စူးစမ်းလေ့လာ
သွားချင်စရာ (၉) - သရေခေတ္တရာ ပျူရှေးဟောင်းမြို့တော်
သရေခေတ္တရာ
ပျူမြို့ဟောင်းဆိုသည်မှာ
မြန်မာနိုင်ငံတွင် ပျူမြို့ပေါင်းများစွာရှိရာ ဟန်လင်း၊
ဗိဿနိုး နှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများမှာ ထင်ရှားပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
အဖြစ်သတ်မှတ်ခံခဲ့ရပါသည်။ ပျူမြို့ဟောင်းများတွင် ရှေးဟောင်း အဆောက်အဦ နှင့် အထောက်အထား
အထင်အရှား အများဆုံး ကျန်ရှိနေသော မြို့ဟောင်းမှာ
ပြည်မြို့အနီးရှိ သရေခေတ္တရာ ပျူမြို့ဟောင်းပင် ဖြစ်ပါသည်။ ပြည်မြို့မှ အရှေ့တောင်ဘက်
ငါးမိုင်ခန့်အကွာ တွင် တည်ရှိသဖြင့် ပြည် နှင့် သရေခေတ္တရာ ကို တွဲဖက် မှတ်သားကြပြီး
တစ်မြို့တည်းဟု ထင်ကြပါသည်။ ပြည်မြို့သည် ပျူလူမျိုးများနေထိုင်ခဲ့သော န၀ဝါသီ မြို့ဖြစ်ကြောင်း၊
ပြည်သည် သရေခေတ္တရာ မဟုတ်ကြောင်း မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
က န၀ဝါသီ (ပြည်) မြို့ဟောင်း နှင့် သရေခေတ္တရာ(ပျူ) မြို့ဟောင်း အမည်ဖြင့်ဆောင်းပါးကို
ရေးသားခဲ့ ပါသည်။
သရေခေတ္တရာသည်
ခရစ်တော်မပေါ်မီ နှစ်ရာစုနှောင်းတွင် တည်ဆောက်ခဲ့သည်ဟု သမိုင်း ပညာရှင် ဒေါက်တာ
သန်းထွန်းက ရေးသားခဲ့ပါသည်။ မြန်မာတို့၏ နှုတ်ပြောစကား သမိုင်းတွင် သရေခေတ္တရာ ဘုရင်
ဒွတ္တဘောင်မင်း နှင့် ဗိဿနိုး ပန်ထွာဘုရင်မ တို့ကို ဆက်စပ်၍ သိကြပါသည်။ သရေခေတ္တရာ တွင်
ပျူယဉ်ကျေးမှု၊ ပျူသမိုင်းများ အခိုင်အမာ တည်ရှိနေပါသဖြင့် စိတ်ဝင်စားသူများ အချိန်ယူ
အသေးစိတ် လေ့လာနိုင်ပါသည်။
သရေခေတ္တရာပြတိုက်
သရေခေတ္တရာမှာ ပထမဆုံးသွားရောက်လေ့လာသင့်တာကတော့ ပြတိုက်ပါ။
ပြတိုက်ကို တနင်္လာနေ့ နှင့် အစိုးရရုံးပိတ်ရက်များမှ အပ ကျန်ရက်များတွင် မနက် ၀၉၃၀
မှ ညနေ ၁၆၃၀ ထိ ဖွင့်လှစ်ထားပါသည်။ ပြတိုက်တွင် ပြခန်း (၃)ခုရှိပြီး ပျူစာပါ ကျောက်အရိုးအိုးများ၊
အုတ်ခွက်ဘုရားများ နှင့် အခြား ပျူလက်ရာများစွားကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
ပြသထားပါသည်။
ဌာပနာတိုက်အဖုံး |
တာရာဒေဝီနတ်သမီး နှင့် အခြွေအရံများ |
ပျူခေတ်လက်ရာ စေတီလုံးသုံးဆူ ရှိပြီး သရေခေတ္တရာကို ရောက်သူတိုင်း
သွားရောက် လေ့လာကြသော စေတီများဖြစ်ပါသည်။
ဘောဘောကြီးစေတီ
ဘောဘောကြီးစေတီသည် မြို့ဟောင်း၏ အနောက်တောင်ဘက် မြို့ရိုးအနီးတွင်
တည်ရှိပြီး စေတီသုံးဆူ အနက် ရှေးအကျဆုံးစေတီဖြစ်ပါသည်။ ဉာဏ်တော် ၁၅၃ ပေမြင့်ပြီး မူလက
အတွင်းလှိုဏ်ပါရှိခဲ့သော်လည်း ယခုပိတ်ထားပါသည်။
ဘောဘောကြီးစေတီကို အေဒီ ခြောက်ရာစု နှင့် ခုနှစ်ရာစု တွင် တည်ထားခဲ့သည်ဟု ပညာရှင်များက
သုံးသပ်ကြပါသည်။ သရေခေတ္တရာ ပျူမြို့ဟောင်းမှ တူးဖော်ရရှိသော အုတ်ခွက်အချို့တွင် ဘောဘောကြီး စေတီပုံများကို မြင်တွေ့ကြရပါသည်။
ဘုရားကြီးစေတီ
ဘုရားကြီးစေတီသည်
မြို့ဟောင်း၏ အနောက်မြောက်ဘက် ၊ ပြည်-အောင်လံ ကားလမ်းဘေးတွင် တည်ရှိပါသည်။ ဉာဏ်တော်
၁၃၉ ပေရှိပြီး အေးဆေး စေတီ၊ မဟာစေတီ ဟုလည်းခေါ်ဆိုခဲ့ပါသည်။ အေဒီ လေးရာစု နှင့် ခုနှစ်ရာစု
တွင် တည်ထားခဲ့သည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။
