စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်
အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့
ငပလီ ဂွ လမ်းရှိ ကမ်းခြေတစ်ခု
ငပလီမှ ပြန်မယ့်နေ့မှာလည်း ကမ်းခြေမှာ ရေဆော့လိုက် ဓါတ်ဖမ်းလိုက် နှင့် နေ့လယ် ၁ နာရီထိုးလောက်မှ နေ့လယ်စာ စားဖို့ ထမင်းဆိုင်ရောက်ပါတယ်။ ထမင်းစားပြီး နေ့လယ် ၂ နာရီ ခွဲ လောက်မှ ငပလီက စထွက်ဖြစ်ပါသည်။
ငပလီကနေ ပုသိမ်ကို ဂွ-ငသိုင်းချောင်းလမ်းကနေသွားမှာ ဖြစ်ပြီး ၁၉၉ မိုင်ခန့် ဝေးပါတယ်။ ဂွမြို့ အထိ ကမ်းခြေအတိုင်းမောင်းရတာဖြစ်ပြီး လက်ယာဘက်မှာ ပင်လယ် ရှုခင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ( ၂) နာရီခန့်မောင်းပြီး ကျိန္တလီမြို့ ကို ကျော်ပါက ကြွေချိုင်ကမ်းခြေကို ရောက်ပါတယ်။ ငပလီ ကြွေချိုင်ကမ်းခြေ လမ်းနဲ့ ကမ်းခြေပုံတွေလည်း ပြထားပါတယ်။ တည်းခိုခန်းတွေကိုလည်း တွေ့ရပါတယ်။
|
ငပလီ - ကျိန္တလီမြို့ လမ်း |
|
ကျိန္တလီမြို့ |
|
ကျိန္တလီမြို့ - ကြွေချိုင်လမ်း |
|
ကြွေချိုင် တည်းခိုခန်း
ကြွေချိုင်ကျော်ပြီးပါက မော်ရွှေချိုင်ကိုရောက်ပါတယ်။ မော်ရွှေချိုင်မှာ Sea House (ရေနဂါး) စားသောက်ဆိုင်နှင့် တည်းခိုခန်း ကို လမ်းမတစ်ဘက်စီမှာ မျက်နှာချင်းဆိုင်ဖွင့်ထားပါတယ်။ |
|
မော်ရွှေချိုင် |
|
မော်ရွှေချိုင် |
|
မော်ရွှေချိုင်
မော်ရွှေချိုင်ကမ်းခြေကျော်ပြီးတာနဲ့ ကမ်းသာယာကမ်းခြေကိုရောက်ပါတယ်။ ကမ်းသာယာကမ်းခြေ ကတော့ ငပလီ - ဂွ လမ်းပေါ်က နာမည်ကြီးနေတဲ့ ကမ်းခြေပါ။ တကယ်လှတဲ့ ကမ်းခြေပါပဲ။ ကမ်းခြေရောက်တော့ ညနေ ၆ နာရီတောင်ဖြစ်နေပါပြီ၊ ဂွ - ရေနံသာ လမ်းအတိုင်း ရိုးမကို ညပိုင်းဖြတ်ရမှာ သိနေပေမယ့် ရတဲ့ အခွင့်အရေး လက်လွတ်မခံချင်တာနဲ့ မိသားစု မှတ်တမ်းတင် ဓါတ်ပုံရိုက်လိုက်ကြပါသေးတယ်။ ကမ်းခြေပတ်လမ်းက ကွန်ကရစ်လမ်းဖြစ်ပြီး လမ်းနဲ့ ကပ်လျက်မှာ လတ်ဖြိုးစံ စားသောက်ဆိုင်နဲ့ တည်းခိုခန်းရှိပါတယ်။ ခေတ္တ အနားယူနိုင်ပါသည်။ |
|
မော်ရွှေချိုင်
|
|
ကမ်းသားယာကမ်းခြေ |
|
ကမ်းသားယာကမ်းခြေ
|
|
ကမ်းသားယာကမ်းခြေ
|
|
ကမ်းသားယာကမ်းခြေ
|
|
ကမ်းသားယာကမ်းခြေ
|
|
ကမ်းသားယာကမ်းခြေ
|
ကမ်းသာယာကမ်းခြေကျော်တာနဲ့ လောင်ကျိုးကျေးရွာ နှင့် လောင်ကျိုးကမ်းခြေကို ရောက်ပါသည်။ လောင်ကျိုးကျေးရွာကို ကျော်ပြီးရင် ကုန်းတွင်းဘက်ကို ပြန်မောင်းရပြီး ၃၀ မိနစ်ခန့်ကြာပါက ဂွကမ်းခြေနဲ့ ဂွမြို့ကို ရောက်ပါသည်။ ဂွမြို့ကို ရောက်တော့ ရိုးမ မတက်ခင် ကားလည်း အနားပေး၊ တခြားကားအဖော်လည်း စောင့်ချင်တာနဲ့ လမ်းဘေးက လက်ဖက်ရည်ဆိုင်မှာ အဆာပြေ စားလိုက်ပါတယ်။ ဂွမြို့က စထွက်တော့ ၆ နာရီ ခွဲ နေပါပြီ။ ရိုးမကို ဖြတ်တော့ တော်တော်မှောင်နေပါပြီ။ ကားအသွားအလာတော်တော်ပြတ်ပါတယ်၊ ညဘက်ဖြစ်လို့ထင်ရပါတယ်။ ကားအဖော် သုံးစီးနဲ့ ဖြတ်ရတာမလို့ အဆင်ပြေပါတယ်။ ရေနံသာလမ်းဆုံရောက်တော့ ည ၉ နာရီလောက်ရှိပြီထင်ပါသည်။ စံပါယ်ဖြူ ထမင်းဆိုင်မှာပဲ ညစာအတွက် ခေါက်ဆွဲကျော်ဝယ်စားကြပါတယ်။ ညစာ စားပြီး ပုသိမ်ကို ဆက်ထွက်ပါတယ်။ ပုသိမ်-မုံရွာလမ်းဆုံရောက်တော့ အိပ်ငိုက်လွန်းလို့ လက်ဖက်ရည်ဆိုင်မှာ ခဏနားရပါသေးတယ်။ လမ်းတစ်ဝက်လောက်မှာ ဘိုကင်တင်ထားတဲ့ ထိုက်မြတ်စံ ဟိုတယ်က Check In ဝင်နောက်ကျနေလို့ ဖုန်း တောင်ဆက်ပါတယ်။ မဆက်ပဲလည်းဘယ်နေမလဲ ဟိုတယ်ရောက်တော့ ည ၁၂ နာရီကျော်နေပြီလေ။
|
လောင်ကျိုးကျေးရွာ နှင့် လောင်ကျိုးကမ်းခြေ |
|
ဂွ - ရေနံသာ ရိုးမဖြတ်လမ်း
ပုသိမ်မှာ တစ်ညအိပ် နားပြီး နောက်နေ့ ၉ နာရီလောက်မှ မော်တင်စွန်းကို ဆက်ထွက်ဖြစ်ပါတယ်။ မော်တင်စွန်း လမ်း review ကို သီးခြားရေးသားထားပြီး အောက်ပါ Link တွင်ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။
|
|
မော်တင်စွန်း ဖောင်တော်စိုက်စေတီ နှင့် မိသားစု အမှတ်တရ |
|
မြတ်မော်တင်စွန်း ဘုရားရောက် အမှတ်တရ
၂၀၁၉ ခုနှစ်က မိသားစု ခရီးစဉ် ပြီးပါပြီခင်ဗျာ။ ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။ အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ) အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ https://attractiveforexpeditionarytrips.blogspot.com/ https://www.newautumntours.com https://www.papawadyresort.com/
|
No comments:
Post a Comment