စူးစမ်းလေ့လာ သွားချင်စရာ (၅)၊
ကျွန်တော်ရောက်ခဲ့သော တောင်ငူမြို့ (သို့) ကေတုမတီမြို့တော်
ကေတုမတီ - တောင်ငူမြို့ |
တောင်ငူမြို့ဆိုသည်မှာ
တောင်ငူမြို့သည် ပဲခူးတိုင်း၊ တောင်ငူခရိုင်၏ ခရိုင်မြို့တော် ဖြစ်ပြီး ရန်ကုန်- မန္တလေးလမ်းဟောင်း ပေါ်တွင် တည်ရှိပါသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်၏ အစဖြစ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၅၀၉ နှစ် ခန့်ရှိ သော ရှေးမြို့တော်ဟောင်း တစ်ခုဖြစ်ပါသည်။ တောင်ငူမြို့ကို မင်းကြီးညိုက စတင်တည်ထောင်ခဲ့ပြီး တောင်ငူမြို့ မှ ဗဟိုပြု၍ မင်းကြီးညို ၊ သားတော် တပင်ရွှေထီး နှင့် သားမက်တော် ဘုရင့်နောင် တို့က ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြပါသည်။ ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ပြီးနောက် မြို့တော်ကို ပဲခူး ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံခဲ့သဖြင့် ဘုရင်ခံအုပ်ချုပ်သော မြို့တော်အဖြစ် ရပ်တည်ခဲ့ပါသည်။