ဘုရားမာစေတီ
ဘုရားမာစေတီသည်
သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ဘက် ပြည်-ပေါက်ခေါင်း ကားလမ်းဘေး ကုန်းရိုးတွင်းပြည့်
ကျေးရွာအနီးတွင် တည်ရှိသည်။ ဉာဏ်တော် ၁၃၈ ပေရှိပြီး ဒွတ္တဘောင်မင်းတည်ထားသည်ဟုလည်း
ဆိုရိုးစကားရှိပါသည်။ ဘုရားမာစေတီကိုလည်း အေဒီ လေးရာစု နှင့် ခုနှစ်ရာစု တွင် တည်ထားခဲ့သည်ဟု
ပညာရှင်များက သုံးသပ်ကြပါသည်။
ပျူခေတ်တွင် တြိဂံပုံ စေတီများအပြင် ဂူဘုရားများကိုလည်းတွေ့ရှိရပါသည်။
လက်ရှိအချိန်ထိ တူးဖော်တွေ့ရှိရသော ဂူဘုရား ၆ ဆူကို ဖော်ပြလိုက်ရပါသည်။
ဘဲဘဲဂူဘုရား
ဘဲဘဲဂူဘုရားသည် သရေခေတ္တရာ မြို့ဟောင်း၏တောင်ဘက်၊ ဘောဘောကြီးစေတီ၏ အရှေ့ဘက် တွင် တည်ရှိပါသည်။ ဂူဘုရားလိုဏ် အတွင်း၌ ဘူမိဖဿ မုဒြာဟု ခေါ်သည့် လက်တော် မြေထိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူနှင့် သာ၀က နှစ်ပါးက ဘုရားရှင်ကို ရှိခိုးနေဟန် ထုလုပ်ထားသော သဲကျောက်ရုပ်ကြွ တစ်ချပ်ရှိပါသည်။ တည်ဆောက်သည့်ခုနှစ်နှင့် အလှူရှင်ကို မသိရှိရသော်လည်း ပညာရှင်များက ဗိသုကာ လက်ရာများသည် အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း လက်ရာဟု ယူဆကြပြီး ကျောက်ချပ်သည် ပျူခေတ်နှောင်း အေဒီ ခုနှစ်ရာစု လက်ရာဟု ခန့်မှန်းကြပါသည်။

လေးမျက်နှာဂူဘုရား
လေးမျက်နှာ ဂူဘုရားသည် ဘဲဘဲဂူ ဘုရားအနီးတွင်ပင်တည်ရှိပါသည်။ သရေခေတ္တရာတွင် မုခ်လေးခုပါသည့် တစ်ခုတည်းသော ဂူဘုရားဖြစ်ပါသည်။ အဆောက်အဦ ၏ အလယ်တည့်တည့် မဏ္ဍိုင်၏ မျက်နှာလေးဘက်တွင် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွများ ကပ်ထားပါသည်။ ယခုအခါတွင် အရှေ့ဘက်တွင် မမြင်ရတော့ပဲ ကျန်လေးဘက်တွင် မြင်တွေ့နိုင်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက် ခဲ့သည်ဟု ခန့်မှန်းထားပါသည်။
ရဟန္တာ ဂူဘုရား
ရဟန္တာ ဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်၊ ရဟန္တာမြို့ ဝင်ပေါက်၀ အနီးတွင်တည်ရှိပါသည်။ မုခ်ပေါက် သုံးပေါက်ပါရှိပါသည်။ ဂူအတွင်းပိုင်း အနောက်ဘက်နံရံတွင် သဲကျောက်များဖြင့် တန်းစီထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်ရုပ်ကြွ ခုနှစ်ဆူကို မြင်တွေ့နိုင်ပါသည်။ ဆင်းတုများကြားတွင် တစ်ဆူလွတ်နေသဖြင့် ယခင်က ရှစ်ဆူရှိခဲ့ကြောင်းသိရှိနိုင်ပါသည်။ ဂူဘုရားအနီးတွင် ရဟန္တာရေကန်ရှိပြီး ဘောဘောကြီးဘုရားကို လှမ်းမြင်နိုင်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက် ခဲ့သည်ဟု ခန့်မှန်းထားပါသည်။

လေးမျက်နှာဂူဘုရား |
မဏ္ဍိုင်၏ မျက်နှာလေးဘက်တွင် ဗုဒ္ဓရုပ်ပွားတော် ရုပ်ကြွမျာ |
ရဟန္တာ ဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်၊ ရဟန္တာမြို့ ဝင်ပေါက်၀ အနီးတွင်တည်ရှိပါသည်။ မုခ်ပေါက် သုံးပေါက်ပါရှိပါသည်။ ဂူအတွင်းပိုင်း အနောက်ဘက်နံရံတွင် သဲကျောက်များဖြင့် တန်းစီထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်ရုပ်ကြွ ခုနှစ်ဆူကို မြင်တွေ့နိုင်ပါသည်။ ဆင်းတုများကြားတွင် တစ်ဆူလွတ်နေသဖြင့် ယခင်က ရှစ်ဆူရှိခဲ့ကြောင်းသိရှိနိုင်ပါသည်။ ဂူဘုရားအနီးတွင် ရဟန္တာရေကန်ရှိပြီး ဘောဘောကြီးဘုရားကို လှမ်းမြင်နိုင်ပါသည်။ အေဒီ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက် ခဲ့သည်ဟု ခန့်မှန်းထားပါသည်။
ရဟန္တာ ဂူဘုရား အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ရုပ်ကြွ ခုနှစ်ဆူ |
ရဟန္တာ ရေကန် |
ဘုရားထောင်ဂူဘုရား သည် သရေခေတ္တရာပြတိုက်နှင့် နန်းတော်ရာ အနီးတွင် တည်ရှိပြီး အေဒီလေးရာစုမှ အေဒီ ကိုးရာစုအတွင်း တည်ထားခဲ့သော စေတီတစ်ဆူဖြစ်ပါသည်။ စေတီအတွင်း လိုဏ်ပတ်လမ်းခံ ထားသည့် ဘုရားထောင်၏ ပစ္စယံပေါ်၌ အရံစေတီများ ယခင်က ရှိခဲ့သော်လည်း ယခုအခါတွင် မြောက်ဘက်ပစ္စယံ၌သာ အရံစေတီ သုံးဆူကိုမြင်ကြရသည်။ ပါးစပ်ရာဇဝင်များအရ ဘုရားထောင်စေတီကို ဗိုလ်ခြေတစ်ထောင် တည်ခဲ့ သည်ဟု ဆိုကြသော်လည်း ဘုရားထောင်စေတီ၏ အလှူရှင်နှင့် တည်ဆောက်ခဲ့သည့် ခုနှစ်သက္ကရာဇ်ကို တိကျစွာ မသိရှိနိုင်သေးပါချေ။
ဘုရားထောင်ဂူဘုရား |
သရေခေတ္တရာမြို့ဟောင်းအတွင်း တောင်လုံးညိုကျေးရွာတွင် တည်ရှိ ပါသည်။ အရှေ့ဘက်သို့ ဆင်ဝင်ထုတ်ထားသည့် စတုရန်းပုံ ဂူဘုရားတစ်ဆူ ဖြစ်သည်။ ဂူဘုရား၏ ထိပ်ပိုင်းသည် ပျက်စီးနေပြီဖြစ် သဖြင့် မူလပုံစံကို မခန့်မှန်းနိုင်တော့ပါချေ။ အရှေ့ဈေး ဂူဘုရား အတွင်းမှ ဗုဒ္ဓဆင်းတုတော်ပါသည့် ကျောက်ရုပ်ကြွတစ်ခု တွေ့ရှိခဲ့ပြီး ယခုအခါတွင် သရေခေတ္တရာ ပြတိုက်တွင် ပြသထားသည်။ အရှေ့ဈေးဂူသည် သရေခေတ္တရာ ရှိ ဂူဘုရားများအနက် ပုဂံဂူဘုရားများ၏ ဗိသုကာပုံစံနှင့် အနီးစပ်ဆုံး တူညီပါသည်။ ဂူဘုရားနံရံတွင် အင်္ဂတေဇာကွက် ပြူတင်းပေါက်များ၊ ဝင်ပေါက်မုခ်ကပ်များ၊ သပ်စီပေါင်းကူး အုတ်စီစနစ်များကို တွေ့ရှိရသည်။
အနောက်စျေးဂူဘုရား
အနောက်ဈေးဂူဘုရားသည် အရှေ့ဈေးဂူဘုရား၏ အနောက်တောင်ထောင့်တွင် တည်ရှိသည်။ အရှေ့ဘက်သို့ မျက်နှာမူထားသော အနောက် ဈေးဂူဘုရား၏ လိုဏ်အတွင်း ဂန္ဓကုဋိခေါ် အတွင်းတိုက်ခန်းပတ်လည်၌ စင်္ကြံလမ်း ရှိပါသည်။ အဆောက်အုံသည် လေးထောင့်စပ်စပ် စတုရန်းပုံ ရှိသော်လည်း အဆောက် အအုံ၏ တောင်ဘက် အတွင်းနံရံနှင့် အပြင်နံရံမှ လက်တံနှစ်ခုကို အရှေ့ အနောက်တန်းလျက် ထုတ်ထား ပါသည်။ အတွင်း စင်္ကြံလမ်းနှစ်ခုရှိရာ အရှေ့ အနောက် စင်္ကြံသည် ၄၁ ပေရှိ၍ တောင်မြောက်စင်္ကြံသည် ပေ ၅၀ ရှိသည်။ ပတ်လမ်းနံရံတွင် လိုဏ်ငယ်များ ပြုလုပ်ထားသည်။ဖော်ပြခဲ့သော အဆောက် အအုံခြောက်ခုသည် သရေခေတ္တရာတွင် ထင်ရှားသော ဂူဘုရားများ ဖြစ်ကြပါသည်။ သရေခေတ္တရာ မြို့ဟောင်းနှင့် အနီးဝန်းကျင်၌ အခြားဂူဘုရားများ ရှိနိုင်ခဲ့သေးသော်လည်း လက်ရှိ အချိန်တွင် ခြောက်ဆူသာ ထင်ထင်ရှားရှား ကျန်ရှိနေပေသည်။
ပျူစာပါ ကျောက်အရိုးအိုးများ
ရှေးဟောင်းသုတေသန၏ တူးဖော်မှုများတွင် စာများရေးထိုးထားသည့်ကျောက်အိုးများကို သရေခေတ္တရာ တစ်နေရာတည်းတွင်သာ တွေ့ရှိရပါသည်။ ကွယ်လွန်သူ ရုပ်ကလာပ်ကို မီးသဂြိုလ် ၍ အရိုးပြာ ကို အိုးအတွင်း ထည့်သွင်း မြှုပ်နှံရန် အသုံးပြုခြင်း ဖြစ်ပါသည်။ ပျူစာများရေးထိုးထားသော ကျောက်အိုးငါးလုံးကို သရေခေတ္တရာ မြို့ဟောင်းမှ တူးဖော်ရရှိခဲ့ပြီး သီရိခေတ္တရာ ပြတိုက်တွင် ၃ လုံး ၊ ရန်ကုန် နှင့် နေပြည်တော် အမျိုးသား ပြတိုက်တွင် ၁ လုံးစီ ပြသထားပါသည်။
သရေခေတ္တရာ ဘုရားကြီး တောင်ဘက် ကိုက် ၂၀၀ အကွာမှ ရရှိခဲ့ပါသည်။ ကျောက်အရိုးအိုး ပေါ်တွင် ပျူစာတစ်ကြောင်းရေးထိုးထားရာ ပညာရှင်များက သကရာဇ် ၅၀ နှစ်၊ ၅ လ၊ သူရိယဝိကြမ၊ အသက် ၆၄ နှစ်တွင်ကွယ်လွန်သည်ဟု အဓိပာယ်ပြန်ဆိုကြပါသည်။ သကရာဇ် ဖလှယ်ပြီး ခရစ်နှစ် ၆၈၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်ဟု ခန့်မှန်းကြပါသည်။
သူရိယဝိကြမင်း နှင့် ဆွေတော်မျိုးတော် ကျောက်အရိုးအိုးများ |
ဘုရားကြီး တောင်ဘက် မှပင်ရရှိပါသည်။ ကျောက်အရိုးအိုးပေါ်တွင် သကရာဇ် ၅၇ နှစ်၊ ၂ လ၊ ၂၄ ရက် ၊ ဟရိဝိကြမ ၊ အသက် ၄၁ နှစ် ၊ ၇ လ ၊ ၉ ရက်တွင်ကွယ်လွန်သည်ဟု အဓိပာယ်ပြန်ဆိုကြပါသည်။ သကရာဇ် ဖလှယ်ပြီး ခရစ်နှစ် ၆၉၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည်ဟု ခန့်မှန်းကြပါသည်။
ဘုရားကြီး တောင်ဘက် မှပင်ရရှိပြီး အမျိုးသားပြတိုက်(နေပြည်တော်) တွင်ပြသထားပါသည်။ ကျောက်အရိုးအိုးပေါ်တွင် သကရာဇ် ၄၄ နှစ်၊ ၉ လ၊ ၂၀ ရက် ၊သဟဝိကြမ ၊ အသက် ၈၀ နှစ် တွင်ကွယ်လွန်သည်ဟု အဓိပာယ်ပြန်ဆိုကြပါသည်။ သကရာဇ် ဖလှယ်ပြီး ခရစ်နှစ် ၇၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်ဟု ခန့်မှန်းကြပါသည်။
သူရိယဝိကြမင်း ဆွေတော် မျိုးတော် အရိုးအိုး
ဘုရားကြီး တောင်ဘက် မှပင်ရရှိပါသည်။ ကျောက်အရိုးအိုးပေါ်ရှိစာသားမှာ အနည်းငယ်မှိန် နေပါသည်။ သကရာဇ် ၃၀ နှစ်၊ သူရိယဝိကြမင်း ဆွေမျိုးတော်များ ကွယ်လွန်သည်ဟု အဓိပာယ် ပြန်ဆို ကြပါသည်။ သကရာဇ် ဖလှယ်ပြီး ခရစ်နှစ် ၆၆၈ ခုနှစ် ဟုခန့်မှန်းကြပါသည်။ ဤကျောက်အရိုးအိုး ၏ အောက်ပိုင်းတွင် စာကြောင်း ၁၁ ကြောင်းပါရှိသော်လည်း အလွန်မှောင်မှိန်နေသဖြင့် ဖတ်ရှု ပြန်ဆိုမှု အပြုလုပ်နိုင်ခဲ့ပါ။
ဘုရားထောင်အရိုးအိုး
၁၉၉၃ ခုနှစ်တွင် ဘုရားထောင်ဂူဘုရားအနီး နောက်အကျဆုံး တွေ့ရှိခဲ့သော အိုးဖြစ်ပြီး အိုးအတွင်း အိုးခြမ်းပဲ့များ ၊ ဆင်းတုတော်များတွေ့ရှိရသဖြင့် အလှူမှတ်တမ်းဟု ယူဆချက်များလည်းရှိပါသည်။ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင်ပြသထားပါသည်။ အိုးပေါ်တွင် စာကြောင်းငါးကြောင်းရေးထိုးထားပြီး ပညာရှင်များက မင်းအမည်များ နှင့် ယှဉ်တွဲ ၍ သကရာဇ်မျာကို ဖတ်ရှုနိုင်ခဲ့သည်။ ဤကျောက်အိုး ပေါ်ရှိစာကြောင်း ၅ ကြောင်းကို ဖတ်ရှု ၍ သရေခေတ္တရာခေတ် ပျူမင်းဆက်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
ယနေ့အချိန်ထိ သရေခေတ္တရာ တစ်နေရာတည်းတွင်သာ တွေ့ရှိခဲ့ရသည့် ကျောက်ထွင်းအိုးများ သည် ရှေးမြန်မာ ပျူလူမျိုးများ၏ သဂြိုလ်မြှုပ်နှံမှု ဓလေ့နှင့်အတူ ပျူအကရာ အချို့နှင့် မင်းဆက်အချို့ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။
မီးရှို့သင်္ဂြိုလ်၍ အရိုးအိုးများဖြင့် မြုပ်နှံသည့် ဓလေ့
ကွယ်လွန်ကြသောအခါ ရုပ်လာပ်ကို မီးရှို့သင်္ဂြိုလ်ကာ အရိုးပြာ နှင့် ကွယ်လွန်သူ အသုံးအဆောင် များကို အရိုးအိုး အတွင်းသို့ ထည့်သွင်းမြုပ်နှံကြခြင်းသည် ပျူလူမျိုးများ၏ထင်ရှားသော ဓလေ့ ထုံးတမ်း စဉ်လာ ဖြစ်ပါသည်။ ထိုဓလေ့ကို ပျူမြို့ဟောင်း များတွင် တွေ့ရှိရသော်လည်း ကျောက်အရိုးအိုးကိုမူ သရေခေတ္တရာ တစ်ခုတည်းတွင်သာ တွေ့ရှိရပါသည်။ ပညာရှင်များက သာမာန်ပြည်သူများသည် မြေအိုး များကို အသုံးပြုကြပြီး ကျောက်အရိုးအိုး များကို မင်းစိုးရာဇာများ ကွယ်လွန်ချိန်တွင် သုံးစွဲခဲ့ကြ သည်ဟု ယူဆကြပါသည်။
ပျူဒင်္ဂါးများ

ပျူလူမျိုးတို့၏ ထင်ရှားသော ဓလေ့ထုံးတမ်းဆိုင်ရာ အရိုးအိုးမြုပ်နှံသည့် အဆောက်အဦ |
ပျူလူမျိုးတို့၏ ထင်ရှားသော ဓလေ့ထုံးတမ်းဆိုင်ရာ အရိုးအိုးမြုပ်နှံသည့် အဆောက်အဦ |
ပျူဒင်္ဂါးများ
ပျူဒင်္ဂါးများသည် မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရသော ဒင်္ဂါးများဖြစ်သည်။ ပျူဒင်္ဂါးများကို ပျူမြို့ဟောင်းများအပြင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် များတွင်လည်း တွေ့ရှိရပါသည်။ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင်လည်း ပျူခေတ်လက်ရာ ရွှေဒင်္ဂါး ၃၆ ပြားကိုလည်းကောင်း အဖျောက်ကျေးရွာမှ ငွေဒင်္ဂါး၂၉၉ ပြားကိုလည်းကောင်း ရရှိခဲ့ပါသည်။ သရေခေတ္တရာ ပျူဒင်္ဂါးများတွင် ယေဘုယျအားဖြင့် လေးမျိုးခွဲခြားနိုင်ပါသည်။
ပျူခေတ်နောက်ပိုင်း ပုဂံတွင် ဒင်္ဂါးများပြုလုပ်ခဲ့သည့် အထောက်အထားများကို မတွေ့ရှိရဘဲ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ဒင်္ဂါများပြန်လည်အသုံးပြုခဲ့သည်ကို တွေ့ရှိရပါသည်။
သရေခေတ္တရာ ပျူဒင်္ဂါးများသည် ပျူယဉ်ကျေးမှုသမိုင်းဆိုင်ရာ ခိုင်မာသော အထောက် အထားများဖြစ်ကြရာ ဒင်္ဂါးများနှင့်ဆက်စပ်နေသည့် နောက်ခံ သမိုင်းအပြည့်အစုံကို လေ့လာရာတွင် များစွာ အထောက်အကူ ဖြစ်လျှက်ရှိပါသည်။
သရေခေတ္တရာ အုတ်ခွက်ဘုရားများပျူခေတ်နောက်ပိုင်း ပုဂံတွင် ဒင်္ဂါးများပြုလုပ်ခဲ့သည့် အထောက်အထားများကို မတွေ့ရှိရဘဲ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ဒင်္ဂါများပြန်လည်အသုံးပြုခဲ့သည်ကို တွေ့ရှိရပါသည်။
သရေခေတ္တရာ ပျူဒင်္ဂါးများသည် ပျူယဉ်ကျေးမှုသမိုင်းဆိုင်ရာ ခိုင်မာသော အထောက် အထားများဖြစ်ကြရာ ဒင်္ဂါးများနှင့်ဆက်စပ်နေသည့် နောက်ခံ သမိုင်းအပြည့်အစုံကို လေ့လာရာတွင် များစွာ အထောက်အကူ ဖြစ်လျှက်ရှိပါသည်။
အုတ်ခွက်ဘုရားများသည် မြေ သို့မဟုတ် ရွှံ့ကို ပုံစံသွင်း၍ မီးဖုတ်ထားသော ဆင်းတုတော်များ ဖြစ်ကာ မြေပုံဘုရားဟုလည်း ခေါ်ဆိုကြသည်။ အုတ်ခွက်ဘုရား များကို သုတေသနတူးဖော်မှုများပြုလုပ်စဉ်၊ ဘုရားစေတီ ဟောင်းများကို ပြုပြင်စဉ်၊ လိုဏ်များတူးဖော်စဉ် တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ အစောဆုံး အုတ်ခွက်ဘုရားများကို သရေခေတ္တရာမြို့ဟောင်းမှ အများဆုံးရရှိခဲ့သည်။
သရေခေတ္တရာမှ ရရှိခဲ့သည့် အုတ်ခွက်များကို ထေရဝါဒဆိုင်ရာ အုတ်ခွက်များ၊ မဟာယနဆိုင်ရာ အုတ်ခွက်များ၊ ထေရဝါဒနှင့် မဟာယနကို ရောစပ်ထားသည့် အုတ်ခွက်များဟု ပိုင်းခြားနိုင်သည်။
ထို့ကြောင့် သရေခေတ္တရာမှ တွေ့ရှိခဲ့သည့် မြေမီးဖုတ် အုတ်ခွက်ဘုရားများသည် သရေခေတ္တရာတွင် နေထိုင်ခဲ့သည့် ပျူလူမျိုး များ၏ ယုံကြည်ကိုးကွယ်မှုများကို ဖော်ညွှန်းနေပါသည်။

ဗုဒ္ဓ စာပေကောက်နုတ်ချက်များ ရေးထိုးထားသည့် ပျူခေတ်ရွှေပေလွှာများဖြစ်ပါသည်။ သရေခေတ္တရာ မှ ရရှိသော ခင်ဘကုန်းရွှေပေလွှာ အချပ် ၂ဝ၊ မောင်ကန်ရွှေပေလွှာ နှစ်ချပ်နှင့် မောင်ကျော်ငြိမ်းရွှေ ပေလွှာများသည် ပုဂံခေတ်မတိုင်မီကပင် သရေခေတ္တရာတွင် ထေရဝါဒဗုဒ္ဓဘာသာ အခြေ တည်နေခဲ့ခြင်းကို သက်သေပြလျက် ရှိနေပါသည် ။ ပုဂံ ခေတ် အနော်ရထာမင်းကြီးလက်ထက်တွင် ဘုရားရှင်၏ ပိဋကတ်သုံးပုံကို သထုံမှ ပုဂံသို့ ပင့်ဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာ ပြန့်ပွားလာ ခဲ့ကြောင်းရေးသားပြောဆိုမှုများကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပေသည်။
ထိုပြင် ခင်ဘကုန်းရွှေပေလွှာများကို ပညာရှင်များက အေဒီ ၅ ရာစု အစောပိုင်း လက်ရာများ ဖြစ်သည်ဟု လက်ခံသဘောတူခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင် အစောဆုံး ပါဠိစာပေ အထောက်အထားများ ဖြစ်လာခဲ့ပါသည်။
ထိုပြင် ခင်ဘကုန်းရွှေပေလွှာများကို ပညာရှင်များက အေဒီ ၅ ရာစု အစောပိုင်း လက်ရာများ ဖြစ်သည်ဟု လက်ခံသဘောတူခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင် အစောဆုံး ပါဠိစာပေ အထောက်အထားများ ဖြစ်လာခဲ့ပါသည်။
သရေခေတ္တရာ ပျူမြို့ဟောင်းအနီး ခင်ဘကုန်းပိုင် လယ်ကွင်းအတွင်းရှိ ကုန်းမှ တူးဖော်ရရှိသဖြင့် ခင်ဘကုန်းရွှေပေလွှာဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ခင်ဘကုန်းရွှေပေလွှာ အချပ် ၂ဝ သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓပိဋကတ်တော် ကောက်နုတ်ချက်များကို ရှေးအကျဆုံးရေးသားထားသည့် ရွှေသားစစ်စစ် ကမ္ပည်းစာများ ဖြစ်သည်။ ခင်ဘကုန်းရွှေပေလွှာ တစ်ချပ်စီသည် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၁ ဒသမ ၂၅ လက်မရှိကာ အပေါ်အောက်ညှပ်ထားသည့် ရွှေပေချပ်နှစ်ခုအပါ အဝင် ရွှေပေလွှာ ၂၂ ချပ်၏ အလေးချိန်သည် ၂၃ ကျပ်၊ ၁၄ ပဲနှင့် ၂ ရွေးရှိသည်။ ယင်းရွှေပေလွှာများအနက် အချပ်(၁) မှ (၁၈) အထိ ရွှေပေလွှာများ ပေါ်တွင် စာကြောင်းရေသုံးကြောင်းစီ ရေးသားထားပြီး အချပ်(၁၉)တွင် စာကြောင်းလေးကြောင်း၊ အချပ်(၂ဝ)တွင် စာကြောင်းနှစ်ကြောင်း ပါရှိကာ ရွှေပေအချပ်၂ဝ တွင် စာကြောင်းရေ စုစုပေါင်း ၆ဝ ရေးသားထားသည်။
ခရစ်နှစ် ၁၈၉၇ ခုနှစ်တွင် သရေခေတ္တရာ မြို့ဟောင်း လယ်ပေါ်ရွာအနီးရှိ မောင်ကန် ကုန်းမှရှေးဟောင်း စာလုံးများဖြင့် ရေးသားထားသည့် ရွှေပေလွှာနှစ်ချပ်ကို မြန်မာနိုင်ငံ၏ ပထမဆုံးကျောက်စာဝန် ဒေါက်တာ အီးအမ်ဖော်ချားမားက တွေ့ရှိခဲ့သည်။မောင်ကန်ရွှေပေလွှာနှစ်ချပ်တွင် စာကြောင်းသုံးကြောင်းစီ ပါဝင်ကာ နှစ်ချပ်လုံးကို ‘'ယေဓမ္မာ ဟေတုပ္ပဘဝါ' ဖြင့်သာ အစချီထားခြင်းကြောင့် ပျူလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာ အပေါ် များစွာကြည်ညိုသက်ဝင်မှု ရှိခဲ့ကြောင်းလည်း သုံးသပ်နိုင်ပေသည်။
မောင်ကျော်ငြိမ်းရွှေပေလွှာ ၁ ချပ်
အထက်ပါ ရွှေပေလွှာများအပြင် မောင်ကျော်ငြိမ်း ဆိုသူက ရွှေပေလွှာတစ်ချပ်ကို ၁၉၂၈ ခုနှစ်တွင် သရေခေတ္တရာမှပင် ထပ်မံရရှိခဲ့သည်။
