စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး
- မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ်
- မော်တင်စွန်း ခရီးစဉ်
အပိုင်း(၂)
Day 5 မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည်
ရွှေစက်တော်က အပြန်တော့ ပုသိမ်-မုံရွာလမ်း
မှ တဆင့် မင်းဘူးသို့ ပြန်ခဲ့ပါသည်။ ရွှေစက်တော် မှ ထွက် တာ နောက်ကျလို့ မင်းဘူးရောက်တော့
ထမင်းစားချိန်ရောက်နေပါပြီ။ နေ့လယ်စာကို မင်းဘူးက
ဂျွိုင်းထမင်းဆိုင် မှာစားဖြစ်ပါသည်။ ထမင်းဆိုင်က ကျယ်ဝန်းသန့်ရှင်းပြီး စျေးသင့်ပါသည်။
အရသာလည်းကောင်းပါသည်။ မင်းဘူး စျေး နှင့်လည်း နီးတာနှင့် ကြက်သွန်နီ သွားဝယ်လိုက်သေးတယ်။
မကွေးတိုင်းက ကြက်သွန်နီ ကနာမည်ကြီးပဲလေ။