Wednesday, June 14, 2023

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့

 စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်

အပိုင်း(၅) ဒွါရာ၀တီ မှ ပမ္မ၀တီ ဆီသို့

ငပလီ ဂွ လမ်းရှိ ကမ်းခြေတစ်ခု

          ငပလီမှ ပြန်မယ့်နေ့မှာလည်း ကမ်းခြေမှာ ရေဆော့လိုက် ဓါတ်ဖမ်းလိုက် နှင့် နေ့လယ် ၁ နာရီထိုးလောက်မှ နေ့လယ်စာ စားဖို့ ထမင်းဆိုင်ရောက်ပါတယ်။ ထမင်းစားပြီး နေ့လယ် ၂ နာရီ ခွဲ လောက်မှ ငပလီက စထွက်ဖြစ်ပါသည်။
          ငပလီကနေ ပုသိမ်ကို ဂွ-ငသိုင်းချောင်းလမ်းကနေသွားမှာ ဖြစ်ပြီး ၁၉၉ မိုင်ခန့် ဝေးပါတယ်။ ဂွမြို့ အထိ ကမ်းခြေအတိုင်းမောင်းရတာဖြစ်ပြီး လက်ယာဘက်မှာ ပင်လယ် ရှုခင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ( ၂) နာရီခန့်မောင်းပြီး ကျိန္တလီမြို့ ကို ကျော်ပါက ကြွေချိုင်ကမ်းခြေကို ရောက်ပါတယ်။ ငပလီ ကြွေချိုင်ကမ်းခြေ လမ်းနဲ့ ကမ်းခြေပုံတွေလည်း ပြထားပါတယ်။ တည်းခိုခန်းတွေကိုလည်း တွေ့ရပါတယ်။

Tuesday, June 13, 2023

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

 စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်

အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

          ရွှေဘုံသာ မုနိဘုရားက ထွက်တော့ မနက် ၁၀ နာရီထိုးခါနီးနေပါပြီ။ မိနစ် ၃၀ လောက်မောင်းပြီးတော့ ဥသျှစ်ပင် လမ်းခွဲကို ရောက်ပါတယ်။ ပုသိမ်-မုံရွာလမ်းမ ပေါ်က လမ်းခွဲပါ။ ရှေ့တည့်တည့်မှာတော့ ရခိုင်ရိုးမကို မြင်နေရပါပြီ။ ရခိုင်ရိုးမဖြတ်လမ်း (၃) ခုရှိပြီး ယခု ပြည်-တောင်ကုတ် လမ်းက အလယ်ဖြတ်လမ်းပါ။ မိုင် ၁၀၀ ခန့် သာရှိပြီး ဓါတ်ပုံရိုက်လိုက် ခဏနားလိုက်ဖြင့် မောင်းတာမလို့ ၄ နာရီလောက်မောင်းခဲ့ရပါသည်။ လမ်းပြင်နေတာတော့ တွေ့ပြီး အရမ်းကြီး မကောင်းသေးပါ။ လမ်းတစ်ဝက်လောက်မှာ တောင်ပုံကြီး စစ်ဆေးရေးစခန်းရှိပါသည်။ အမည် မှတ်ပုံတင်အမှတ် ပေးလိုက်ရုံပါပဲ။

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts