထိမ္းအမွတ္ေစတီေတာ္အျဖစ္ ဘုရင့္ေနာင္မွ တည္ထားကိုးကြယ္ခဲ့ပါသည္။ လူသိနည္းေသာ္လည္း သမိုင္း၀င္ဘုရားျဖစ္သျဖင့္ သြားေရာက္ေလ့လာသင့္ပါသည္။

(၆) ေကာင္းမႈေတာ္ေစတီ
ေကာင္းမႈေတာ္ေစတီသည္ ေကတုမတီ နန္းေတာ္ အျပင္၊ အေနာက္ဘက္ ေကာင္းမႈေတာ္ရြာ အတြင္းတည္ရွိပါသည္။ အျမန္လမ္းမွ ေတာင္ငူသုိ႕အသြား ညာဘက္တြင္ ေကာင္းမႈေတာ္သို႕ ဆိုင္းဘုတ္ကုိ စိုက္ထူထားပါသည္။ ေကတုမတီ အေနာက္ဘက္ ျမိဳ႕တံခါးမွလည္း သြားေရာက္ႏိုင္ပါသည္။ တပင္ေရႊထီးကြယ္လြန္ၿပီး ဘုရင့္ေနာင္ ေတာင္ငူကိုသိမ္းယူၿပီးေနာက္ ျပည္ျမိဳ႕ကို တုိက္ခိုက္ရာ ပထမအၾကိမ္တြင္ မေအာင္ျမင္ပဲ ေတာင္ငူသုိ႕ျပန္လည္ဆုတ္ခြာလာခဲ့ပါသည္။ ဒုတိယအၾကိမ္မတုိက္မီ ေကာင္းမႈေတာ္ေစတီအားတည္ရန္စီမံ၍ ေအာင္ေျမနင္းခဲ့ေသာ ေနရာျဖစ္ပါသည္။ ေအဒီ ၁၅၅၁ ခုႏွစ္ တြင္တည္ခဲ့ေသာ ေတာင္ငူေခတ္လက္ရာ ေစတီတစ္ဆူျဖစ္ပါသည္။

(၇) ေရႊဂူၾကီးေစတီ
ေရႊဂူၾကီးေစတီေတာ္မွာ ေတာင္ငူျမိဳ႕ ၊ ပန္းလိႈင္ရပ္တြင္တည္ရွိၿပီး ေတာင္ငူျမိဳ႕မတည္မီကပင္ ရိွခဲ့သျဖင့္ သီရိဓမၼာ အာေသာက မင္းၾကီးလက္ထက္တြင္ ေစတီေပါင္း ၈၄၀၀၀ တည္ထားခဲ့စဥ္က ဓါတ္ေတာ္၊ေမြေတာ္မ်ားကို ဌာပနာ၍ တည္ခဲ့ေသာေစတီျဖစ္သည္ဟု မွတ္ယူၾကေလသည္။ ႏွစ္ကာလၾကာရွည္သျဖင့္ ျပိဳပ်က္ခဲ့ရာ ၁၉၅၂ ခုႏွစ္တြင္ ၀န္ၾကီးခ်ဳပ္ေဟာင္းဦးႏုမွ သီဟို႒္ကၽြန္းမွ ဓါတ္ေတာ္ေမြေတာ္မ်ားကို ဌာပနာ၍ ထီးေတာ္အသစ္ တင္လွဴခဲ့ပါသည္။

(၈)  ျမတ္ေစာညီေနာင္
ေတာင္ငူေရာက္္လွ်င္မသြားမျဖစ္သြားၾကေသာ ေနရာတြင္ ျမတ္ေစာညီေနာင္ဘုရားပါ၀င္ပါသည္။ ေနာင္ေတာ္ ျမတ္လွ ႏွင့္ ညီေတာ္ ေစာလွ တို႕၏အမည္မ်ားကို ေပါင္း၍ ျမတ္ေစာညီေနာင္ဟုေခၚဆိုျခင္းျဖစ္ပါသည္။ ျမတ္ေစာညီေနာင္ဘုရားသာသနာ့နယ္ေျမတြင္ ေနာင္ေတာ္ၾကီးေစတီ၊ ညီေတာ္ေစတီ ႏွင့္ မယ္ေတာ္ေစတီမ်ား ပါ၀င္ၿပီး ေပါင္းေလာင္းျမစ္အေရွ႕ဘက္တြင္တည္ရွိပါသည္။ ျမတ္စြာဘုရား၏ ဓါတ္ေတာ္၊ေမြေတာ္မ်ားကို ဌာပနာ၍ တည္ခဲ့ေသာေစတီျဖစ္ၿပီး ပုဂံေခတ္ နရပတိစည္သူမင္းလက္ထက္ တုိင္းခန္းလွည့္လည္စဥ္ ျမတ္ေစာညီေနာင္ေစတီကို ျပဳျပင္ခဲ့သည္ဟုဆိုပါသည္။

ေတာင္ငူအနီး သြားေရာက္လည္ပတ္သင့္ေသာေနရာမ်ား
ေတာင္ငူအေရွ႕ဘက္ ၁၃ မုိင္ရွိ ပသိဆည္တမံ ႏွင့္ ပသိေခ်ာင္းအပန္းေျဖစခန္း၊ သံေတာင္ၾကီးျမိဳ႕ ေနာ္ဘူေဘာဆုေတာင္းေတာင္ သို႕လည္းတစ္ႏွစ္ထက္တစ္ႏွစ္ လည္ပတ္သူ မ်ားျပားလွ်က္ရွိပါသည္။ ထို႕ျပင္ အုတ္တြင္း-ေပါက္ေခါင္း ရိုးမျဖတ္လည္းရွိ ခေပါင္းဆည္တမံသည္လည္းေကာင္း၊  မုိင္ ၂၀ ဆင္စခန္းသည္လည္းေကာင္း၊ ေရတာရွည္ျမိဳ႕နယ္၊ နန္ခၽြန္ေက်းရြာရွိ ဂ်ပန္စစ္စခန္းေဟာင္းႏွင့္ ေလယာဥ္ကြင္းသည္လည္းေကာင္း၊ ကၽြဲရိုင္းျပင္ေက်းရြာအုပ္စုရွိ ပ်ဴျမိဳ႕ေဟာင္း ႏွင့္ ေရလႊဲေရတံခြန္သည္လည္းေကာင္း ခရီးသြားေနရာသစ္မ်ားျဖစ္လာႏုိင္ၿပီး အခ်ိန္ရရွိပါက သြားေရာက္ လည္ပတ္သင့္ေသာ ေနရာမ်ားျဖစ္ပါသည္။

သဘာ၀ေတာေတာင္မ်ား ႏွင့္ ေရွးေဟာင္းယဥ္ေက်းမႈမ်ား ကို ေဖာ္ထုတ္ထိန္းသိမ္း
ျမန္မာႏုိင္ငံသည္ သာယာလွပေသာ သဘာ၀ေတာေတာင္ေရေျမမ်ား ေပါမ်ားၿပီး ရွည္လ်ားေသာ သမိုင္းေၾကာင္းရွိေနျခင္းေၾကာင့္ ေနရာတုိင္း၊ ေဒသတုိင္းတြင္ အပန္းေျဖလည္ပတ္စရာ၊ ေလ့လာစရာ၊စိတ္၀င္စားစရာ ေနရာမ်ား ရွိေနပါသည္။ သက္ဆုိင္ရာတာ၀န္ရွိသူမ်ား၊ ခရီးသြားလုပ္ငန္းရွင္မ်ား ႏွင့္ ျပည္သူတစ္ရပ္လံုးမွ ၾကြင္းက်န္ရစ္ေသာ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ား ႏွင့္ သဘာ၀ေတာေတာင္မ်ားအား စနစ္တက် ေဖာ္ထုတ္ထိန္းသိမ္း သြားပါက ခရီးသြားလုပ္ငန္းအတြက္ မ်ားစြာ အက်ိဳးရွိမည္ျဖစ္ေၾကာင္းတင္ျပလိုက္ရပါသည္။
ဆက္လက္ေဖာ္ျပပါမည္။
AT(New Autumn Travels & Tours)
မွီျငမ္းကိုးကား-
၁။ ျမန္မာရာဇ၀င္အက်ဥ္း- လွသမိန္
၂။ ျမန္မာရာဇ၀င္မွတ္စုေပါင္းခ်ဳပ္ - လွသမိန္
၄။ ေတာင္ငူသမုိင္း - ေမာင္ဘြား
၅။ ၂.၁.၁၇ ခုႏွစ္ထုတ္ ျမန္မာ့အလင္းသတင္းစာပါ ဒုတိယျမန္မာႏုိင္ငံစတင္ရာေတာင္ငူျမိဳ႕ေဆာင္းပါး
၆။ ၂၉.၁.၁၈ ခုႏွစ္ ထုတ္ ျမန္မာ့အလင္းသတင္းစာပါ ျဗနရာဇ္ႏွင့္ ေတာင္ငူယိုးဒယားေပါက္ေဆာင္းပါး
၇။ ၇.၁၂.၁၈ ထုတ္ ျမန္မာ့အလင္းသတင္းစာပါ ျမိဳ႕တည္နန္းတည္ (၅၀၈) ႏွစ္ ေဆာင္းပါး

         





No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts