(Unicode)
စူးစမ်းလေ့လာ သွားချင်စရာ (၁)
လူသားများအတွက် ခရီးသွားလာခြင်း (Travels) သည် ရှေးကျောက်ခေတ် လူသားများ ကတည်းကပင် တစ်နေရာမှ တစ်နေရာသို့ သွားလာခဲ့ကြခြင်းဖြင့် စတင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ စားရေး နှင့် နေရေး တို့အတွက် ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာခြင်းမျိုးဖြင့် ခရီးသွား ခဲ့ကြပေသည်။ ထိုမှတဖန် ကူးသန်းရောင်း ဝယ်ရေး၊ နယ်မြေသစ် ရှာဖွေခြင်း နှင့်နယ်မြေချဲ့ထွင်ခြင်း အလို့ငှာ ဒေသတွင်းနှင့် ကမ္ဘာ့တိုက်ကြီးများ တစ်ခုမှ တစ်ခုသို့ ခရီးတို/ ခရီးရှည် ထွက်ခြင်းများ တိုးတက် လာခဲ့ပါသည်။ မြန်မာ့သမိုင်း တွင်လည်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ တဖုဿ နှင့် ဘလိက ကုန်သည် ညီနောင်နှစ်ဦး ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ မဇ္စျိမတိုင်းသို့ ကူးသန်းရောင်း ဝယ်ရန် သွားရောက် ရာမှ ဆံတော်ရှင်ရွှေတိဂုံစေ တီတော်မြတ် တည်ထား ကိုးကွယ်ခွင့် ရရှိခဲ့ကြောင်း ဘုရားသမိုင်း များအရ သိရှိ ရပေသည်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတို့ ပုဂံခေတ် ကာလအချိန် (၁၁) ရာစု ကပင် ရောက်ရှိ ခဲ့ကြောင်း မာကိုပိုလို၏ ခရီးသွား မှတ်တမ်းတွင် ပုဂံခေတ်ကြီး ကျယ်ခမ်းနား ပုံကိုဖော်ပြ ခဲ့ခြင်းကြောင့် သိရှိနိုင်ပေသည်။