ယင်းရွှေပေလွှာများသည် ရှေးဟောင်းသုတေသန၊ သမိုင်း၊ မြန်မာစာ၊ အရှေ့တိုင်းပညာ အစရှိသည့် ပညာရပ်နယ်ပယ်အသီး သီးတွင် များစွာ အကိုးအကားပြုကြရသည့် တန်ဖိုးကြီးမားသော ပျူခေတ် အထောက်အထားများ ဖြစ်ကြပေသည်။ ၎င်း ရွှေပေလွှာများအား အမျိုးသားပြတိုက် (ရန်ကုန်) တွင်ပြသထား ပါသည်။

ပျူ ကချေသည် ရုပ်ငါးရုပ်
၁၉၆၇ ခုနှစ်တွင် ဘရားမားဘုရား အနီးမှရရှိခဲ့ပြီး ပျောက်ဆုံးသွားခဲ့ကာ ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု သူဌေးတစ်ဦးမှ ပြန်လည်ပေးအပ်ခဲ့သော ပျူ ကချေသည် ကြေးရုပ်များဖြစ်ပါသည်။ ထိုကြေးရုပ်များသည် အတီး၊ အမှုတ်၊ အက နှင့် လူပြက် တို့ကို ကိုယ်စားပြု ဖော်ပြထားခြင်းဖြစ်ပြီး ပျူခေတ်၏ အနုပညာ အဆင့်အတန်းမြင့်မားကြောင်းပြသလျှက်ရှိပါသည်။ ထို ရုပ်ထု ပုံစံတူများကို အမျိုးသားပြတိုက် (ရန်ကုန်) နှင့် သရေခေတ္တရာ ပြတိုက်များတွင် ပြသထားပါသည်။
သရေခေတ္တရာ မြို့ဝင်ဂိတ်များ
သရေခေတ္တရာ မြို့ကြီး၌ မြို့ရိုးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး အချို့ နေရာများတွင် နှစ်ထပ် ၊သုံးထပ်ကာရံထားပြီး တံခါးကြီး (၃၂) ခု၊တံခါးငယ် (၃၃)ခုရှိသည်။ ယခုတူးဖော်၍ တံခါးပေါက်ဟု ခိုင်ခိုင်မာမာ ပြသနိုင်သော တံခါးပေါက်များမှာ ၊ နတ်ပေါက်၊ နဂါးတွန့်ပေါက်၊ ရွှေတံခါးပေါက်၊ မုတ်ရှည်ပေါက်၊ ရန္တာပေါက်၊ ဘီလူးမပေါက်၊ သာယာဝတီပေါက်၊ မုဋ္ဌောပေါက်၊ တွင်းပြဲပေါက် တို့ဖြစ်ပါသည်။
နဂါးတွန့်ပေါက် |
မြို့ရိုးနှင့် အရံအတား |
အရှေ့တောင်ဘက်မြို့ဝင်ပေါက် |
နန်းမြို့ရိုး အနောက်တောင် ထောင့်ရှိ သံပနက်များ |
ဘယ်လိုသွား ၊ဘယ်မှာတည်း၍ ဘယ်မှာစားပြီး ဘယ်လိုလေ့လာကြမလဲ
သရေခေတ္တရာပျူမြို့ဟောင်းသည် ပြည်မြို့၏အရှေ့တောင်ဘက် ပြည်-ပေါက်ခေါင်း ကားလမ်း ဘေးတွင် တည်ရှိပါသည်။ ထို့ကြောင့် ပြည်မြို့သို့ မော်တော်ကား၊ မီးရထား၊ ရေလမ်း ခရီးဖြင့် သင့်သလို သွားနိုင်ပါသည်။
ပြည်မှာ တည်းခိုခန်း ၊ ဟိုတည် စျေးနှုန်းများ သက်သာပါသည်။ ကျွန်တော်ကတော့ Trip Advisor ဖတ်၊ Google Map ကြည့်ပြီး မြို့တွင်း ဧရာ၀တီမြစ်ကူးတံတား အနီးက နောင်ရိုးဟိုတယ်ကို ပဲ ရွေးချယ် လိုက်ပါ တယ်။ မိသားစု လူကြီး ၂ ဦး ကလေး ၂ ဦး အခန်းကို နံနက်စာအပါ တစ်ည ၂၅၀၀၀ ပါ။ အခန်းကျယ်၊ ရေချိုး ခန်းကျယ်၊သန့်ရှင်း ပြီး ဝန်ဆောင်မှုလည်း ကောင်းပါသည်။
ညစာကို ဟိုတယ်နားက Valley Restaurent မှာ စားဖြစ်ပါသည်။ အစားအသောက်ကောင်းပြီး စျေးလည်း ချိုပါသည်။ ဆိုင်အပြင်အဆင်ကောင်းပြီး ကျယ်ဝန်းသော မျက်ခင်းပြင်မှာ စားလို့ရပါသည်။
သရေခေတ္တရာ ပျူမြို့ဟောင်းကို လည်ပတ် ရှင်းပြပေးဖို့ အတွက် ပြတိုက်က ညွှန်ပေးတဲ့ ဝန်ထမ်း တစ်ယောက်ကို အကူအညီတောင်း ခေါ်လိုက်ပါသည်။ ဒါမှလည်း နှံနှံစပ်စပ်လေ့လာလို့ ရမှာမလို့ပါ။
သရေခေတ္တရာမြို့တော်ကိုကြည့်၍ ပျူလူမျိုးတို့ တစ်ခန်းတနား နေထိုင်ခဲ့ကြသည်မှာ အထင် အရှားပင် ဖြစ်ပါသည်။ သရေခေတ္တရာ သည် ပျူမြို့ပြ နိုင်ငံများတွင် နောက်ဆုံးမြို့တော်ဖြစ်လေသည်။ ထို့ကြောင့် ပျူတို့၏ အဆုံးသတ် မြို့ဟောင်းလည်းပြောဆိုနိုင်ပေသည်။ ထို့ကြောင့် ပျူတို့ဘယ်ရောက် သွားသလဲ ဆိုသည့်မေးခွန်း မှာ ယနေ့တိုင် ပဟေဌိအဖြစ်ရှိနေပါ သည်။သရေခေတ္တရာပျူမြို့ဟောင်းသည် ပြည်မြို့၏အရှေ့တောင်ဘက် ပြည်-ပေါက်ခေါင်း ကားလမ်း ဘေးတွင် တည်ရှိပါသည်။ ထို့ကြောင့် ပြည်မြို့သို့ မော်တော်ကား၊ မီးရထား၊ ရေလမ်း ခရီးဖြင့် သင့်သလို သွားနိုင်ပါသည်။
ပြည်မှာ တည်းခိုခန်း ၊ ဟိုတည် စျေးနှုန်းများ သက်သာပါသည်။ ကျွန်တော်ကတော့ Trip Advisor ဖတ်၊ Google Map ကြည့်ပြီး မြို့တွင်း ဧရာ၀တီမြစ်ကူးတံတား အနီးက နောင်ရိုးဟိုတယ်ကို ပဲ ရွေးချယ် လိုက်ပါ တယ်။ မိသားစု လူကြီး ၂ ဦး ကလေး ၂ ဦး အခန်းကို နံနက်စာအပါ တစ်ည ၂၅၀၀၀ ပါ။ အခန်းကျယ်၊ ရေချိုး ခန်းကျယ်၊သန့်ရှင်း ပြီး ဝန်ဆောင်မှုလည်း ကောင်းပါသည်။
ညစာကို ဟိုတယ်နားက Valley Restaurent မှာ စားဖြစ်ပါသည်။ အစားအသောက်ကောင်းပြီး စျေးလည်း ချိုပါသည်။ ဆိုင်အပြင်အဆင်ကောင်းပြီး ကျယ်ဝန်းသော မျက်ခင်းပြင်မှာ စားလို့ရပါသည်။
သရေခေတ္တရာ ပျူမြို့ဟောင်းကို လည်ပတ် ရှင်းပြပေးဖို့ အတွက် ပြတိုက်က ညွှန်ပေးတဲ့ ဝန်ထမ်း တစ်ယောက်ကို အကူအညီတောင်း ခေါ်လိုက်ပါသည်။ ဒါမှလည်း နှံနှံစပ်စပ်လေ့လာလို့ ရမှာမလို့ပါ။
သရေခေတ္တရာ မြို့တော်ကို တရုတ်တို့ တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟုလည်းကောင်း၊ ပုဂံမင်း နေပြည်တော် တည်ထောင်စဉ် ပုဂံလက်အောက်ကျရောက် ပျောက်ကွယ် ခဲ့ရသည်ဟုလည်းကောင်း၊ သဘာ၀ဘေး၊ ကပ်ရောဂါ အနရာယ် ကြောင့် ပျက်ဆီးခဲ့သည်ဟုလည်းကောင်း၊ မြို့တော်ကို စွန့်ခွာ၍ ညောင်ဦးအရပ်တွင် မြန်မာများနှင့် အတူ ပုဂံ မြို့တော်ကို တည်ထောင် ခဲ့သည်ဟု လည်းကောင်း သမိုင်း သုတေသီများက ပြောဆိုကြပါသည်။
မြန်မာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပျူ နှင့် မြန်မာ အတူတူပဲဟုလည်းကောင်း၊ သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်က ပျူစစ်လျင်မြန်မာ ဟု သုတေသန ကျမ်းများပြုစုခဲ့ကြပါသည်။ မည်သို့ဆိုစေ သရေခေတ္တရာ ပျူမြို့ဟောင်းနှင့် ပတ်သက်၍ပဟေဋ္ဌိ များစွာ ရှိနေသေးပြီး ပျူလူမျိုးတို့နှင့် ပတ်သက်၍ ဆက်လက်သုတေသန ပြုလုပ်နေရဦးမည်ဖြစ်လေသည်။
ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ)
New Autumn Travels & Tours (ဆောင်းဦးရာသီသစ်ခရီးသွားလုပ်ငန်း)
New Autumn Travels & Tours (ဆောင်းဦးရာသီသစ်ခရီးသွားလုပ်ငန်း)
အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://attractiveforexpeditionarytrips.blogspot.com/
https://www.newautumntours.com
https://www.papawadyresort.com/
မှီငြမ်းကိုးကား
သရေခေတ္တရာ မှသည် ပုဂံသို့ ( မောင်သာ - ရှေးဟောင်းသုတေသန)
မြန်မာရာဇဝင်မှတ်စုပေါင်းချုပ်(လှသမိန်)
ပျူတွေဘယ်ပျောက်သွားသလဲ ( ဒေါက်တာ သန်းထွန်း)
ပျူမြို့ဟောင်းများ ( ယဉ်ကျေးမှုဝန်ကြီးဌာန)
ရှေးဟောင်မြန်မာမြို့တော်များ ( ဦးစိန်မောင်ဦး)
အမျိုးသာပြတိုက်(ရန်ကုန်) Website
မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများ (၃.၅.၂၀၁၆ ၊ ၂၃.၄.၂၀၁၉ ၊၂၆.၅.၂၀၂၀ ၊ ၂၄.၁၀.၂၀၁၇ ၊ ၁၇.၃.၂၀၁၅)
https://commons.wikimedia.org/wiki/File:20160810_-_Sri_Ksetra_-_East_Zegu_Temple_-_9315.jpg
No comments:
Post a Comment